အိုရီဂီရဲ႕ကိုယ္လံုးတီးပံုကိုေဖာ္ျပျပီးလက္ကျမင္းခဲ့တဲ့ပရိသတ္မ်ားအေရးယူခံရေတာ့မည္

လီဗာပူးလ္ပရိသတ္မ်ားဟာ ဂ်န္႔နဲ႔ခ်န္ပီယံလိဂ္ပြဲမတိုင္မီ တိုက္စစ္ကစားသမား ဒီေဗာ့အိုရီဂီ ရဲ႕ညစ္ညမ္းတဲ့ ဓါတ္ပံုတစ္ပံုကို ကြင္းအတြင္းခ်ိတ္ဆြဲ ျပသခဲ့ၾကပါတယ္။

ေအာ္ရီဂ်ီဟာ ဘယ္လ္ဂ်ီယံလူငယ္အသင္းကေနျပန္ေရာက္လာျပီးေနာက္ ဂ်န္႔နဲ႔ကစားမယ့္ လီဗာပူးလ္အသင္းရဲ႕အရံလူစာရင္းမွာ ပါဝင္လာခဲ့သူျဖစ္ပါတယ္။ လီဗာပူးလ္ပရိသတ္ေတြဟာ ခ်န္ပီယံလိဂ္ဖလားေဘးမွာ အဝတ္ဗလာနဲ႔ရပ္ေနတဲ့ အိုရီဂီရဲ႕ပံုကို ကြင္းရဲ႕နံရံမွာ ခ်ိတ္ဆြဲထားခဲ့တာျဖစ္ျပီး၊ လိင္ပိုင္းဆိုင္ရာ ေလွာင္ေျပာင္မႈတစ္ခုကို ျပဳလုပ္ခဲ့ၾကတာျဖစ္ပါတယ္။

လီဗာပူးလ္တာဝန္ရွိသူေတြဟာ ဒီျဖစ္စဥ္ကို သိသိခ်င္းမွာပဲ အဆိုပါညစ္ညမ္းဓါတ္ပံုကို ျပန္လည္ျဖဳတ္ခ်သြားခဲ့ျပီး၊ ဒါဟာ လံုးဝမသင့္ေတာ္တဲ့လုပ္ရပ္ျဖစ္တယ္လို႔ ရႈတ္ခ်သြားခဲ့ပါတယ္။ ဒီကိစၥနဲ႔ပတ္သက္ျပီး လီဗာပူးလ္အသင္းရဲ႕ေျပာေရးဆိုခြင့္ရွိသူတစ္ဦးကေတာ့-

” လီဗာပူးလ္ေဘာလံုးကလပ္အေနနဲ႔ဒီလိုလုပ္ရပ္မ်ိဳးကို ျပစ္တင္ရႈတ္ခ်ေၾကာင္းေျပာလိုပါတယ္၊ ရွင္းရွင္းေျပာရရင္ေတာ့ ဒီပံုဟာ အျမစ္မျပတ္ေသးတဲ့ လူမ်ိဳးေရးခြဲျခားမႈပါ၊ ဒါဟာ လံုးဝလက္မခံႏိုင္စရာပါပဲ ရွင္းရွင္းလင္းလင္းေျပာရရင္ေတာ့ဒီပုံဟာလူမ်ိဳးေရးခြဲျခားမႈပုံစံကိုဆက္လက္တည္ၿမဲေစခဲ့တယ္ ”

“ က်ေနာ္တို႔အလံကိုဖယ္ရွားဖို႔အျမန္လုပ္ေဆာင္ခဲ့သလို အခုဆိုရင္ ဂ်န္႔မွာရွိတဲ့ ေဒသခံအာဏာပိုင္မ်ားနဲ႔ပူးေပါင္းျပီး တာဝန္ရွိသူမ်ားကို ေဖာ္ထုတ္ႏိုင္ဖို႔ႀကိဳးစားေနပါတယ္၊ ျပီးေတာ့ ဒဏ္ခတ္အေရးယူမႈေတြကို ဝတၱရားအတိုင္းေဆာင္ရြက္သြားမွာပါ “လို႔ ေျပာသြားခဲ့ပါတယ္။

ဒီလိုလူမ်ိဳးေရးခြဲျခားခံရတာက အိုရီဂီပထမဆံုးမဟုတ္ဘဲ သူ႔အရင္ကလည္း အဲဗာတန္ကစားသမားေဟာင္းလူကာကူနဲ႔အက္စတြန္ဗီလာကြင္းလယ္လူ နကန္ဘာတို႔ဟာ အလားတူေလွာင္ေျပာင္မႈမ်ိဳးနဲ႔ ရင္ဆိုင္ခဲ့ရဖူးပါတယ္။

