ဆယ့္တစ္မိနစ္အတြင္း(၃)ဂိုးသြင္းခဲ့တဲ့အံ့ဖြယ္စတာလင္

မေန႕ညက ခ်န္ပီယံလိဂ္အုပ္စုအဆင့္ပြဲစဥ္တစ္ပြဲျဖစ္တဲ့ မန္စီးတီးအသင္းနဲ႔အတၱလႏၱာအသင္းတို႔ရဲ႕ပြဲမွာ အိမ္ရွင္မန္စီးတီးအသင္းက (၅)ဂိုး၊ (၁)ဂိုးနဲ႔အႏိုင္ရသြားခဲ့ျပီး၊ အုပ္စု(C)မွာ ထိပ္ဆံုးက ဦးေဆာင္ႏိုင္ခဲ့ပါတယ္။

ဒီႏိုင္ပြဲမွာ မန္စီးတီးရဲ႕သူရဲေကာင္းျဖစ္ခဲ့တဲ့သူကေတာ့ ေတာင္ပံကစားသမား စတာလင္ပဲျဖစ္ပါတယ္။ မန္စီးတီးဟာ အတၱလႏၱာကို ပင္နယ္တီကတစ္ဆင့္ အဖြင့္ဂိုးေပးလိုက္ရျပီးေနာက္ ေျခပဂိုးရဖို႔ ရုန္းကန္ခဲ့ရပါေသးတယ္။ ဒါေပမဲ့လည္း ပြဲခ်ိန္(၃၃)မိနစ္မွာ စတာလင္ရဲ႕အတိုးအလႈပ္နဲ႔အတူ ျဖတ္တင္ေပးပို႔လိုက္တာကို ဂိုးေ့ရွမွာေစာင့္ေနတဲ့ အဂူရိုကပိတ္သြင္းယူခဲ့ျပီး၊ ေျခပဂိုးျဖစ္ေစခဲ့ပါတယ္။ အဲဒီ့ေနာက္ သိပ္မၾကာခင္မွာပဲ မန္စီးတီးတို႔ အႏိုင္ဂိုးရသြားခဲ့ျပီး၊ ဒီဂိုးကလည္း စတာလင္ေၾကာင့္ရခဲ့တဲ့ပင္နယ္တီကို အဂူရိုကအဆံုးသတ္ကန္သြင္းရယူခဲ့တာပါ။

ဒုတိယပိုင္းပြဲခ်ိန္(၅၇)မိနစ္မွာေတာ့ ထိန္းမႏိုင္သိမ္းမရေအာင္ ေျခစြမ္းတက္လာတဲ့ စတာလင္က ကိုယ္တိုင္ဂိုးသြင္းယူႏိုင္ခဲ့ျပီး၊ (၆၃)မိနစ္နဲ႔(၆၈)မိနစ္ေတြမွာ ဆက္တိုက္ဆိုသလို ဂိုးေတြထပ္မံသြင္းယူႏိုင္ခဲ့ပါတယ္။ ဒါဟာ စတာလင္အတြက္ေတာ့ ပထမဆံုး ဟက္ထရစ္ရခဲ့တာျဖစ္သလို ဒီရာသီ ႏိုင္ငံအသင္းနဲ႔ကလပ္အတြက္ သူသြင္းထားတဲ့ ဂိုးအေရအတြက္ကလည္း (၁၆)ဂိုးအထိ ရွိသြားခဲ့ျပီးလည္းျဖစ္ပါတယ္။ စတာလင္နဲ႔ပတ္သက္ျပီး နည္းျပဂြါဒီယိုလာကေတာ့-

” စတာလင္က ဒီ့ထက္ပိုေကာင္းလာဦးမွာပါ၊ ဒီေန႔ရခဲ့တဲ့ ဂိုးအားလံုးဟာ သူ႔ေၾကာင့္ပါ၊ သူဟာရုပ္ပိုင္းဆိုင္ရာမွာ တကယ့္ကို မယံုၾကည္ႏိုင္စရာ ေကာင္ေလးတစ္ေယာက္ပါပဲ၊ ျပီးေတာ့ တိုက္စစ္ကိုအေထာက္အပံ့ေပးႏိုင္သလို ခံစစ္ကိုလည္း ဆင္းကူႏိုင္တဲ့ သူပါ၊ စတာလင္ဟာ သာမန္ထက္ပိုတဲ့ ကစားသမားတစ္ေယာက္ပါပဲ ” လို႔ ခ်ီးက်ဴးသြားခဲ့ပါတယ္။

ဒီႏိုင္ပြဲေၾကာင့္ မန္စီးတီးဟာ ရာႏႈန္းျပည့္ႏိုင္ပြဲေတြနဲ႔အတူ (၃)ပြဲေပါင္း (၉)မွတ္ရရွိထားကာ ဒုတိယေနရာက ဒိုင္နမိုဇာဂရက္ကို (၅)မွတ္အထိျဖတ္ေတာက္ႏိုင္ခဲ့သလို၊ အုပ္စုဗိုလ္အျဖစ္နဲ႔ေနာက္တစ္ဆင့္ကိုတက္ေရာက္ႏိုင္ဖို႔လည္း အေျခအေနေကာင္းတစ္ရပ္ကို ပိုင္ဆိုင္သြားခဲ့ပါတယ္။

