အာဆင္နယ္ကစားသမားဘက္ကေ့ရွေနလိုက္ေပးခဲ့တဲ့သရဲနီေဟာင္းအီဗရာ

မန္ခ်က္စတာယူႏိုက္တက္အသင္းရဲ႕ခံစစ္ကစားသမားေဟာင္း ပတ္ထရစ္အီဗရာကေတာ့ ေျခစြမ္းမျပႏိုင္လို႔ ေဝဖန္ခံေနရတဲ့ အာဆင္နယ္ကစားသမား နီကိုးလပ္ ပီပီဘက္ကေန ကာကြယ္ေျပာၾကားမႈေတြျပဳလုပ္သြားခဲ့ပါတယ္။

ပီပီဟာယခုႏွစ္ရာသီမွာ လိုင္လီအသင္းကေန အာဆင္နယ္အသင္းထံ ကလပ္စံခ်ိန္တင္ေျပာင္းေရြ႕ေၾကးနဲ႔ေရာက္ရွိလာခဲ့သူျဖစ္ျပီး၊ လတ္တေလာမွာေတာ့ ပရိးမီးယားလိဂ္နဲ႔ အသားက်ဖို႔ ရုန္းကန္ေနရပါတယ္။ ဒါေပမဲ့လည္း အာဆင္နယ္ရဲ႕ရလဒ္ပိုင္းမတည္ျငိမ္မႈနဲ႔ပတ္သက္လို႔ ပီပီအေပၚမွာ က်ေရာက္ေနတဲ့ ဖိအားေတြဟာ တရားမွ်တမႈမရွိဘူးလို႔ အီဗရာက ထင္ေနပါတယ္။ ဒါေၾကာင့္ အီဗရာက-

” ေျပာင္းေရႊ႕ေၾကးျမင့္မားေနတာက သူ႔အတြက္အကူအညီမျဖစ္ေစတဲ့အျပင္ ဖိအားေတြကိုသာေပးပါတယ္၊ တခ်ိဳ႕ပရိသတ္ေတြက ဒါကိုနားမလည္ၾကပါဘူး၊ ပထမဆံုးရာသီမွာပဲ သူ႔ဆီက သြင္းဂိုး(၃၀)ေလာက္ရမယ္လို႔ အာမ မခံႏိုင္ပါဘူး ” “အူဘာမီယန္ကိုၾကည့္ပါ၊ သြင္းဂိုးေတြအမ်ားၾကီးသြင္းႏိုင္ဖို႔ သူဟာ ကြဲျပားျခားနားတဲ့ အေျခအေနေတြမွာ ႏွစ္ေပါင္းမ်ားစြာ ကစားခဲ့ရပါတယ္…”

” ပီပီကိုအခ်ိန္ေပးဖို႔လိုအပ္ပါတယ္၊ ကြ်န္ေတာ့္အေနနဲ႔ကေတာ့ ဒီကစားသမားအေပၚမွာ ယံုၾကည္မႈအျပည့္အဝရွိပါတယ္၊ သူက ပရီးမီယားလိဂ္မွာအသားက်ဖို႔ပဲ လိုေနတာပါ၊ အဲဒီ့အတြက္ သူ႔အေနနဲ႔ဒီ့ထက္ပိုမိုသန္မာဖို႔လိုပါတယ္၊ သူ႔မွာအရည္အေသြးကေတာ့ရွိျပီးသားပါ၊ ဒါေပမဲ့ ရုပ္ပိုင္းဆိုင္ရာပါ ၾကံ့ခိုင္သန္မာဖို႔ လိုအပ္ရင္ ဂ်င္ကစားသင့္ရင္လည္း ကစားရပါမယ္ “လို႔ အၾကံေပးတိုက္တြန္းသြားခဲ့ပါတယ္။

ဆက္လက္ျပီး အီဗရာက သူကိုယ္တိုင္လည္း ယူႏိုက္တက္အသင္းထံ ေရာက္စက အသားက်ဖို႔ရုန္းကန္ခဲ့ရျပီး၊ အသင္းေဟာင္း မိုနာကိုထံျပန္လည္ေရာင္းခ်ခံခဲ့ရဖို႔ နီးစပ္ခဲ့ေသးေၾကာင္း၊ ေနာက္ပိုင္းမွာေတာ့ လူေတြရဲ႕ေလွာင္ရယ္သံေတြက သူ႔ကိုပိုမိုသန္မာေစခဲ့ေၾကာင္းေဖာင္သည္ခ်ခဲ့ျပီး ပီပီကို အားေပးသြားခဲ့ပါတယ္။ လက္ရွိမွာေတာ့ နီကိုးလပ္ပီပီဟာ အာဆင္နယ္အတြက္ (၁၁)ပြဲကစားထားျပီးခ်ိန္မွာ (၁)ဂိုး သြင္းယူခဲ့ျပီး၊ (၃)ၾကိမ္ဂိုးဖန္တီးထားပါတယ္။

