အိုလံပီယာေကာ့ပရိသတ္ေတြရဲ႕တိုက္ခိုက္မႈေၾကာင့္ဘိုင္ယန္ပရိသတ္ေတြေသြးေျမက်

အဂါၤေန႔ကျပဳလုပ္ခဲ့တဲ့ ဘိုင္ယန္ျမဴးနစ္အသင္းနဲ႔အိုလန္ပီယာေကာ့အသင္းတို႔ရဲ႕ ယူအီးအက္ဖ္ေအလူငယ္လိဂ္ျပိဳင္ပြဲမွာ ပြဲခ်ိန္ဒုတိယပိုင္းအတြင္း အိုလံပီယာေကာ့ပရိသတ္ေတြ ျပိဳင္ဘက္ဘိုင္ယန္ျမဴးနစ္ပရိသတ္ေတြကို တိုက္ခိုက္မႈျဖစ္ပြားခဲ့ပါတယ္။

ဘိုင္ယန္လူငယ္အသင္းက အိုလံပီယာေကာ့လူငယ္အသင္းကို(၄)ဂိုးျပတ္နဲ႔အႏိုင္ရေနခ်ိန္ ေဒါသထြက္ေနတဲ့ အိုလံပရီယာေကာ့ပရိသတ္ေတြဟာ လက္နက္ေတြကိုင္ေဆာင္ျပီး ကြင္းအတြင္း ဝင္ေရာက္ကာ ဘိုင္ယန္ပရိသတ္ေတြကို ထိုးၾကိတ္ရိုက္ႏွက္ခဲ့ၾကတာပါ။ ဒါေၾကာင့္ ဘိုင္ယန္ပရိသတ္ေတြဟာ နဖူးျပဲသူျပဲ၊ ေခါင္းကြဲသူကြဲနဲ႔ ေတာ္ေတာ္ေလးကို အလဲလဲအျပိဳျပိဳျဖစ္ခဲ့ရျပီး၊ ေသြးထြက္သံယိုျဖစ္ကာ (၄)ေယာက္ကေတာ့ ဒဏ္ရာ အျပင္းအထန္ရခဲ့ၾကတယ္လို႔ ကနဦးသိရပါတယ္။

ဒီလူအုပ္ၾကီးဟာ အခုလိုေသာင္းက်န္းဖို႔အတြက္ အစကတည္းကရည္ရြယ္ခ်က္ရွိရွိျပင္ဆင္လာခဲ့ပံုရျပီး၊ ေတာ္ေတာ္မ်ားမ်ားဟာ ကြင္းရဲ႕အေနာက္ဘက္တစ္ခါးေပါက္ကေန ဝင္ေရာက္လာခဲ့ၾကတာျဖစ္တဲ့အတြက္ အိုလံပီယာေကာ့အသင္းရဲ႕လံုျခံဳေရးအစီအမံဟာလည္း ေမးခြန္းထုတ္ခံခဲ့ရပါတယ္။

မ်က္ႏွာဖုံးေတြတပ္ထားျပီး အလံုးအရင္းနဲ႔ဝင္လာတဲ့ လူ(၅၀)ခန္႔ရွိ လူအုပ္ၾကီးကို လံုျခံဳေရးေတြလည္း အခ်ိန္မီ မတားဆီးႏိုင္ခဲ့တာေၾကာင့္ အိမ္ရွင္အိုလံပီယာေကာ့စ္အတြက္ေတာ့ အရွက္ရစရာျဖစ္ခဲ့ပါတယ္။ မေန႔ညက ယွဥ္ျပိဳင္ခဲ့တဲ့ ခ်န္ပီယံလိဂ္ပြဲစဥ္မွာ ဘိုင္ယန္အသင္းၾကီးက အိုလံပီယာေကာ့ကို အႏိုင္ရခဲ့တာေၾကာင့္ ဒါကိုအစာမေက်ျဖစ္ေနတဲ့ အိုလံပီယာေကာ့ ပရိသတ္ေတြဟာ လံုျခံဳေရးအားနည္းတဲ့ လူငယ္လိဂ္ပြဲစဥ္ဘက္ကို ေျပာင္းလဲပစ္မွတ္ထားခဲ့ပံုရပါတယ္။

ဂရိကလပ္အေနနဲ႔ ယူအီးအက္ဖ္ေအရဲ႕ျပင္းထန္တဲ့ အေရးယူဒဏ္ခက္မႈေတြနဲ႔လည္း ရင္ဆိုင္ရေတာ့မွာေသခ်ာေနေပမဲ့ ဒီလိုအေရးယူမႈေတြဟာ အိုလံပီယာေကာ့စ္အသင္းၾကီးရဲ႕ပြဲစဥ္ေတြအေပၚ သက္ေရာက္မႈရွိမရွိကိုေတာ့ မသိရေသးပါဘူး။

