အာရွယူ(၁၉)အမ်ိဳးသမီးခ်န္ပီယံရွစ္ယွဥ္ျပိဳင္မယ့္ျမန္မာယူ(၁၉)အမ်ိဳးသမီးအသင္းရဲ႕အျပီးသတ္(၂၃)ဦးစာရင္းထုတ္ျပန္

လာမယ့္ေအာက္တိုဘာလ(၂၇)ရက္ေန႔ကေန ႏိုဝင္ဘာ(၉)ရက္ေန႔အထိ ထိုင္းႏိုင္ငံက အိမ္ရွင္အျဖစ္လက္ခံက်င္းပမယ့္ အာရွယူ(၁၉)အမ်ိဳးသမီး ခ်န္ပီယံရွစ္ျပိဳင္ပြဲမွာ ေျခစစ္ပြဲေအာင္ျမင္လာတဲ့ အာရွရဲ႕အေကာင္းဆံုး(၈)သင္း ယွဥ္ျပိဳင္ၾကေတာ့မွာပါ။

ဒီထဲမွာ ျမန္မာယူ(၁၉)လည္းအပါအဝင္ျဖစ္ျပီး အုပ္စု (ခ)မွာ အာရွအင္အားၾကီးေတြျဖစ္တဲ့ ဂ်ပန္၊ တ႐ုတ္၊ ေတာင္ကိုရီးယား အသင္းေတြနဲ႔အတူ က်ေရာက္ေနပါတယ္။ ဒီအသင္းေတြထဲမွာမွ ဂ်ပန္ယူ(၁၉)နဲ႔ေတာင္ကိုရီးယားယူ(၁၉)အသင္းေတြဟာ ကမာၻ႔အဆင့္အထိ ထိုးေဖာက္ထားတဲ့အသင္းေတြျဖစ္တာေၾကာင့္ ျမန္မာအေနနဲ႔ ေတာ္ေတာ္ေလး ခက္ခဲမယ့္အေနအထားလည္းျဖစ္ပါတယ္။ အုပ္စု(က)မွာေတာ့ အိမ္ရွင္ထိုင္း၊ ဗီယက္နမ္၊ ေျမာက္ကိုရီးယားနဲ႔ၾသစေၾတးလ်အသင္းေတြ ပါဝင္ေနပါတယ္။

ဒီျပိဳင္ပြဲမွာ ပထမ၊ ဒုတိယ၊ တတိယရတဲ့အသင္းေတြက ဖီဖာ ယူ-၂၀ အမ်ိဳးသမီး ကမာၻ႔ဖလားၿပိဳင္ပြဲ ကို တိုက္႐ိုက္ဝင္ေရာက္ယွဥ္ၿပိဳင္ခြင့္ရမွာ ျဖစ္ပါတယ္။ အစဥ္အလာအရ ျမန္မာယူ(၁၉)အသင္းေတြဟာ ေျခစမ္းေျခစ မေသးတဲ့အသင္းေတြျဖစ္ျပီး၊ ကမာၻ႔ဖလားကို ဝင္ေရာက္ယွဥ္ျပိဳင္ခြင့္ရတဲ့အထိ ေအာင္ျမင္ခဲ့တဲ့ သမိုင္းမွတ္တမ္းေတြလည္းရွိခဲ့ဖူးပါတယ္။ ဒါေၾကာင့္ ေျခစြမ္းထက္ျမတ္တဲ့ မ်ိဳးဆက္သစ္ကစားသမားမ်ားစြာပါဝင္ေနတဲ့ျမန္မာအမ်ိဳးသမီးယူ(၁၉) အသင္းကိုလည္း အတိုင္းအတာတစ္ခုအထိ ေအာင္ျမင္မႈရရွိဖို႔ ေမွ်ာ္လင့္ေနၾကပါတယ္။

ျမန္မာ့လက္ေ႐ြးစင္ အမ်ိဳးသမီး ယူ-၁၉ အသင္းဟာ ၿပိဳင္ပြဲ အႀကိဳျပင္ဆင္မႈအျဖစ္ စင္ကာပူ၊ ဗီယက္နမ္ အသင္းတို႔နဲ႔ ေျခစမ္းပြဲေတြကစားခဲ့သလို ျပည္တြင္းအသင္းမ်ားနဲ႔လည္း ေျခစမ္းပြဲမ်ား ကစားခဲ့ကာ ယံုၾကည္ေလာက္စရာ ေျခစြမ္းေကာင္းတခ်ိဳ႕ကိုျပသထားပါတယ္။ ျမန္မာအသင္းအေနနဲ႔ အဖြင့္ပြဲအျဖစ္ လာမယ့္ ေအာက္တိုဘာ(၂၈)ရက္ေန႔မွာ ဂ်ပန္အသင္းနဲ႔စတင္ယွဥ္ျပိဳင္သြားရမွာပဲျဖစ္ပါတယ္။