လူညိဳေခ်ာ@SportsGabar

Unicode

အာဆင်နယ်ကစားသမားဘက်ကေ့ရှနေလိုက်ပေးခဲ့တဲ့သရဲနီဟောင်းအီဗရာ

မန်ချက်စတာယူနိုက်တက်အသင်းရဲ့ခံစစ်ကစားသမားဟောင်း ပတ်ထရစ်အီဗရာကတော့ ခြေစွမ်းမပြနိုင်လို့ ဝေဖန်ခံနေရတဲ့ အာဆင်နယ်ကစားသမား နီကိုးလပ် ပီပီဘက်ကနေ ကာကွယ်ပြောကြားမှုတွေပြုလုပ်သွားခဲ့ပါတယ်။

ပီပီဟာယခုနှစ်ရာသီမှာ လိုင်လီအသင်းကနေ အာဆင်နယ်အသင်းထံ ကလပ်စံချိန်တင်ပြောင်းရွေ့ကြေးနဲ့ရောက်ရှိလာခဲ့သူဖြစ်ပြီး၊ လတ်တလောမှာတော့ ပရိးမီးယားလိဂ်နဲ့ အသားကျဖို့ ရုန်းကန်နေရပါတယ်။ ဒါပေမဲ့လည်း အာဆင်နယ်ရဲ့ရလဒ်ပိုင်းမတည်ငြိမ်မှုနဲ့ပတ်သက်လို့ ပီပီအပေါ်မှာ ကျရောက်နေတဲ့ ဖိအားတွေဟာ တရားမျှတမှုမရှိဘူးလို့ အီဗရာက ထင်နေပါတယ်။ ဒါကြောင့် အီဗရာက-

” ပြောင်းရွှေ့ကြေးမြင့်မားနေတာက သူ့အတွက်အကူအညီမဖြစ်စေတဲ့အပြင် ဖိအားတွေကိုသာပေးပါတယ်၊ တချို့ပရိသတ်တွေက ဒါကိုနားမလည်ကြပါဘူး၊ ပထမဆုံးရာသီမှာပဲ သူ့ဆီက သွင်းဂိုး(၃၀)လောက်ရမယ်လို့ အာမ မခံနိုင်ပါဘူး ” “အူဘာမီယန်ကိုကြည့်ပါ၊ သွင်းဂိုးတွေအများကြီးသွင်းနိုင်ဖို့ သူဟာ ကွဲပြားခြားနားတဲ့ အခြေအနေတွေမှာ နှစ်ပေါင်းများစွာ ကစားခဲ့ရပါတယ်…”

” ပီပီကိုအချိန်ပေးဖို့လိုအပ်ပါတယ်၊ ကျွန်တော့်အနေနဲ့ကတော့ ဒီကစားသမားအပေါ်မှာ ယုံကြည်မှုအပြည့်အဝရှိပါတယ်၊ သူက ပရီးမီယားလိဂ်မှာအသားကျဖို့ပဲ လိုနေတာပါ၊ အဲဒီ့အတွက် သူ့အနေနဲ့ဒီ့ထက်ပိုမိုသန်မာဖို့လိုပါတယ်၊ သူ့မှာအရည်အသွေးကတော့ရှိပြီးသားပါ၊ ဒါပေမဲ့ ရုပ်ပိုင်းဆိုင်ရာပါ ကြံ့ခိုင်သန်မာဖို့ လိုအပ်ရင် ဂျင်ကစားသင့်ရင်လည်း ကစားရပါမယ် “လို့ အကြံပေးတိုက်တွန်းသွားခဲ့ပါတယ်။

ဆက်လက်ပြီး အီဗရာက သူကိုယ်တိုင်လည်း ယူနိုက်တက်အသင်းထံ ရောက်စက အသားကျဖို့ရုန်းကန်ခဲ့ရပြီး၊ အသင်းဟောင်း မိုနာကိုထံပြန်လည်ရောင်းချခံခဲ့ရဖို့ နီးစပ်ခဲ့သေးကြောင်း၊ နောက်ပိုင်းမှာတော့ လူတွေရဲ့လှောင်ရယ်သံတွေက သူ့ကိုပိုမိုသန်မာစေခဲ့ကြောင်းဖောင်သည်ချခဲ့ပြီး ပီပီကို အားပေးသွားခဲ့ပါတယ်။ လက်ရှိမှာတော့ နီကိုးလပ်ပီပီဟာ အာဆင်နယ်အတွက် (၁၁)ပွဲကစားထားပြီးချိန်မှာ (၁)ဂိုး သွင်းယူခဲ့ပြီး၊ (၃)ကြိမ်ဂိုးဖန်တီးထားပါတယ်။

လူညိုချော@SportsGabar