မန္ယူႏိုက္တက္မွာကစားခ်င္တယ္ဆိုတဲ့ဂ်ာမနီၾကယ္ပြင့္တီမိုဝါနာ

ဂ်ာမန္ဘြန္ဒက္လီဂါကလပ္ အာဘီလိုက္ဇစ္အသင္းမွာကစားေနတဲ့ ဗဟိုတိုက္စစ္ကစားသမားေလး တီမိုဝါနာကေတာ့ သူ႔အေနနဲ႔မန္ခ်က္စတာယူႏိုက္တက္အသင္းမွာ ကစားခ်င္ေၾကာင္း ဖြင့္ဟဝန္ခံလိုက္ပါတယ္။

ယခုႏွစ္ရာသီမွာ အမွတ္ေပးဇယားထိပ္ပိုင္းနားအထိ လိုက္ဇစ္အသင္း ရပ္တည္ထားႏိုင္မႈမွာ တီမိုဝါနာရဲ႕ေျခစြမ္းေတြက အဓိကက်ခဲ့ပါတယ္။ ဂ်ာမနီလက္ေရြးစင္အသင္းရဲ႕အနာဂတ္မွာေတာက္ပလာမယ့္ ၾကယ္တစ္ပြင့္အျဖစ္ ထင္ေၾကးေပးခံေနရတဲ့ တီမိုဝါနာဟာ ဘြန္ဒက္လီဂါ(၈)ပြဲမွာ (၆)ဂိုးအထိသြင္းယူေပးထားတဲ့ ကစားသမားျဖစ္ျပီး၊ ဂ်ာမနီအသင္းၾကီးအတြက္လည္း (၂၈)ပြဲကစားထားရာမွာ (၁၁)ဂိုးအထိသြင္းယူႏိုင္ခဲ့ပါတယ္။

သူ႔ကိုအလိုရွိေနတဲ့အသင္းေတြထဲမွာ ပရီးမီးယားလိဂ္အသင္းေတြျဖစ္တဲ့ လီဗာပူးလ္နဲ႔မန္ယူႏိုက္တက္အသင္းေတြက ထိပ္ဆံုးကျဖစ္ျပီး၊ ယူႏိုက္တက္ဆိုရင္ တီမိုဝါနာကိုေခၚယူဖို႔ ေစာင့္ၾကည့္မႈေတြျပဳလုပ္ေနခဲ့တာၾကာျပီျဖစ္ပါတယ္။ ဒါေပမဲ့ အခုအခ်ိန္မွာေတာ့ ကာယကံရွင္ကိုယ္တိုင္က သူကစားခ်င္တဲ့အသင္းကို ထုတ္ေျပာလိုက္ျပီျဖစ္လို႔ ယူႏိုက္တက္အသင္းအေနနဲ႔ လာမယ့္ဇန္နဝါရီေစ်းကြက္အတြင္း လႈပ္ရွားဖို႔ပဲက်န္ပါေတာ့တယ္။

တီမိုဝါနာက-

“ပရီးမီးယားလိဂ္မွာ ကစားဖို႔ဆိုတာက ကြၽန္ေတာ့္ရဲ႕ အိမ္မက္တစ္ခုျဖစ္ပါတယ္။ ႏွစ္သင္း သို႔မဟုတ္ သံုးသင္းထဲက တစ္သင္းမွာကစားေပးခ်င္ပါတယ္ အဲ့အသင္းေတြထဲမွာ မန္ခ်က္စတာယူႏိုက္တက္အသင္းလည္းပါ၀င္ပါတယ္။ ဒါေပမယ့္ ကြၽန္ေတာ္ဆုံးျဖတ္ခ်က္ခ်ရေတာ့မယ္ဆိုရင္ လီဗာပူးအသင္းထက္ မန္ခ်က္စတာယူႏိုက္တက္အသင္းမွာ ကစားဖို႔ ပိုၿပီးစိတ္ဆႏၵရွိပါတယ္ “လို႔ ထုတ္ေဖာ္ဝန္ခံသြားခဲ့တာပါ။

အသက္(၂၃)ႏွစ္သာရွိေသးတဲ့ တီမိုဝါနာဟာ မန္ခ်က္စတာယူႏိုက္တက္ရဲ႕ကာလရွည္ပစ္မွတ္တစ္ခုလည္းျဖစ္လို႔ သူ႔ကိုေခၚယူမယ္ဆိုရင္ေတာ့ ယူႏိုက္တက္အတြက္ ဇန္နဝါရီဟာ အခ်ိန္အခါေကာင္းတစ္ခုလို႔ဆိုရမွာပဲျဖစ္ပါတယ္။

