ဟယ္ရီကိန္းကိုေခၚယူဖို႔ရိြဳင္ကိန္းရဲ႕တိုက္တြန္းခ်က္ကိုဆိုးလ္ရွားလက္မခံ

မန္ခ်က္စတာယူႏိုက္တက္သူရဲေကာင္းၾကီး ရြိဳင္ကိန္းကေတာ့ သူ႔အသင္းေဟာင္းလက္တေလာၾကံဳေနရတဲ့ တိုက္စစ္ျပႆနာအတြက္ အားမလိုအားမရျဖစ္ေနျပီး၊ စပါးတိုက္စစ္မွဴး ဟယ္ရီကိန္းကိုေခၚယူဖို႔ ဆိုးလ္ရွားနဲ႔ယူႏိုက္တက္ဘုတ္အဖြဲ႔ကို တိုက္တြန္းသြားခဲ့ပါတယ္။

ရိြဳင္ကိန္းက-

” ဟယ္ရီကိန္းကို စပါးကေနသြားေခၚလိုက္၊ ရႈပ္တယ္ဗ်ာ အခုခ်က္ခ်င္းသြားေခၚ၊ သူကတစ္ရာသီကို ဂိုး(၂၀)ေလာက္ မ်က္လံုးမွိတ္ျပီး အသာေလးသြင္းျပလိမ့္မယ္ ” လို႔ စိတ္မရွည္စြာတိုက္တြန္းခဲ့တာပါ။ ဒီအေပၚမွာ ယူႏိုက္တက္နည္းျပဆိုးလ္ရွားကေတာ့ အေလာတၾကီးေထာက္ခံခ်င္ပံုမေပၚဘဲ အသင္းမွာရွိျပီးသား တိုက္စစ္မွဴးေတြကို ယံုၾကည္ေၾကာင္းေျပာခဲ့ျပီး ရိြဳင္ကိန္းရဲ႕တိုက္တြန္းခ်က္ကို တုန္႔ျပန္သြားခဲ့ပါတယ္။ ဆိုးလ္ရွားက-

” ရိြဳင္ကိန္းက တကယ့္ကိုဇြတ္ၾကီးပဲဗ်၊ ဟယ္ရီကိန္းနဲ႔လီဝမ္ေဒါစကီးတို႔ဟာ မတူညီတဲ့ကစားသမားေတြပါ၊ ရလာတဲ့အခြင့္အေရး နည္းနည္းေလးကိုပဲ အသံုးခ်တက္တဲ့ တိုက္စစ္မွဴးမ်ိဳးကို ကြ်န္ေတာ္သေဘာက်တယ္၊ ဟယ္ရီကိန္းက အေကာင္းဆံုးေတြထဲက တစ္ေယာက္ပါ၊ ဒါေပမဲ့ အခုလက္ရွိမွာ သူက စပါးကစားသမားတစ္ေယာက္အျဖစ္ရွိေနပါတယ္ ”

” မာရွယ္ ဒဏ္ရာကေနျပန္လာနိုင္ခဲ့တာ က်ေနာ္တို့အတြက္အားတက္စရာတစ္ခုပဲ၊ သူျပန္လာၿပီး ရက္ဖို႔ကိုအကူအညီေပးနိုင္မယ္ဆိုတာေသခ်ာတယ္ ” ” က်ေနာ္တို႔ရဲ႕ရွိရင္းစြဲတိုက္စစ္မွုးေတြနဲ႔ေရွ႕ဆက္သြားရမယ့္ႏွစ္ပတ္သုံးပတ္ေလာက္ကိုက်ေနာ္ေမၽွာ္ေနၿပီ ” လို႔ေျပာသြားခဲ့ပါတယ္။

ဆက္လက္ျပီးဆိုးလ္ရွားက သူ႔အေနနဲ႔ ယူရိုပါလိဂ္ျပိဳင္ပြဲဟာ ယူႏိုက္တက္အတြက္အေရးၾကီးတယ္လို႔ထင္ေပမဲ့ ခ်န္ပီယံလိဂ္ဝင္ခြင့္အတြက္က ျပိဳင္ပြဲတစ္ခုတည္းေပၚမွာ မွီခိုလို႔ရမွာမဟုတ္ဘဲ၊ ပရီးမီးယားလိဂ္မွာပါ ထိပ္ဆံုးေလးသင္းဝင္ေအာင္စြမ္းေဆာင္ဖို႔လိုေၾကာင္း ထပ္ေလာင္းေျပာသြားခဲ့ပါတယ္။

