ေဘာလြန္းဒီေအာ္(၂၀၁၉)ဆုအတြက္ဆန္ခါတင္စာရင္းမွာဆြန္ေဟာင္မင္လည္းပါဝင္လာ

ေဘာလံုးရာသီတစ္ခုရဲ႕အေကာင္းဆံုးကစားသမားေတြကိုသာေပးအပ္ေလ့ရွိတဲ့ေဘာလြန္းဒီေအာ္ဆုဆိုတာ ကစားသမားတိုင္းရဲ႕အိပ္မက္ျဖစ္ျပီး၊ ေဘာလံုးသမားတစ္ေယာက္အတြက္ ဂုဏ္သိကၡာအၾကီးမားဆံုး ဆုအမ်ိဳးအစားတစ္ခုလည္းျဖစ္ပါတယ္။

ယခုႏွစ္ရဲ႕ေဘာလြန္းဒီေအာ္ဆုအတြက္ ေနာက္ဆံုးဆန္ကာတင္အေယာက္(၃၀)ကေတာ့ထြက္ေပၚလာခဲ့ျပီျဖစ္ျပီး၊ ပရီးမီးယားလိဂ္အေျခစိုက္အသင္းေတြက ကစားသမားေတြအမ်ားဆံုးပါဝင္လာခဲ့ပါတယ္။ စံခ်ိန္တင္အေနနဲ႔ ဥေရာပခ်န္ပီယံ လီဗာပူးလ္အသင္းရဲ႕ ကစားသမား(၇)ဦးအထိပါဝင္ခဲ့ျပီး၊ မန္စီးတီးအသင္းက(၅)ဦး၊ စပါးအသင္းက(၂)ဦး၊ အာဆင္နယ္နဲ႔ခ်ဲလ္ဆီးအသင္းေတြက(၁)ဦးစီ ပါဝင္လာတာကိုလည္းေတြ႔ရပါတယ္။

ျပီးခဲ့တဲ့ဆယ္စုႏွစ္တစ္ခုလံုးမွာ ေဘာလြန္းဒီေအာ္ဆုကို တစ္ေယာက္တလဲလႊမ္းမိုးထားႏိုင္တဲ့ ေရာ္နယ္ဒိုနဲ႔မက္ဆီတို႔လည္း ထပ္မံေရြးခ်ယ္ခံခဲ့ရသလို၊ ကိုင္လီယန္မက္ပီ၊ ဒီေဂ်ာင္၊ ဒီလစ္နဲ႔ ဂ်ာအိုဖိလစ္တိုလို လူငယ္ေသြးသစ္ကစားသမားေတြလည္း ပါဝင္လာပါတယ္။ စပါးအသင္းရဲ႕ေတာင္ပံတိုက္စစ္က ေတာင္ကိုရီးယားကစားသမား ဆြန္ေဟာင္မင္အေနနဲ႔လည္း ဆန္ခါတင္စာရင္းမွာ ပထမဆံုးပါဝင္လာခဲ့လို႔ စပါးပရိသတ္ေတြနဲ႔အာရွပရိသတ္ေတြအတြက္ ဂုဏ္ယူစရာေကာင္းခဲ့ပါတယ္။

ဒီဆုကိုရရွိဖို႔ လီဗာပူးလ္ေနာက္ခံလူ ဗန္ဒိုက္ကေတာ့ ေရပန္းအစားဆံုးျဖစ္ေနျပီး၊ လီဗာပူးလ္အသင္း ခ်န္ပီယံလိဂ္ခ်န္ပီယံအျဖစ္ ဗိုလ္ဝင္ခံခဲ့ရာမွာ ဒီေနာက္ခံလူက အဓိကေျခစြမ္းျပႏိုင္ခဲ့သူျဖစ္ပါတယ္။ ေနာက္ထပ္ေရပန္းစားေနတဲ့ကစားသမားကေတာ့ ဘာစီလိုနာတိုက္စစ္မွဴး လီယြန္နယ္မက္ဆီပဲျဖစ္ျပီး၊ မက္ဆီဟာ ဘာကာနဲ႔အတူ ခ်န္ပီယံလိဂ္မွာ ဆီမီးအဆင့္အထိသာတက္ေရာက္ႏိုင္ခဲ့ေပမဲ့ ကစားခဲ့တဲ့ပြဲ(၅၀)မွာ ဂိုးေပါင္း(၅၁)ဂိုးအထိ သြင္းယူႏိုင္ခဲ့တာက သူမတူတဲ့စြမ္းေဆာင္ရည္ျဖစ္ခဲ့တာပါ။

ေဘာလံုးမင္းသား ခရစ္စတီယာႏိုေရာ္နယ္ဒိုကေတာ့ ျပီးခဲ့တဲ့ရာသီအတြင္း ဂ်ဴဗင္တပ္အတြက္ကစားခဲ့တဲ့ (၄၃)ပြဲမွာ (၂၈)ဂိုး သြင္းယူေပးထားႏိုင္ခဲ့ျပီး၊ ေပၚတူဂီအသင္းနဲ႔အတူ ေနရွင္လိဂ္ဖလားကိုရယူႏိုင္ခဲ့မႈက သူ႔ကို ေရပန္းစားတဲ့စာရင္းထဲ ပါဝင္လာခဲ့ေစတာပါ။

