နည္းျပဆာရီရဲ႕လက္ေအာက္မွာေပ်ာ္ရႊင္ေနရတဲ့အေၾကာင္းအရင္းကိုထုတ္ေျပာလိုက္တဲ့ဒိုေလး

ဂ်ဴဗင္တပ္အသင္းရဲ႕တိုက္စစ္မွဴး စီေရာ္နယ္ဒိုကေတာ့ သူ႔အသင္းဟာနည္းျပသစ္ ဆာရီရဲ႕လက္ေအာက္မွာ ပိုမိုတိုးတက္လာခဲ့ျပီး၊ ဆာရီရဲ႕လက္ေအာက္မွာကစားရတာ ေပ်ာ္ရႊင္ေနေၾကာင္း ထုတ္ေဖာ္ေျပာၾကားလိုက္ပါတယ္။

ဆာရီဟာ ျပီးခဲ့တဲ့ေဘာလံုးရာသီမွာ ခ်ဲလ္ဆီးအသင္းကို ယူရိုပါလိဂ္ဖလားရယူေပးခဲ့ျပီးေနာက္ ဂ်ဴဗင္တပ္အသင္းထံကို ဆိုင္းမဆင့္ ဗံုမဆင့္ေရာက္လာခဲ့သူျဖစ္ပါတယ္။ ဒီလိုေျပာင္းေရႊ႕လာခဲ့လို႔ ဆာရီအေနနဲ႔ နာပိုလီပရိသတ္ေတြရဲ႕မုန္းတီးမႈကိုလည္း ခံခဲ့ရပါေသးတယ္။ လက္ရွိမွာေတာ့ ဆာရီရဲ႕ဂ်ဴဗင္တပ္အသင္းဟာ စီးရီးေအ(၈)ပြဲကစားျပီးခ်ိန္မွာ ရံႈးပြဲမရွိေသးပဲ ဒုတိယေနရာက အင္တာမီလန္ကို(၁)မွတ္ျဖတ္ကာ အဆင့္(၁)ေနရာမွာ ရပ္တည္ေနပါတယ္။

ဒီလိုရလဒ္ေကာင္းေတြရရွိေအာင္ စြမ္းေဆာင္ေပးထားႏိုင္တဲ့ နည္းျပဆာရီရဲ႕လက္ေအာက္မွာကစားရတာနဲ႔ အယ္လီဂရီလက္ေအာက္မွာကစားခဲ့ရတဲ့ ျခားနားခ်က္ကိုလည္းေရာ္နယ္ဒိုက ႏိႈင္းယွဥ္သြားခဲ့ျပီး၊ လက္ရွိ ဂ်ဴဗင္တပ္ဟာ ပိုေကာင္းတဲ့ အသင္းျဖစ္လာတယ္လို႔ ေပၚတူဂီစတားက ယံုၾကည္ေနပါတယ္။ ေရာ္နယ္ဒိုက-

” ဆာရီရဲ႕လက္ထက္မွာ ကြ်န္ေတာ္တို႔ပိုျပီးတိုးတက္လာခဲ့ပါတယ္၊ ကြ်န္ေတာ့္အေနနဲ႔လည္း ကစားရတာပိုျပီးလြတ္လပ္လာတယ္လို႔ခံစားရတယ္၊ သူ႔လက္ေအာက္မွာကစားရတာ ကြ်န္ေတာ့္အတြက္ေတာ့ ေပ်ာ္ဖို႔ေကာင္းပါတယ္ ” ” အယ္လီဂရီနဲ႔တုန္းကလည္း ကြ်န္ေတာ္တို႔ ရလဒ္ေကာင္းေတြရရွိခဲ့ေပမဲ့ ဆာရီေရာက္လာျပီးေနာက္ ကြ်န္ေတာ္တို႔ ပိုမိုေကာင္းမြန္လာပါတယ္ ”

” ကြ်န္ေတာ့္အေနနဲ႔လည္း ကြ်န္ေတာ္ေကာင္းမယ္ထင္တဲ့ ေနရာလြတ္ေတြကို ကိုယ္တိုင္ရွာေဖြျပီး ကစားရတဲ့အတြက္ လႈပ္ရွားရတာလည္း ပိုျပီးလြတ္လပ္လာပါတယ္၊ အရင္ကထက္စာရင္ ဆာရီရဲ႕ကစားကြက္ေတြေအာက္မွာ ဂိုးသြင္းခြင့္ေတြလည္း ပိုရလာျပီးေတာ့ ေဘာလံုးပိုင္ဆိုင္မႈလည္း ပိုရလာခဲ့ပါတယ္၊ ေသခ်ာတာကေတာ့ ဆာရီရဲ႕လက္ေအာက္မွာ ကြ်န္ေတာ္အရမ္းေပ်ာ္ေနပါတယ္ ” လို႔ေျပာသြားခဲ့ပါတယ္။

