လီဗာပူးလ္ကစားသမားေတြဂိုးအလွျပိဳင္ခဲ့ၾကတဲ့ခ်န္ပီယံလိဂ္ညခ်မ္း

ညကယွဥ္ျပိဳင္ကစားခဲ့ၾကတဲ့ လီဗာပူးလ္အသင္းနဲ႔ဂ်န္႔အသင္းတို႔ရဲ႕ခ်န္ပီယံလိဂ္ပြဲစဥ္မွာ လီဗာပူးလ္အသင္းက (၄)ဂိုး (၁)ဂိုးနဲ႔အႏိုင္ရသြားပါတယ္။ လီဗာပူးလ္ရရွိခဲ့တဲ့(၄)ဂိုးစလံုးဟာ တကယ့္ကို လွပေသသပတဲ့ ဂိုးေတြခ်ည္းျဖစ္ေနတာက ၾကည့္ရႈတဲ့ပရိသတ္ေတြကို ေဖ်ာ္ေျဖမႈေပးစြမ္းႏိုင္ခဲ့ပါတယ္။

ခ်န္ပီယံလိဂ္မွာႏိုင္ပြဲတစ္ပြဲရဖို႔ အနည္းငယ္ရုန္းကန္ေနရတဲ့ လီဗာပူးလ္တို႔ဟာ ဒီပြဲမွာေတာ့ ပြဲခ်ိန္(၁)မိနစ္ေက်ာ္ေက်ာ္မွာပဲ အဖြင့္ဂိုးရရွိခဲ့ျပီး ကြင္းလယ္လူ ခ်ိန္ဘာလိန္က ဂိုးဧရိယာအျပင္ဘက္ကေန လွပတဲ့ ေျမလိမ့္ေဘာကန္ခ်က္နဲ႔ ကန္သြင္းရယူသြားခဲ့တာပါ။ အဲဒီ့ေနာက္ ဒုတိယပိုင္းမွာလည္း ခ်ိန္ဘာလိန္ကပဲ ေနာက္ထပ္လွပေကာင္းမြန္တဲ့ ဂိုးတစ္ဂိုးနဲ႔လီဗာပူးလ္အတြက္ ဒုတိယအႏိုင္ဂိုးျဖစ္ေစခဲ့ပါတယ္။

ဒီဂိုးကေတာ့ ေကာင္းမြန္ရံုတင္မကဘူး အနည္းငယ္လည္း ထူးဆန္းမႈရွိခဲ့ပါတယ္။ ဘာေၾကာင့္လဲဆိုေတာ့ ခ်ိန္ဘာလိန္ဟာ ဖာမီႏိုရဲ႕ေပးပို႔မႈကို ဂိုးဧရိယာထိပ္ကေန ေျခဦးနဲ႔ထိုးျပီး ကန္သြင္းရယူသြားခဲ့လို႔ပါ။ ခ်ိန္ဘာလိမ္ဟာ အားထည့္ျပီး ကန္ခဲ့ပံုမေပၚေပမဲ့ ေဘာလံုးဟာ ဂိုးသမားရဲ႕ညာဘက္အေပၚေဒါင့္ထဲကို တန္းခနဲဝင္သြားခဲ့ျပီး၊ အလြန္ကိုလွပတဲ့ ဂိုးတစ္ဂိုးကိုျဖစ္သြားခဲ့တာပါ။ ဒီဂိုးနဲ႔ပတ္သက္ျပီး အာဆင္နယ္မွာ ကစားေဖာ္ျဖစ္ခဲ့ဖူးတဲ့ ဗန္ပါစီကလည္း ခ်ီးက်ဴးသြားခဲ့ပါတယ္။ ဗန္ပါစီက-

” အရမ္းကိုလွပတဲ့ဂိုးတစ္ဂိုးပါပဲ၊ ဒီလိုဂိုးမ်ိဳးက လူတိုင္းသြင္းယူႏိုင္ဖို႔ မလြယ္ပါဘူး၊ ကစားသမားတစ္ေယာက္ရဲ႕ဘဝမွာတစ္ၾကိမ္တစ္ခါသၾသြင္းယူႏိုင္မယ့္ ဂိုးမ်ိဳးလည္းျဖစ္ပါတယ္၊ ကြ်န္ေတာ္သူ႔အတြက္ ဂုဏ္ယူပါတယ္ “လို႔ ေျပာသြားခဲ့တာပါ။

လီဗာပူးလ္အတြက္ တတိယေျမာက္ဂိုးကိုေတာ့ တိုက္စစ္မွဴးမာေနးရဲ႕ဂိုးသြင္းပါးနပ္မႈကေန ရခဲ့တာျဖစ္ျပီး၊ ဂိုးသမားကို အသာအယာေက်ာ္ထည့္လိုက္တဲ့ ဒီဂိုးကလည္း လွပေနျပန္ပါတယ္။ လီဗာပူးလ္အတြက္ေနာက္ဆံုး ပြဲသိမ္းဂိုးကိုေတာ့ မိုဟာမက္ဆာလက္က တစ္ကိုယ္ေတာ္အစြမ္းနဲ႔သြင္းယူေပးခဲ့တာျဖစ္ျပီး၊ ဒီအီဂ်စ္သားဟာ ဂ်န္႔ခံစစ္မွဴးႏွစ္ဦးၾကားထဲကေန လီယြန္နယ္မက္ဆီအလား လိမ္ေခါက္ျဖတ္ေက်ာ္ကာ ဂိုးသမားရဲ႕ညာဘက္ေထာင့္ထဲကို ကန္သြင္းရယူသြားခဲ့တာပါ။

