အပိုင္ဂိုးသြင္းခြင့္ကိုအံ့ဖြယ္လြဲေခ်ာ္ခဲ့တဲ့အီဒင္ဟာဇက္

မေန႔ညကယွဥ္ျပိဳင္ကစားခဲ့တဲ့ ဥေရာပခ်န္ပီယံလိဂ္အုပ္စုပြဲစဥ္မွာ ရီးရဲလ္မက္ဒရစ္အသင္းဟာ အိမ္ရွင္ဂါလာတာစာေရးအသင္းကို ကြင္းလယ္တိုနီခရူးရဲ႕တစ္လံုးတည္းေသာဂိုးနဲ႔ အႏိုင္ရသြားခဲ့ပါတယ္။

ဒီလိုအႏိုင္ရခဲ့ေပမဲ့လည္း ရီးရဲလ္အတြက္ လြယ္ကူတဲ့ပြဲစဥ္တစ္ပြဲေတာ့မဟုတ္ခဲ့ပဲ၊ ဂိုးရဖို႔ ရုန္းကန္ခဲ့ရပါတယ္။ ပြဲခ်ိန္ဒုတိယပိုင္းမွာ အီဒင္ဟာဇက္အေနနဲ႔ ပြဲကို အဆံုးသတ္လိုက္ႏိုင္မယ့္ အပိုင္အခြင့္အေရးတစ္ရပ္ကို ရရွိခဲ့ေပမဲ့ အသံုးမခ်ႏိုင္ခဲ့ပဲ အံ့ဖြယ္လြဲေခ်ာ္သြားခဲ့လို႔ ေဝဖန္စရာျဖစ္ခဲ့ရပါတယ္။ ဟာဇက္အေနနဲ႔ ဂါလာတာစာေရးဂိုးသမားကို လိမ္ေခါက္ျပီး၊ ကာကြယ္သူမရွိေတာ့တဲ့ ဂိုးေပါက္ထဲကို လြတ္လြတ္ကြ်တ္ကြ်တ္ကန္ခြင့္ရခဲ့တာျဖစ္ေပမဲ့ အေပၚဂိုးဘားတန္းကိုထိျပီး ျပန္ကန္ထြက္သြားတာေၾကာင့္ ကံဆိုးခဲ့တယ္လို႔ဆိုရမွာပါ။

ဒီႏွစ္ေဘာလံုးရာသီမွာ ခ်ဲလ္ဆီးအသင္းကေန ေျပာင္းေရႊ႕ေၾကး အေျမာက္အမ်ားနဲ႔ ေခၚယူခဲ့တဲ့ ဟာဇက္ဟာ အခုအခ်ိန္အထိ ရီးရဲလ္မွာ ထိုက္တန္တဲ့ေျခစြမ္းကို ျပသထားႏိုင္ျခင္းမရွိေသးဘဲ ေဝဖန္ခံေနရသူလည္းျဖစ္ပါတယ္။ ဒါဟာ မထင္မွတ္ထားရေလာက္ေအာင္ ျမင့္တက္လာတဲ့ သူ႔ရဲ႕ကိုယ္အေလးခ်ိန္ေၾကာင့္ျဖစ္ႏိုင္သလို၊ အသင္းသစ္မွာ အသားမက်ေသးတာေၾကာင့္လည္းျဖစ္ႏိုင္ေပမဲ့ ေသခ်ာတာကေတာ့ ဟာဇက္ရဲ႕ေျခစြမ္းဟာ ပံုမွန္ေအာက္ကို ေရာက္ေနတာအမွန္ပါပဲ။

ဒါေပမဲ့ နည္းျပျဖစ္သူ ဇီဒန္းကေတာ့ သူကိုယ္တိုင္လိုလိုခ်င္ခ်င္နဲ႔ အရေခၚယူခဲ့တဲ့ ဒီဘယ္လ္ဂ်ီယံကစားသမားအေပၚမွာ ယံုၾကည္မႈရွိေနဆဲျဖစ္ျပီး၊ ဟာဇက္ရဲ႕ေျခစြမ္းနဲ႔ပတ္သက္လို႔ စိုးရိမ္မႈမရွိဘူးလို႔ ေျပာပါတယ္။ ဇီဒန္းက-

” ဒါက ကြ်န္ေတာ့္ကို စိုးရိမ္မႈတစ္စံုတစ္ရာမျဖစ္ေစပါဘူး၊ အီဒင္ဟာ ပိုေကာင္းလာျပီး ပိုမိုတိုးတက္လာေနပါတယ္၊ အေရးၾကီးတာက သူ႔အေနနဲ႔အခြင့္အေရးေတြ ဆက္လက္ရရွိေနဖို႔ပါ “လို႔ ဟာဇက္ဘက္က ကာကြယ္ေျပာၾကားသြားခဲ့ပါတယ္။