လူညိဳေခ်ာ@SportsGabar

Unicode

ဆယ့်တစ်မိနစ်အတွင်း(၃)ဂိုးသွင်းခဲ့တဲ့အံ့ဖွယ်စတာလင်

မနေ့ညက ချန်ပီယံလိဂ်အုပ်စုအဆင့်ပွဲစဉ်တစ်ပွဲဖြစ်တဲ့ မန်စီးတီးအသင်းနဲ့အတ္တလန္တာအသင်းတို့ရဲ့ပွဲမှာ အိမ်ရှင်မန်စီးတီးအသင်းက (၅)ဂိုး၊ (၁)ဂိုးနဲ့အနိုင်ရသွားခဲ့ပြီး၊ အုပ်စု(C)မှာ ထိပ်ဆုံးက ဦးဆောင်နိုင်ခဲ့ပါတယ်။

ဒီနိုင်ပွဲမှာ မန်စီးတီးရဲ့သူရဲကောင်းဖြစ်ခဲ့တဲ့သူကတော့ တောင်ပံကစားသမား စတာလင်ပဲဖြစ်ပါတယ်။ မန်စီးတီးဟာ အတ္တလန္တာကို ပင်နယ်တီကတစ်ဆင့် အဖွင့်ဂိုးပေးလိုက်ရပြီးနောက် ခြေပဂိုးရဖို့ ရုန်းကန်ခဲ့ရပါသေးတယ်။ ဒါပေမဲ့လည်း ပွဲချိန်(၃၃)မိနစ်မှာ စတာလင်ရဲ့အတိုးအလှုပ်နဲ့အတူ ဖြတ်တင်ပေးပို့လိုက်တာကို ဂိုးေ့ရှမှာစောင့်နေတဲ့ အဂူရိုကပိတ်သွင်းယူခဲ့ပြီး၊ ခြေပဂိုးဖြစ်စေခဲ့ပါတယ်။ အဲဒီ့နောက် သိပ်မကြာခင်မှာပဲ မန်စီးတီးတို့ အနိုင်ဂိုးရသွားခဲ့ပြီး၊ ဒီဂိုးကလည်း စတာလင်ကြောင့်ရခဲ့တဲ့ပင်နယ်တီကို အဂူရိုကအဆုံးသတ်ကန်သွင်းရယူခဲ့တာပါ။

ဒုတိယပိုင်းပွဲချိန်(၅၇)မိနစ်မှာတော့ ထိန်းမနိုင်သိမ်းမရအောင် ခြေစွမ်းတက်လာတဲ့ စတာလင်က ကိုယ်တိုင်ဂိုးသွင်းယူနိုင်ခဲ့ပြီး၊ (၆၃)မိနစ်နဲ့(၆၈)မိနစ်တွေမှာ ဆက်တိုက်ဆိုသလို ဂိုးတွေထပ်မံသွင်းယူနိုင်ခဲ့ပါတယ်။ ဒါဟာ စတာလင်အတွက်တော့ ပထမဆုံး ဟက်ထရစ်ရခဲ့တာဖြစ်သလို ဒီရာသီ နိုင်ငံအသင်းနဲ့ကလပ်အတွက် သူသွင်းထားတဲ့ ဂိုးအရေအတွက်ကလည်း (၁၆)ဂိုးအထိ ရှိသွားခဲ့ပြီးလည်းဖြစ်ပါတယ်။ စတာလင်နဲ့ပတ်သက်ပြီး နည်းပြဂွါဒီယိုလာကတော့-

” စတာလင်က ဒီ့ထက်ပိုကောင်းလာဦးမှာပါ၊ ဒီနေ့ရခဲ့တဲ့ ဂိုးအားလုံးဟာ သူ့ကြောင့်ပါ၊ သူဟာရုပ်ပိုင်းဆိုင်ရာမှာ တကယ့်ကို မယုံကြည်နိုင်စရာ ကောင်လေးတစ်ယောက်ပါပဲ၊ ပြီးတော့ တိုက်စစ်ကိုအထောက်အပံ့ပေးနိုင်သလို ခံစစ်ကိုလည်း ဆင်းကူနိုင်တဲ့ သူပါ၊ စတာလင်ဟာ သာမန်ထက်ပိုတဲ့ ကစားသမားတစ်ယောက်ပါပဲ ” လို့ ချီးကျူးသွားခဲ့ပါတယ်။

ဒီနိုင်ပွဲကြောင့် မန်စီးတီးဟာ ရာနှုန်းပြည့်နိုင်ပွဲတွေနဲ့အတူ (၃)ပွဲပေါင်း (၉)မှတ်ရရှိထားကာ ဒုတိယနေရာက ဒိုင်နမိုဇာဂရက်ကို (၅)မှတ်အထိဖြတ်တောက်နိုင်ခဲ့သလို၊ အုပ်စုဗိုလ်အဖြစ်နဲ့နောက်တစ်ဆင့်ကိုတက်ရောက်နိုင်ဖို့လည်း အခြေအနေကောင်းတစ်ရပ်ကို ပိုင်ဆိုင်သွားခဲ့ပါတယ်။

လူညိုချော@SportsGabar