လူညိဳေခ်ာ@SportsGabar

Unicode

လီဗာပူးလ်ကစားသမားတွေဂိုးအလှပြိုင်ခဲ့ကြတဲ့ချန်ပီယံလိဂ်ညချမ်း

ညကယှဉ်ပြိုင်ကစားခဲ့ကြတဲ့ လီဗာပူးလ်အသင်းနဲ့ဂျန့်အသင်းတို့ရဲ့ချန်ပီယံလိဂ်ပွဲစဉ်မှာ လီဗာပူးလ်အသင်းက (၄)ဂိုး (၁)ဂိုးနဲ့အနိုင်ရသွားပါတယ်။ လီဗာပူးလ်ရရှိခဲ့တဲ့(၄)ဂိုးစလုံးဟာ တကယ့်ကို လှပသေသပ်တဲ့ ဂိုးတွေချည်းဖြစ်နေတာက ကြည့်ရှုတဲ့ပရိသတ်တွေကို ဖျော်ဖြေမှုပေးစွမ်းနိုင်ခဲ့ပါတယ်။

ချန်ပီယံလိဂ်မှာနိုင်ပွဲတစ်ပွဲရဖို့ အနည်းငယ်ရုန်းကန်နေရတဲ့ လီဗာပူးလ်တို့ဟာ ဒီပွဲမှာတော့ ပွဲချိန်(၁)မိနစ်ကျော်ကျော်မှာပဲ အဖွင့်ဂိုးရရှိခဲ့ပြီး ကွင်းလယ်လူ ချိန်ဘာလိန်က ဂိုးဧရိယာအပြင်ဘက်ကနေ လှပတဲ့ မြေလိမ့်ဘောကန်ချက်နဲ့ ကန်သွင်းရယူသွားခဲ့တာပါ။ အဲဒီ့နောက် ဒုတိယပိုင်းမှာလည်း ချိန်ဘာလိန်ကပဲ နောက်ထပ်လှပကောင်းမွန်တဲ့ ဂိုးတစ်ဂိုးနဲ့လီဗာပူးလ်အတွက် ဒုတိယအနိုင်ဂိုးဖြစ်စေခဲ့ပါတယ်။

ဒီဂိုးကတော့ ကောင်းမွန်ရုံတင်မကဘူး အနည်းငယ်လည်း ထူးဆန်းမှုရှိခဲ့ပါတယ်။ ဘာကြောင့်လဲဆိုတော့ ချိန်ဘာလိန်ဟာ ဖာမီနိုရဲ့ပေးပို့မှုကို ဂိုးဧရိယာထိပ်ကနေ ခြေဦးနဲ့ထိုးပြီး ကန်သွင်းရယူသွားခဲ့လို့ပါ။ ချိန်ဘာလိမ်ဟာ အားထည့်ပြီး ကန်ခဲ့ပုံမပေါ်ပေမဲ့ ဘောလုံးဟာ ဂိုးသမားရဲ့ညာဘက်အပေါ်ဒေါင့်ထဲကို တန်းခနဲဝင်သွားခဲ့ပြီး၊ အလွန်ကိုလှပတဲ့ ဂိုးတစ်ဂိုးကိုဖြစ်သွားခဲ့တာပါ။ ဒီဂိုးနဲ့ပတ်သက်ပြီး အာဆင်နယ်မှာ ကစားဖော်ဖြစ်ခဲ့ဖူးတဲ့ ဗန်ပါစီကလည်း ချီးကျူးသွားခဲ့ပါတယ်။ ဗန်ပါစီက-

” အရမ်းကိုလှပတဲ့ဂိုးတစ်ဂိုးပါပဲ၊ ဒီလိုဂိုးမျိုးက လူတိုင်းသွင်းယူနိုင်ဖို့ မလွယ်ပါဘူး၊ ကစားသမားတစ်ယောက်ရဲ့ဘဝမှာတစ်ကြိမ်တစ်ခါသသြွင်းယူနိုင်မယ့် ဂိုးမျိုးလည်းဖြစ်ပါတယ်၊ ကျွန်တော်သူ့အတွက် ဂုဏ်ယူပါတယ် “လို့ ပြောသွားခဲ့တာပါ။

လီဗာပူးလ်အတွက် တတိယမြောက်ဂိုးကိုတော့ တိုက်စစ်မှူးမာနေးရဲ့ဂိုးသွင်းပါးနပ်မှုကနေ ရခဲ့တာဖြစ်ပြီး၊ ဂိုးသမားကို အသာအယာကျော်ထည့်လိုက်တဲ့ ဒီဂိုးကလည်း လှပနေပြန်ပါတယ်။ လီဗာပူးလ်အတွက်နောက်ဆုံး ပွဲသိမ်းဂိုးကိုတော့ မိုဟာမက်ဆာလက်က တစ်ကိုယ်တော်အစွမ်းနဲ့သွင်းယူပေးခဲ့တာဖြစ်ပြီး၊ ဒီအီဂျစ်သားဟာ ဂျန့်ခံစစ်မှူးနှစ်ဦးကြားထဲကနေ လီယွန်နယ်မက်ဆီအလား လိမ်ခေါက်ဖြတ်ကျော်ကာ ဂိုးသမားရဲ့ညာဘက်ထောင့်ထဲကို ကန်သွင်းရယူသွားခဲ့တာပါ။

လူညိုချော@SportsGabar