
အာဆင်နယ်အသင်းခေါင်းဆောင် ဇာခါကတော့ အာဆင်နယ်ကစားသမားတွေကို ကလေးတွေလို့ ဝေဖန်ခဲ့တဲ့ မန်ချက်စတာယူနိုက်တက်နောက်ခံလူဟောင်း အီဗရာကို ဒေါသတကြီးတုန့်ပြန်လိုက်ပါတယ်။

အာဆင်နယ်က ရှက်ဖီးယူနိုက်တက်အသင်းကို (၁)ဂိုး ဂိုးမရှိနဲ့ ရှုံးနိမ့်ခဲ့တဲ့ပွဲအပြီးမှာ အီဗရာဟာ အာဆင်နယ်ကစားသမားတွေဟာ အရင်တုန်းကရော အခုရော ကလေးတွေလိုဖြစ်နေဆဲပဲဆိုပြီး သူ့အနေနဲ့ အထင်ကြီးစရာ တစ်ကွက်မှာမရှိကြောင်းပြောကာ စကားနာထိုးခဲ့တာဖြစ်ပါတယ်။ အီဗရာက-

” လွန်ခဲ့တဲ့ (၁၀)နှစ်လောက်တုန်းက ကျွန်တော်သူတို့ကို ကလေးတွေလို့ ခေါ်ခဲ့တယ်၊ အခုထိလည်း သူတို့ဟာ ဘာမှမပြောင်းလဲသေးပါဘူး၊ အာဆင်နယ်ကစားသမားတွေဟာ ကျွန်တော့်အမြင်မှာတော့ ကလေးတွေပါပဲ ” လို့ ပေါ်တင်ပဲ ဝေဖန်သွားခဲ့တာပါ။ ဒါနဲ့ပတ်သက်ပြီး မခံမရပ်နိုင်ဖြစ်နေတဲ့ အာဆင်နယ်အသင်းခေါင်းဆောင် ဇာခါကတော့ အီဗရာကို ဒေါသတကြီးတုန့်ပြန်ခဲ့ပါတယ်။ ဇာခါက-

” လူတွေများ စကားတော်တော်များနိုင်ကြတယ်၊ ကျွန်တော် အီဗရာအပေါ်မှာ လေးစားမှုရှိခဲ့တယ်၊ ဘာကြောင့်လဲဆိုတော့ သူက ကြီးကျယ်တဲ့ကစားသမားတစ်ယောက်ဖြစ်ခဲ့လို့ပါ၊ ဒါပေမဲ့ သူ့အနေနဲ့ ကိုယ်ပြောတဲ့စကားကိုတော့ ကိုယ်ဂရုစိုက်သင့်တယ်၊ ဒီလိုေ-ာက်စကားသံတွေ တိတ်သွားအောင် ကျွန်တော်တို့ ကြိုးစားသွားမယ် ” လို့ ခပ်တင်းတင်းတုန့်ပြန်ခဲ့တာပါ။

အီဗရာဟာ ယူနိုက်တက်အတွက် ကစားပေးနေစဉ်အချိန်မှာကတည်းက အာဆင်နယ်အသင်းအပေါ်မှာ လေးစားမှုတစ်စက်လေးမှမရှိသူဖြစ်ပြီး၊ သူ့အနေနဲ့ အာဆင်နယ်အသင်းနဲ့ကစားရတော့မယ်ဆိုရင် အလွန်ပျော်ရွှင်မိကြောင်း၊ ဘာကြောင့်လဲဆိုတော့ အနိုင်ရမှာကိုကြိုသိနေလို့ဖြစ်ကြောင်း စတဲ့အပြောအဆိုတွေအပြင် ခနဲ့တဲ့ စကားတွေနဲ့ မကြာခဏဆိုသလို တိုက်ခိုက်လေ့ရှိသူဖြစ်ပါတယ်။

လူညိုချော@SportsGabar

Unicode

အီဗရာရဲ့စကားကိုဒေါသတကြီးတုံ့ပြန်လိုက်တဲ့ဇာခါ