လူညိဳေခ်ာ@SportsGabar

Unicode

ဟယ်ရီကိန်းကိုခေါ်ယူဖို့ရွိုင်ကိန်းရဲ့တိုက်တွန်းချက်ကိုဆိုးလ်ရှားလက်မခံ

မန်ချက်စတာယူနိုက်တက်သူရဲကောင်းကြီး ရွိုင်ကိန်းကတော့ သူ့အသင်းဟောင်းလက်တလောကြုံနေရတဲ့ တိုက်စစ်ပြဿနာအတွက် အားမလိုအားမရဖြစ်နေပြီး၊ စပါးတိုက်စစ်မှူး ဟယ်ရီကိန်းကိုခေါ်ယူဖို့ ဆိုးလ်ရှားနဲ့ယူနိုက်တက်ဘုတ်အဖွဲ့ကို တိုက်တွန်းသွားခဲ့ပါတယ်။

ရွိုင်ကိန်းက-

” ဟယ်ရီကိန်းကို စပါးကနေသွားခေါ်လိုက်၊ ရှုပ်တယ်ဗျာ အခုချက်ချင်းသွားခေါ်၊ သူကတစ်ရာသီကို ဂိုး(၂၀)လောက် မျက်လုံးမှိတ်ပြီး အသာလေးသွင်းပြလိမ့်မယ် ” လို့ စိတ်မရှည်စွာတိုက်တွန်းခဲ့တာပါ။ ဒီအပေါ်မှာ ယူနိုက်တက်နည်းပြဆိုးလ်ရှားကတော့ အလောတကြီးထောက်ခံချင်ပုံမပေါ်ဘဲ အသင်းမှာရှိပြီးသား တိုက်စစ်မှူးတွေကို ယုံကြည်ကြောင်းပြောခဲ့ပြီး ရွိုင်ကိန်းရဲ့တိုက်တွန်းချက်ကို တုန့်ပြန်သွားခဲ့ပါတယ်။ ဆိုးလ်ရှားက-

” ရွိုင်ကိန်းက တကယ့်ကိုဇွတ်ကြီးပဲဗျ၊ ဟယ်ရီကိန်းနဲ့လီဝမ်ဒေါစကီးတို့ဟာ မတူညီတဲ့ကစားသမားတွေပါ၊ ရလာတဲ့အခွင့်အရေး နည်းနည်းလေးကိုပဲ အသုံးချတက်တဲ့ တိုက်စစ်မှူးမျိုးကို ကျွန်တော်သဘောကျတယ်၊ ဟယ်ရီကိန်းက အကောင်းဆုံးတွေထဲက တစ်ယောက်ပါ၊ ဒါပေမဲ့ အခုလက်ရှိမှာ သူက စပါးကစားသမားတစ်ယောက်အဖြစ်ရှိနေပါတယ် ”

” မာရှယ် ဒဏ်ရာကနေပြန်လာနိုင်ခဲ့တာ ကျနော်တို့အတွက်အားတက်စရာတစ်ခုပဲ၊ သူပြန်လာပြီး ရက်ဖို့ကိုအကူအညီပေးနိုင်မယ်ဆိုတာသေချာတယ် ” ” ကျနော်တို့ရဲ့ရှိရင်းစွဲတိုက်စစ်မှုးတွေနဲ့ရှေ့ဆက်သွားရမယ့်နှစ်ပတ်သုံးပတ်လောက်ကိုကျနော်မျှော်နေပြီ ” လို့ပြောသွားခဲ့ပါတယ်။

ဆက်လက်ပြီးဆိုးလ်ရှားက သူ့အနေနဲ့ ယူရိုပါလိဂ်ပြိုင်ပွဲဟာ ယူနိုက်တက်အတွက်အရေးကြီးတယ်လို့ထင်ပေမဲ့ ချန်ပီယံလိဂ်ဝင်ခွင့်အတွက်က ပြိုင်ပွဲတစ်ခုတည်းပေါ်မှာ မှီခိုလို့ရမှာမဟုတ်ဘဲ၊ ပရီးမီးယားလိဂ်မှာပါ ထိပ်ဆုံးလေးသင်းဝင်အောင်စွမ်းဆောင်ဖို့လိုကြောင်း ထပ်လောင်းပြောသွားခဲ့ပါတယ်။

လူညိုချော@SportsGabar