လူညိဳေခ်ာ@SportsGabar

Unicode

အပိုင်ဂိုးသွင်းခွင့်ကိုအံ့ဖွယ်လွဲချော်ခဲ့တဲ့အီဒင်ဟာဇက်

မနေ့ညကယှဉ်ပြိုင်ကစားခဲ့တဲ့ ဥရောပချန်ပီယံလိဂ်အုပ်စုပွဲစဉ်မှာ ရီးရဲလ်မက်ဒရစ်အသင်းဟာ အိမ်ရှင်ဂါလာတာစာရေးအသင်းကို ကွင်းလယ်တိုနီခရူးရဲ့တစ်လုံးတည်းသောဂိုးနဲ့ အနိုင်ရသွားခဲ့ပါတယ်။

ဒီလိုအနိုင်ရခဲ့ပေမဲ့လည်း ရီးရဲလ်အတွက် လွယ်ကူတဲ့ပွဲစဉ်တစ်ပွဲတော့မဟုတ်ခဲ့ပဲ၊ ဂိုးရဖို့ ရုန်းကန်ခဲ့ရပါတယ်။ ပွဲချိန်ဒုတိယပိုင်းမှာ အီဒင်ဟာဇက်အနေနဲ့ ပွဲကို အဆုံးသတ်လိုက်နိုင်မယ့် အပိုင်အခွင့်အရေးတစ်ရပ်ကို ရရှိခဲ့ပေမဲ့ အသုံးမချနိုင်ခဲ့ပဲ အံ့ဖွယ်လွဲချော်သွားခဲ့လို့ ဝေဖန်စရာဖြစ်ခဲ့ရပါတယ်။ ဟာဇက်အနေနဲ့ ဂါလာတာစာရေးဂိုးသမားကို လိမ်ခေါက်ပြီး၊ ကာကွယ်သူမရှိတော့တဲ့ ဂိုးပေါက်ထဲကို လွတ်လွတ်ကျွတ်ကျွတ်ကန်ခွင့်ရခဲ့တာဖြစ်ပေမဲ့ အပေါ်ဂိုးဘားတန်းကိုထိပြီး ပြန်ကန်ထွက်သွားတာကြောင့် ကံဆိုးခဲ့တယ်လို့ဆိုရမှာပါ။

ဒီနှစ်ဘောလုံးရာသီမှာ ချဲလ်ဆီးအသင်းကနေ ပြောင်းရွှေ့ကြေး အမြောက်အများနဲ့ ခေါ်ယူခဲ့တဲ့ ဟာဇက်ဟာ အခုအချိန်အထိ ရီးရဲလ်မှာ ထိုက်တန်တဲ့ခြေစွမ်းကို ပြသထားနိုင်ခြင်းမရှိသေးဘဲ ဝေဖန်ခံနေရသူလည်းဖြစ်ပါတယ်။ ဒါဟာ မထင်မှတ်ထားရလောက်အောင် မြင့်တက်လာတဲ့ သူ့ရဲ့ကိုယ်အလေးချိန်ကြောင့်ဖြစ်နိုင်သလို၊ အသင်းသစ်မှာ အသားမကျသေးတာကြောင့်လည်းဖြစ်နိုင်ပေမဲ့ သေချာတာကတော့ ဟာဇက်ရဲ့ခြေစွမ်းဟာ ပုံမှန်အောက်ကို ရောက်နေတာအမှန်ပါပဲ။

ဒါပေမဲ့ နည်းပြဖြစ်သူ ဇီဒန်းကတော့ သူကိုယ်တိုင်လိုလိုချင်ချင်နဲ့ အရခေါ်ယူခဲ့တဲ့ ဒီဘယ်လ်ဂျီယံကစားသမားအပေါ်မှာ ယုံကြည်မှုရှိနေဆဲဖြစ်ပြီး၊ ဟာဇက်ရဲ့ခြေစွမ်းနဲ့ပတ်သက်လို့ စိုးရိမ်မှုမရှိဘူးလို့ ပြောပါတယ်။ ဇီဒန်းက-

” ဒါက ကျွန်တော့်ကို စိုးရိမ်မှုတစ်စုံတစ်ရာမဖြစ်စေပါဘူး၊ အီဒင်ဟာ ပိုကောင်းလာပြီး ပိုမိုတိုးတက်လာနေပါတယ်၊ အရေးကြီးတာက သူ့အနေနဲ့အခွင့်အရေးတွေ ဆက်လက်ရရှိနေဖို့ပါ “လို့ ဟာဇက်ဘက်က ကာကွယ်ပြောကြားသွားခဲ့ပါတယ်။

လူညိုချော@SportsGabar