လူညိဳေခ်ာ@SportsGabar

Unicode

အိုရီဂီရဲ့ကိုယ်လုံးတီးပုံကိုဖော်ပြပြီးလက်ကမြင်းခဲ့တဲ့ပရိသတ်များအရေးယူခံရတော့မည်

လီဗာပူးလ်ပရိသတ်များဟာ ဂျန့်နဲ့ချန်ပီယံလိဂ်ပွဲမတိုင်မီ တိုက်စစ်ကစားသမား ဒီဗော့အိုရီဂီ ရဲ့ညစ်ညမ်းတဲ့ ဓါတ်ပုံတစ်ပုံကို ကွင်းအတွင်းချိတ်ဆွဲ ပြသခဲ့ကြပါတယ်။

အော်ရီဂျီဟာ ဘယ်လ်ဂျီယံလူငယ်အသင်းကနေပြန်ရောက်လာပြီးနောက် ဂျန့်နဲ့ကစားမယ့် လီဗာပူးလ်အသင်းရဲ့အရံလူစာရင်းမှာ ပါဝင်လာခဲ့သူဖြစ်ပါတယ်။ လီဗာပူးလ်ပရိသတ်တွေဟာ ချန်ပီယံလိဂ်ဖလားဘေးမှာ အဝတ်ဗလာနဲ့ရပ်နေတဲ့ အိုရီဂီရဲ့ပုံကို ကွင်းရဲ့နံရံမှာ ချိတ်ဆွဲထားခဲ့တာဖြစ်ပြီး၊ လိင်ပိုင်းဆိုင်ရာ လှောင်ပြောင်မှုတစ်ခုကို ပြုလုပ်ခဲ့ကြတာဖြစ်ပါတယ်။

လီဗာပူးလ်တာဝန်ရှိသူတွေဟာ ဒီဖြစ်စဉ်ကို သိသိချင်းမှာပဲ အဆိုပါညစ်ညမ်းဓါတ်ပုံကို ပြန်လည်ဖြုတ်ချသွားခဲ့ပြီး၊ ဒါဟာ လုံးဝမသင့်တော်တဲ့လုပ်ရပ်ဖြစ်တယ်လို့ ရှုတ်ချသွားခဲ့ပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး လီဗာပူးလ်အသင်းရဲ့ပြောရေးဆိုခွင့်ရှိသူတစ်ဦးကတော့-

” လီဗာပူးလ်ဘောလုံးကလပ်အနေနဲ့ဒီလိုလုပ်ရပ်မျိုးကို ပြစ်တင်ရှုတ်ချကြောင်းပြောလိုပါတယ်၊ ရှင်းရှင်းပြောရရင်တော့ ဒီပုံဟာ အမြစ်မပြတ်သေးတဲ့ လူမျိုးရေးခွဲခြားမှုပါ၊ ဒါဟာ လုံးဝလက်မခံနိုင်စရာပါပဲ ရှင်းရှင်းလင်းလင်းပြောရရင်တော့ဒီပုံဟာလူမျိုးရေးခွဲခြားမှုပုံစံကိုဆက်လက်တည်မြဲစေခဲ့တယ် ”

“ ကျနော်တို့အလံကိုဖယ်ရှားဖို့အမြန်လုပ်ဆောင်ခဲ့သလို အခုဆိုရင် ဂျန့်မှာရှိတဲ့ ဒေသခံအာဏာပိုင်များနဲ့ပူးပေါင်းပြီး တာဝန်ရှိသူများကို ဖော်ထုတ်နိုင်ဖို့ကြိုးစားနေပါတယ်၊ ပြီးတော့ ဒဏ်ခတ်အရေးယူမှုတွေကို ဝတ္တရားအတိုင်းဆောင်ရွက်သွားမှာပါ “လို့ ပြောသွားခဲ့ပါတယ်။

ဒီလိုလူမျိုးရေးခွဲခြားခံရတာက အိုရီဂီပထမဆုံးမဟုတ်ဘဲ သူ့အရင်ကလည်း အဲဗာတန်ကစားသမားဟောင်းလူကာကူနဲ့အက်စတွန်ဗီလာကွင်းလယ်လူ နကန်ဘာတို့ဟာ အလားတူလှောင်ပြောင်မှုမျိုးနဲ့ ရင်ဆိုင်ခဲ့ရဖူးပါတယ်။

လူညိုချော@SportsGabar