လူညိဳေခ်ာ@SportsGabar

Unicode

အိုလံပီယာကော့ပရိသတ်တွေရဲ့တိုက်ခိုက်မှုကြောင့်ဘိုင်ယန်ပရိသတ်တွေသွေးမြေကျ

အဂါၤနေ့ကပြုလုပ်ခဲ့တဲ့ ဘိုင်ယန်မြူးနစ်အသင်းနဲ့အိုလန်ပီယာကော့အသင်းတို့ရဲ့ ယူအီးအက်ဖ်အေလူငယ်လိဂ်ပြိုင်ပွဲမှာ ပွဲချိန်ဒုတိယပိုင်းအတွင်း အိုလံပီယာကော့ပရိသတ်တွေ ပြိုင်ဘက်ဘိုင်ယန်မြူးနစ်ပရိသတ်တွေကို တိုက်ခိုက်မှုဖြစ်ပွားခဲ့ပါတယ်။

ဘိုင်ယန်လူငယ်အသင်းက အိုလံပီယာကော့လူငယ်အသင်းကို(၄)ဂိုးပြတ်နဲ့အနိုင်ရနေချိန် ဒေါသထွက်နေတဲ့ အိုလံပရီယာကော့ပရိသတ်တွေဟာ လက်နက်တွေကိုင်ဆောင်ပြီး ကွင်းအတွင်း ဝင်ရောက်ကာ ဘိုင်ယန်ပရိသတ်တွေကို ထိုးကြိတ်ရိုက်နှက်ခဲ့ကြတာပါ။ ဒါကြောင့် ဘိုင်ယန်ပရိသတ်တွေဟာ နဖူးပြဲသူပြဲ၊ ခေါင်းကွဲသူကွဲနဲ့ တော်တော်လေးကို အလဲလဲအပြိုပြိုဖြစ်ခဲ့ရပြီး၊ သွေးထွက်သံယိုဖြစ်ကာ (၄)ယောက်ကတော့ ဒဏ်ရာ အပြင်းအထန်ရခဲ့ကြတယ်လို့ ကနဦးသိရပါတယ်။

ဒီလူအုပ်ကြီးဟာ အခုလိုသောင်းကျန်းဖို့အတွက် အစကတည်းကရည်ရွယ်ချက်ရှိရှိပြင်ဆင်လာခဲ့ပုံရပြီး၊ တော်တော်များများဟာ ကွင်းရဲ့အနောက်ဘက်တစ်ခါးပေါက်ကနေ ဝင်ရောက်လာခဲ့ကြတာဖြစ်တဲ့အတွက် အိုလံပီယာကော့အသင်းရဲ့လုံခြုံရေးအစီအမံဟာလည်း မေးခွန်းထုတ်ခံခဲ့ရပါတယ်။

မျက်နှာဖုံးတွေတပ်ထားပြီး အလုံးအရင်းနဲ့ဝင်လာတဲ့ လူ(၅၀)ခန့်ရှိ လူအုပ်ကြီးကို လုံခြုံရေးတွေလည်း အချိန်မီ မတားဆီးနိုင်ခဲ့တာကြောင့် အိမ်ရှင်အိုလံပီယာကော့စ်အတွက်တော့ အရှက်ရစရာဖြစ်ခဲ့ပါတယ်။ မနေ့ညက ယှဉ်ပြိုင်ခဲ့တဲ့ ချန်ပီယံလိဂ်ပွဲစဉ်မှာ ဘိုင်ယန်အသင်းကြီးက အိုလံပီယာကော့ကို အနိုင်ရခဲ့တာကြောင့် ဒါကိုအစာမကျေဖြစ်နေတဲ့ အိုလံပီယာကော့ ပရိသတ်တွေဟာ လုံခြုံရေးအားနည်းတဲ့ လူငယ်လိဂ်ပွဲစဉ်ဘက်ကို ပြောင်းလဲပစ်မှတ်ထားခဲ့ပုံရပါတယ်။

ဂရိကလပ်အနေနဲ့ ယူအီးအက်ဖ်အေရဲ့ပြင်းထန်တဲ့ အရေးယူဒဏ်ခက်မှုတွေနဲ့လည်း ရင်ဆိုင်ရတော့မှာသေချာနေပေမဲ့ ဒီလိုအရေးယူမှုတွေဟာ အိုလံပီယာကော့စ်အသင်းကြီးရဲ့ပွဲစဉ်တွေအပေါ် သက်ရောက်မှုရှိမရှိကိုတော့ မသိရသေးပါဘူး။

လူညိုချော@SportsGabar