လူညိဳေခ်ာ@SportsGabar

Unicode

မန်ယူနိုက်တက်မှာကစားချင်တယ်ဆိုတဲ့ဂျာမနီကြယ်ပွင့်တီမိုဝါနာ

ဂျာမန်ဘွန်ဒက်လီဂါကလပ် အာဘီလိုက်ဇစ်အသင်းမှာကစားနေတဲ့ ဗဟိုတိုက်စစ်ကစားသမားလေး တီမိုဝါနာကတော့ သူ့အနေနဲ့မန်ချက်စတာယူနိုက်တက်အသင်းမှာ ကစားချင်ကြောင်း ဖွင့်ဟဝန်ခံလိုက်ပါတယ်။

ယခုနှစ်ရာသီမှာ အမှတ်ပေးဇယားထိပ်ပိုင်းနားအထိ လိုက်ဇစ်အသင်း ရပ်တည်ထားနိုင်မှုမှာ တီမိုဝါနာရဲ့ခြေစွမ်းတွေက အဓိကကျခဲ့ပါတယ်။ ဂျာမနီလက်ရွေးစင်အသင်းရဲ့အနာဂတ်မှာတောက်ပလာမယ့် ကြယ်တစ်ပွင့်အဖြစ် ထင်ကြေးပေးခံနေရတဲ့ တီမိုဝါနာဟာ ဘွန်ဒက်လီဂါ(၈)ပွဲမှာ (၆)ဂိုးအထိသွင်းယူပေးထားတဲ့ ကစားသမားဖြစ်ပြီး၊ ဂျာမနီအသင်းကြီးအတွက်လည်း (၂၈)ပွဲကစားထားရာမှာ (၁၁)ဂိုးအထိသွင်းယူနိုင်ခဲ့ပါတယ်။

သူ့ကိုအလိုရှိနေတဲ့အသင်းတွေထဲမှာ ပရီးမီးယားလိဂ်အသင်းတွေဖြစ်တဲ့ လီဗာပူးလ်နဲ့မန်ယူနိုက်တက်အသင်းတွေက ထိပ်ဆုံးကဖြစ်ပြီး၊ ယူနိုက်တက်ဆိုရင် တီမိုဝါနာကိုခေါ်ယူဖို့ စောင့်ကြည့်မှုတွေပြုလုပ်နေခဲ့တာကြာပြီဖြစ်ပါတယ်။ ဒါပေမဲ့ အခုအချိန်မှာတော့ ကာယကံရှင်ကိုယ်တိုင်က သူကစားချင်တဲ့အသင်းကို ထုတ်ပြောလိုက်ပြီဖြစ်လို့ ယူနိုက်တက်အသင်းအနေနဲ့ လာမယ့်ဇန်နဝါရီဈေးကွက်အတွင်း လှုပ်ရှားဖို့ပဲကျန်ပါတော့တယ်။

တီမိုဝါနာက-

“ပရီးမီးယားလိဂ်မှာ ကစားဖို့ဆိုတာက ကျွန်တော့်ရဲ့ အိမ်မက်တစ်ခုဖြစ်ပါတယ်။ နှစ်သင်း သို့မဟုတ် သုံးသင်းထဲက တစ်သင်းမှာကစားပေးချင်ပါတယ် အဲ့အသင်းတွေထဲမှာ မန်ချက်စတာယူနိုက်တက်အသင်းလည်းပါဝင်ပါတယ်။ ဒါပေမယ့် ကျွန်တော်ဆုံးဖြတ်ချက်ချရတော့မယ်ဆိုရင် လီဗာပူးအသင်းထက် မန်ချက်စတာယူနိုက်တက်အသင်းမှာ ကစားဖို့ ပိုပြီးစိတ်ဆန္ဒရှိပါတယ် “လို့ ထုတ်ဖော်ဝန်ခံသွားခဲ့တာပါ။

အသက်(၂၃)နှစ်သာရှိသေးတဲ့ တီမိုဝါနာဟာ မန်ချက်စတာယူနိုက်တက်ရဲ့ကာလရှည်ပစ်မှတ်တစ်ခုလည်းဖြစ်လို့ သူ့ကိုခေါ်ယူမယ်ဆိုရင်တော့ ယူနိုက်တက်အတွက် ဇန်နဝါရီဟာ အချိန်အခါကောင်းတစ်ခုလို့ဆိုရမှာပဲဖြစ်ပါတယ်။

လူညိုချော@SportsGabar