ေယာင္ျပီးဂိုးဧရိယာအျပင္ဘက္ထြက္ဖမ္းမိလို႔(၁၃)စကၠန္႔နဲ႔အနီကတ္ထိသြားခဲ့တဲ့ဂိုးသမား

တူရကီကလပ္ ကြန္ရက္စေပါအသင္းရဲ႕ဂိုးသမား ကီရင္တီလီကေတာ့ တူရကီေဘာလံုးသမိုင္းမွာ အျမန္ဆံုးအနီကတ္ျပခံရတဲ့သူအျဖစ္ မွတ္တမ္းဝင္သြားခဲ့ျပီျဖစ္ပါတယ္။ တနလၤာေန႔က ယွဥ္ျပိဳင္ကစားခဲ့ၾကတဲ့ ကြန္ရက္စေပါအသင္းနဲ႔ မလက္ယာစေပါအသင္းတို႔ရဲ႕တူရကီလိဂ္ပြဲစဥ္မွာ ကြင္းလယ္ဒိုင္ရဲ႕ပြဲအစ ခရာမႈတ္အျပီး စကၠန္႔ပိုင္းအၾကာမွာပဲ ထူးျခားတဲ့ အျဖစ္အပ်က္တစ္ခုျဖစ္ပြားခဲ့ပါတယ္။

အဲတာကေတာ့ ကြန္ရက္စေပါဂိုးသမား အနီကတ္ျပခံရတဲ့ျဖစ္ရပ္ျဖစ္ျပီး၊ ပြဲအစ(၁၃)စကၠန္႔အၾကာမွာ ျပသခံခဲ့ရတာျဖစ္လို႔ ဒီအနီကတ္ဟာ ေတာ္ေတာ္ေလးကို ျဖစ္ေတာင့္ျဖစ္ခဲ အနီကတ္ျပစ္ဒဏ္တစ္ခုလို႔လဲဆိုရမွာပါ။ ျဖစ္စဥ္ကေ မလက္ယာစေပါအသင္းကြင္းလယ္ကစားသမား ျဖတ္တင္ေပးပို႔လိုက္တဲ့ေဘာလံုးကို ကီရင္တီလီက စိုးရိမ္တၾကီးနဲ႔ ဂိုးဧရိယာအျပင္ဘက္အထိထြက္ ဖမ္းခဲ့ပါတယ္။

ပြဲခ်ိန္အေစာပိုင္းသာရွိေသးေပမဲ့လည္း ဒီျဖတ္တင္ေဘာကို သူသာမဖမ္းခဲ့ရင္ မလက္ယာစေပါအသင္း ေသခ်ာေပါက္ဂိုးရသြားမွာျဖစ္လို႔ ကြင္းလယ္ဒိုင္လူၾကီးက ကီရင္တီလီကို မျဖစ္မေနအနီကတ္ျပထုတ္ပယ္လိုက္ရပါေတာ့တယ္။ ကီရင္တီလီအေနနဲ႔ သူလုပ္ခဲ့မိတဲ့လုပ္ရပ္အေပၚမွာ အနီကတ္ျပခံရေတာ့မယ္ဆိုတာ ၾကိဳသိခဲ့ပံုရျပီး၊ ဒိုင္က အနီကတ္ မထုတ္ရေသးခင္မွာပဲ လက္အိတ္ေတြခြ်တ္ျပီးကြင္းျပင္ကိုထြက္ဖို႔ျပင္ခဲ့ပါတယ္။

ပြဲအျပီးမွာေတာ့ မိနစ္(၉၀)လံုး တစ္ေယာက္ေလ်ာ့နဲ႔ကစားခဲ့ရတဲ့ ကြန္ရက္စေပါအသင္းဟာ မလက္ယာစေပါအသင္းကို(၂)ဂိုးျပတ္နဲ႔ရံႈးနိမ့္သြားခဲ့တာေၾကာင့္ ဂိုးသမားကီရင္တီလီက အဓိတရားခံျဖစ္ခဲ့ရပါတယ္။ အသက္(၃၄)ႏွစ္အရြယ္ရွိျပီျဖစ္တဲ့ ကီရင္တီလီဟာ အေတြအၾကံဳရင့္ဂိုးသမားတစ္ဦးျဖစ္ေပမဲ့လည္း၊ အခုလိုမ်ိဳး မမွားသင့္တဲ့ အမွားကို က်ဴးလြန္ခဲ့တာကေတာ့ ကြန္ရက္စေပါပရိသတ္ေတြကို စိတ္ပ်က္ေစခဲ့ပါတယ္။