လူညိဳေခ်ာ@SportsGabar

unicode

အာရှယူ(၁၉)အမျိုးသမီးချန်ပီယံရှစ်ယှဉ်ပြိုင်မယ့်မြန်မာယူ(၁၉)အမျိုးသမီးအသင်းရဲ့အပြီးသတ်(၂၃)ဦးစာရင်းထုတ်ပြန်

လာမယ့်အောက်တိုဘာလ(၂၇)ရက်နေ့ကနေ နိုဝင်ဘာ(၉)ရက်နေ့အထိ ထိုင်းနိုင်ငံက အိမ်ရှင်အဖြစ်လက်ခံကျင်းပမယ့် အာရှယူ(၁၉)အမျိုးသမီး ချန်ပီယံရှစ်ပြိုင်ပွဲမှာ ခြေစစ်ပွဲအောင်မြင်လာတဲ့ အာရှရဲ့အကောင်းဆုံး(၈)သင်း ယှဉ်ပြိုင်ကြတော့မှာပါ။

ဒီထဲမှာ မြန်မာယူ(၁၉)လည်းအပါအဝင်ဖြစ်ပြီး အုပ်စု (ခ)မှာ အာရှအင်အားကြီးတွေဖြစ်တဲ့ ဂျပန်၊ တရုတ်၊ တောင်ကိုရီးယား အသင်းတွေနဲ့အတူ ကျရောက်နေပါတယ်။ ဒီအသင်းတွေထဲမှာမှ ဂျပန်ယူ(၁၉)နဲ့တောင်ကိုရီးယားယူ(၁၉)အသင်းတွေဟာ ကမ္ဘာ့အဆင့်အထိ ထိုးဖောက်ထားတဲ့အသင်းတွေဖြစ်တာကြောင့် မြန်မာအနေနဲ့ တော်တော်လေး ခက်ခဲမယ့်အနေအထားလည်းဖြစ်ပါတယ်။ အုပ်စု(က)မှာတော့ အိမ်ရှင်ထိုင်း၊ ဗီယက်နမ်၊ မြောက်ကိုရီးယားနဲ့သြစတြေးလျအသင်းတွေ ပါဝင်နေပါတယ်။

ဒီပြိုင်ပွဲမှာ ပထမ၊ ဒုတိယ၊ တတိယရတဲ့အသင်းတွေက ဖီဖာ ယူ-၂၀ အမျိုးသမီး ကမ္ဘာ့ဖလားပြိုင်ပွဲ ကို တိုက်ရိုက်ဝင်ရောက်ယှဉ်ပြိုင်ခွင့်ရမှာ ဖြစ်ပါတယ်။ အစဉ်အလာအရ မြန်မာယူ(၁၉)အသင်းတွေဟာ ခြေစမ်းခြေစ မသေးတဲ့အသင်းတွေဖြစ်ပြီး၊ ကမ္ဘာ့ဖလားကို ဝင်ရောက်ယှဉ်ပြိုင်ခွင့်ရတဲ့အထိ အောင်မြင်ခဲ့တဲ့ သမိုင်းမှတ်တမ်းတွေလည်းရှိခဲ့ဖူးပါတယ်။ ဒါကြောင့် ခြေစွမ်းထက်မြတ်တဲ့ မျိုးဆက်သစ်ကစားသမားများစွာပါဝင်နေတဲ့မြန်မာအမျိုးသမီးယူ(၁၉) အသင်းကိုလည်း အတိုင်းအတာတစ်ခုအထိ အောင်မြင်မှုရရှိဖို့ မျှော်လင့်နေကြပါတယ်။

မြန်မာ့လက်ရွေးစင် အမျိုးသမီး ယူ-၁၉ အသင်းဟာ ပြိုင်ပွဲ အကြိုပြင်ဆင်မှုအဖြစ် စင်ကာပူ၊ ဗီယက်နမ် အသင်းတို့နဲ့ ခြေစမ်းပွဲတွေကစားခဲ့သလို ပြည်တွင်းအသင်းများနဲ့လည်း ခြေစမ်းပွဲများ ကစားခဲ့ကာ ယုံကြည်လောက်စရာ ခြေစွမ်းကောင်းတချို့ကိုပြသထားပါတယ်။ မြန်မာအသင်းအနေနဲ့ အဖွင့်ပွဲအဖြစ် လာမယ့် အောက်တိုဘာ(၂၈)ရက်နေ့မှာ ဂျပန်အသင်းနဲ့စတင်ယှဉ်ပြိုင်သွားရမှာပဲဖြစ်ပါတယ်။

လူညိုချော@SportsGabar