လူညိဳေခ်ာ@SportsGabar

Unicode

ဘောလွန်းဒီအော်(၂၀၁၉)ဆုအတွက်ဆန်ခါတင်စာရင်းမှာဆွန်ဟောင်မင်လည်းပါဝင်လာ

ဘောလုံးရာသီတစ်ခုရဲ့အကောင်းဆုံးကစားသမားတွေကိုသာပေးအပ်လေ့ရှိတဲ့ဘောလွန်းဒီအော်ဆုဆိုတာ ကစားသမားတိုင်းရဲ့အိပ်မက်ဖြစ်ပြီး၊ ဘောလုံးသမားတစ်ယောက်အတွက် ဂုဏ်သိက္ခာအကြီးမားဆုံး ဆုအမျိုးအစားတစ်ခုလည်းဖြစ်ပါတယ်။

ယခုနှစ်ရဲ့ဘောလွန်းဒီအော်ဆုအတွက် နောက်ဆုံးဆန်ကာတင်အယောက်(၃၀)ကတော့ထွက်ပေါ်လာခဲ့ပြီဖြစ်ပြီး၊ ပရီးမီးယားလိဂ်အခြေစိုက်အသင်းတွေက ကစားသမားတွေအများဆုံးပါဝင်လာခဲ့ပါတယ်။ စံချိန်တင်အနေနဲ့ ဥရောပချန်ပီယံ လီဗာပူးလ်အသင်းရဲ့ ကစားသမား(၇)ဦးအထိပါဝင်ခဲ့ပြီး၊ မန်စီးတီးအသင်းက(၅)ဦး၊ စပါးအသင်းက(၂)ဦး၊ အာဆင်နယ်နဲ့ချဲလ်ဆီးအသင်းတွေက(၁)ဦးစီ ပါဝင်လာတာကိုလည်းတွေ့ရပါတယ်။

ပြီးခဲ့တဲ့ဆယ်စုနှစ်တစ်ခုလုံးမှာ ဘောလွန်းဒီအော်ဆုကို တစ်ယောက်တလဲလွှမ်းမိုးထားနိုင်တဲ့ ရော်နယ်ဒိုနဲ့မက်ဆီတို့လည်း ထပ်မံရွေးချယ်ခံခဲ့ရသလို၊ ကိုင်လီယန်မက်ပီ၊ ဒီဂျောင်၊ ဒီလစ်နဲ့ ဂျာအိုဖိလစ်တိုလို လူငယ်သွေးသစ်ကစားသမားတွေလည်း ပါဝင်လာပါတယ်။ စပါးအသင်းရဲ့တောင်ပံတိုက်စစ်က တောင်ကိုရီးယားကစားသမား ဆွန်ဟောင်မင်အနေနဲ့လည်း ဆန်ခါတင်စာရင်းမှာ ပထမဆုံးပါဝင်လာခဲ့လို့ စပါးပရိသတ်တွေနဲ့အာရှပရိသတ်တွေအတွက် ဂုဏ်ယူစရာကောင်းခဲ့ပါတယ်။

ဒီဆုကိုရရှိဖို့ လီဗာပူးလ်နောက်ခံလူ ဗန်ဒိုက်ကတော့ ရေပန်းအစားဆုံးဖြစ်နေပြီး၊ လီဗာပူးလ်အသင်း ချန်ပီယံလိဂ်ချန်ပီယံအဖြစ် ဗိုလ်ဝင်ခံခဲ့ရာမှာ ဒီနောက်ခံလူက အဓိကခြေစွမ်းပြနိုင်ခဲ့သူဖြစ်ပါတယ်။ နောက်ထပ်ရေပန်းစားနေတဲ့ကစားသမားကတော့ ဘာစီလိုနာတိုက်စစ်မှူး လီယွန်နယ်မက်ဆီပဲဖြစ်ပြီး၊ မက်ဆီဟာ ဘာကာနဲ့အတူ ချန်ပီယံလိဂ်မှာ ဆီမီးအဆင့်အထိသာတက်ရောက်နိုင်ခဲ့ပေမဲ့ ကစားခဲ့တဲ့ပွဲ(၅၀)မှာ ဂိုးပေါင်း(၅၁)ဂိုးအထိ သွင်းယူနိုင်ခဲ့တာက သူမတူတဲ့စွမ်းဆောင်ရည်ဖြစ်ခဲ့တာပါ။

ဘောလုံးမင်းသား ခရစ်စတီယာနိုရော်နယ်ဒိုကတော့ ပြီးခဲ့တဲ့ရာသီအတွင်း ဂျူဗင်တပ်အတွက်ကစားခဲ့တဲ့ (၄၃)ပွဲမှာ (၂၈)ဂိုး သွင်းယူပေးထားနိုင်ခဲ့ပြီး၊ ပေါ်တူဂီအသင်းနဲ့အတူ နေရှင်လိဂ်ဖလားကိုရယူနိုင်ခဲ့မှုက သူ့ကို ရေပန်းစားတဲ့စာရင်းထဲ ပါဝင်လာခဲ့စေတာပါ။

လူညိုချော@SportsGabar