လူညိဳေခ်ာ@SportsGabar

Unicode

ယောင်ပြီးဂိုးဧရိယာအပြင်ဘက်ထွက်ဖမ်းမိလို့(၁၃)စက္ကန့်နဲ့အနီကတ်ထိသွားခဲ့တဲ့ဂိုးသမား

တူရကီကလပ် ကွန်ရက်စပေါအသင်းရဲ့ဂိုးသမား ကီရင်တီလီကတော့ တူရကီဘောလုံးသမိုင်းမှာ အမြန်ဆုံးအနီကတ်ပြခံရတဲ့သူအဖြစ် မှတ်တမ်းဝင်သွားခဲ့ပြီဖြစ်ပါတယ်။ တနင်္လာနေ့က ယှဉ်ပြိုင်ကစားခဲ့ကြတဲ့ ကွန်ရက်စပေါအသင်းနဲ့ မလက်ယာစပေါအသင်းတို့ရဲ့တူရကီလိဂ်ပွဲစဉ်မှာ ကွင်းလယ်ဒိုင်ရဲ့ပွဲအစ ခရာမှုတ်အပြီး စက္ကန့်ပိုင်းအကြာမှာပဲ ထူးခြားတဲ့ အဖြစ်အပျက်တစ်ခုဖြစ်ပွားခဲ့ပါတယ်။

အဲတာကတော့ ကွန်ရက်စပေါဂိုးသမား အနီကတ်ပြခံရတဲ့ဖြစ်ရပ်ဖြစ်ပြီး၊ ပွဲအစ(၁၃)စက္ကန့်အကြာမှာ ပြသခံခဲ့ရတာဖြစ်လို့ ဒီအနီကတ်ဟာ တော်တော်လေးကို ဖြစ်တောင့်ဖြစ်ခဲ အနီကတ်ပြစ်ဒဏ်တစ်ခုလို့လဲဆိုရမှာပါ။ ဖြစ်စဉ်ကေ မလက်ယာစပေါအသင်းကွင်းလယ်ကစားသမား ဖြတ်တင်ပေးပို့လိုက်တဲ့ဘောလုံးကို ကီရင်တီလီက စိုးရိမ်တကြီးနဲ့ ဂိုးဧရိယာအပြင်ဘက်အထိထွက် ဖမ်းခဲ့ပါတယ်။

ပွဲချိန်အစောပိုင်းသာရှိသေးပေမဲ့လည်း ဒီဖြတ်တင်ဘောကို သူသာမဖမ်းခဲ့ရင် မလက်ယာစပေါအသင်း သေချာပေါက်ဂိုးရသွားမှာဖြစ်လို့ ကွင်းလယ်ဒိုင်လူကြီးက ကီရင်တီလီကို မဖြစ်မနေအနီကတ်ပြထုတ်ပယ်လိုက်ရပါတော့တယ်။ ကီရင်တီလီအနေနဲ့ သူလုပ်ခဲ့မိတဲ့လုပ်ရပ်အပေါ်မှာ အနီကတ်ပြခံရတော့မယ်ဆိုတာ ကြိုသိခဲ့ပုံရပြီး၊ ဒိုင်က အနီကတ် မထုတ်ရသေးခင်မှာပဲ လက်အိတ်တွေချွတ်ပြီးကွင်းပြင်ကိုထွက်ဖို့ပြင်ခဲ့ပါတယ်။

ပွဲအပြီးမှာတော့ မိနစ်(၉၀)လုံး တစ်ယောက်လျော့နဲ့ကစားခဲ့ရတဲ့ ကွန်ရက်စပေါအသင်းဟာ မလက်ယာစပေါအသင်းကို(၂)ဂိုးပြတ်နဲ့ရှုံးနိမ့်သွားခဲ့တာကြောင့် ဂိုးသမားကီရင်တီလီက အဓိတရားခံဖြစ်ခဲ့ရပါတယ်။ အသက်(၃၄)နှစ်အရွယ်ရှိပြီဖြစ်တဲ့ ကီရင်တီလီဟာ အတွေအကြုံရင့်ဂိုးသမားတစ်ဦးဖြစ်ပေမဲ့လည်း၊ အခုလိုမျိုး မမှားသင့်တဲ့ အမှားကို ကျူးလွန်ခဲ့တာကတော့ ကွန်ရက်စပေါပရိသတ်တွေကို စိတ်ပျက်စေခဲ့ပါတယ်။

လူညိုချော@SportsGabar