လူညိဳေခ်ာ@SportsGabar

Unicode

နည်းပြဆာရီရဲ့လက်အောက်မှာပျော်ရွှင်နေရတဲ့အကြောင်းအရင်းကိုထုတ်ပြောလိုက်တဲ့ဒိုလေး

ဂျူဗင်တပ်အသင်းရဲ့တိုက်စစ်မှူး စီရော်နယ်ဒိုကတော့ သူ့အသင်းဟာနည်းပြသစ် ဆာရီရဲ့လက်အောက်မှာ ပိုမိုတိုးတက်လာခဲ့ပြီး၊ ဆာရီရဲ့လက်အောက်မှာကစားရတာ ပျော်ရွှင်နေကြောင်း ထုတ်ဖော်ပြောကြားလိုက်ပါတယ်။

ဆာရီဟာ ပြီးခဲ့တဲ့ဘောလုံးရာသီမှာ ချဲလ်ဆီးအသင်းကို ယူရိုပါလိဂ်ဖလားရယူပေးခဲ့ပြီးနောက် ဂျူဗင်တပ်အသင်းထံကို ဆိုင်းမဆင့် ဗုံမဆင့်ရောက်လာခဲ့သူဖြစ်ပါတယ်။ ဒီလိုပြောင်းရွှေ့လာခဲ့လို့ ဆာရီအနေနဲ့ နာပိုလီပရိသတ်တွေရဲ့မုန်းတီးမှုကိုလည်း ခံခဲ့ရပါသေးတယ်။ လက်ရှိမှာတော့ ဆာရီရဲ့ဂျူဗင်တပ်အသင်းဟာ စီးရီးအေ(၈)ပွဲကစားပြီးချိန်မှာ ရှုံးပွဲမရှိသေးပဲ ဒုတိယနေရာက အင်တာမီလန်ကို(၁)မှတ်ဖြတ်ကာ အဆင့်(၁)နေရာမှာ ရပ်တည်နေပါတယ်။

ဒီလိုရလဒ်ကောင်းတွေရရှိအောင် စွမ်းဆောင်ပေးထားနိုင်တဲ့ နည်းပြဆာရီရဲ့လက်အောက်မှာကစားရတာနဲ့ အယ်လီဂရီလက်အောက်မှာကစားခဲ့ရတဲ့ ခြားနားချက်ကိုလည်းရော်နယ်ဒိုက နှိုင်းယှဉ်သွားခဲ့ပြီး၊ လက်ရှိ ဂျူဗင်တပ်ဟာ ပိုကောင်းတဲ့ အသင်းဖြစ်လာတယ်လို့ ပေါ်တူဂီစတားက ယုံကြည်နေပါတယ်။ ရော်နယ်ဒိုက-

” ဆာရီရဲ့လက်ထက်မှာ ကျွန်တော်တို့ပိုပြီးတိုးတက်လာခဲ့ပါတယ်၊ ကျွန်တော့်အနေနဲ့လည်း ကစားရတာပိုပြီးလွတ်လပ်လာတယ်လို့ခံစားရတယ်၊ သူ့လက်အောက်မှာကစားရတာ ကျွန်တော့်အတွက်တော့ ပျော်ဖို့ကောင်းပါတယ် ” ” အယ်လီဂရီနဲ့တုန်းကလည်း ကျွန်တော်တို့ ရလဒ်ကောင်းတွေရရှိခဲ့ပေမဲ့ ဆာရီရောက်လာပြီးနောက် ကျွန်တော်တို့ ပိုမိုကောင်းမွန်လာပါတယ် ”

” ကျွန်တော့်အနေနဲ့လည်း ကျွန်တော်ကောင်းမယ်ထင်တဲ့ နေရာလွတ်တွေကို ကိုယ်တိုင်ရှာဖွေပြီး ကစားရတဲ့အတွက် လှုပ်ရှားရတာလည်း ပိုပြီးလွတ်လပ်လာပါတယ်၊ အရင်ကထက်စာရင် ဆာရီရဲ့ကစားကွက်တွေအောက်မှာ ဂိုးသွင်းခွင့်တွေလည်း ပိုရလာပြီးတော့ ဘောလုံးပိုင်ဆိုင်မှုလည်း ပိုရလာခဲ့ပါတယ်၊ သေချာတာကတော့ ဆာရီရဲ့လက်အောက်မှာ ကျွန်တော်အရမ်းပျော်နေပါတယ် ” လို့ပြောသွားခဲ့ပါတယ်။

လူညိုချော@SportsGabar