အေမရိကန္ေမဂ်ာလိဂ္ရဲ႕ဂ်ာစီအေရာင္းရဆံုးကစားသမား(၅)ေယာက္

ေမဂ်ာလိဂ္ဆိုတာကေတာ့ အေမရိကန္ႏိုင္ငံမွာအေျခစိုက္တဲ့ ေဘာလုံုးလိဂ္တစ္ခုျဖစ္ပါတယ္။ ေမဂ်ာလိဂ္ဟာ ဥေရာပရဲ႕နာမည္ေက်ာ္ကစားသမားေတြနားခိုရာ ေသာင္ကမ္းတစ္ခုလို႔ဆိုႏိုင္ျပီး လက္ရွိအခ်ိန္မွာလည္း ကမာၻေက်ာ္ကစားသမားအမ်ားအျပား လာေရာက္ကစားလ်က္ရွိပါတယ္။

ေမဂ်ာလိဂ္ကလပ္ေတြဟာ ဥေရာပက ရြက္လႊင့္လာတဲ့ အထင္ကရကစားသမားေတြကို ေခၚယူျပီး ပရိသတ္ေတြရဲ႕အာရံုကိုဖမ္းစားထားႏိုင္ရံုတင္မကပါဘူး၊ အဆိုပါကစားသမားေတြရဲ႕နာမည္နဲ႔ေက်ာနံပါတ္ပါတဲ့ ေဘာလံုးဂ်ာစီေတြဟာလည္း လက္မလည္ေအာင္ ေရာင္းခ်ခဲ့ရျပီး အျမတ္အစြန္းမ်ားစြာ ရရွိခဲ့ၾကပါတယ္။ ျပီးခဲ့တဲ့(၂၀၁၉)ခုႏွစ္မွာ ေမဂ်ာလိဂ္ရဲ႕ဂ်ာစီေရာင္းအားအေကာင္းဆံုးျဖစ္ခဲ့တဲ့ ကစားသမား(၅)ေယာက္ကေတာ့ အီဗရာဟီမိုဗစ္၊ မာတီနက္၊ ကားလို႔စ္ဗီလာ၊ ဝိန္းရြန္းနီ၊ ရွဝိန္းစတိုင္ဂါတို႔ပဲျဖစ္ပါတယ္။

ဒီစာရင္းမွာထိပ္ဆံုးကရွိေနသူကေတာ့ အယ္လ္ေအဂလက္ဆီတိုက္စစ္မွဴးၾကီး အီဗရာဟီမိုဗစ္ပဲျဖစ္ျပီး သူ႔ရဲ႕ဂ်ာစီေတြဟာဆိုရင္ ႏွစ္ရာသီဆက္ ေရာင္းအားအေကာင္းဆံုးျဖစ္ခဲ့တာပါ။ မန္ယူႏိုက္တက္ကေန ေျပာင္းေရႊ႕လာတဲ့ မိုဗစ္ဟာ (၂၀၁၉)ခုႏွစ္အတြင္း ဂလက္ဆီအသင္းနဲ႔အတူ ပြဲေပါင္း(၂၉)ပြဲကစားခဲ့ျပီး၊ ဂိုး(၃၀)သြင္းယူထားပါတယ္။ အတၱလႏၱာယူႏိုက္တက္အသင္းရဲ႕ တိုက္စစ္မွဴးျဖစ္တဲ့ ေမဂ်ာလိဂ္(၂၀၁၈)ေရႊဖိနပ္ဆုရွင္ ဂ်ိဳးဆက္ မာတီနက္ကေတာ့ အဆင့္(၂)ေနရာမွာရွိေနပါတယ္။

ျပီးခဲ့တဲ့ေဘာလံုးရာသီမွာ ေမဂ်ာလိဂ္ရဲ႕ေရႊဖိနပ္ဆုကို ပူပူေႏြးေႏြးရယူထားႏိုင္တဲ့ ကားလို႔စ္ဗီလာကေတာ့ တတိယေျမာက္ဂ်ာစီအေရာင္းရဆံုး ကစားသမားအျဖစ္ရပ္တည္ထားႏိုင္ပါတယ္။ ေမဂ်ာလိဂ္မွာ လွပတဲ့သြင္းဂိုးေတြမၾကာခဏဆိုသလိုသြင္းယူတက္တဲ့ ရြန္းနီကေတာ့ အဆင့္(၄)ေနရာမွာ ရပ္တည္ေနျပီး၊ မန္ယူႏိုက္တက္နဲ႔အဲဗာတန္ကစားသမားေဟာင္းၾကီးဟာ ဒီစီယူႏိုက္တက္အတြက္ (၁၁)ဂိုးသြင္းကာ (၇)ၾကိမ္ဂိုးဖန္တီးေပးခဲ့ပါတယ္။

ဂ်ာစီအေရာင္းရဆံုး အဆင့္(၅)ခ်ိတ္ခဲ့တဲ့သူကေတာ့ မန္ယူႏိုက္တက္နဲ႔ဘိုင္ယန္ျမဴးနစ္အသင္းေတြမွာက်င္လည္ခဲ့ဖူးတဲ့ ဂ်ာမနီသားၾကီးရွဝိန္းစတိုင္ဂါျဖစ္ပါတယ္။ စတိုင္ဂါဟာ ခ်ီကာဂိုဖိုင္းယားမွာကစားေနတာျဖစ္ျပီး အသက္ၾကီးေပမဲ့ မပ်က္စီးေသးတဲ့ ကြင္းလယ္အင္ဂ်င္ၾကီးတစ္လံုးအျဖစ္ အသံုးဝင္ေနဆဲျဖစ္ပါတယ္။ ထူးျခားခ်က္ကေတာ့ ဒီစာရင္းရဲ႕ထိပ္ဆံုး(၅)ေယာက္အနက္ (၃)ေယာက္ဟာ မန္ယူႏိုက္တက္အသင္းရဲ႕ကစားသမားေဟာင္းေတြျဖစ္ေနတာပါပဲ။

လူညိဳေခ်ာ@SportsGabar

unicode

အမေရိကန်မေဂျာလိဂ်ရဲ့ဂျာစီအရောင်းရဆုံးကစားသမား(၅)ယောက်

မေဂျာလိဂ်ဆိုတာကတော့ အမေရိကန်နိုင်ငံမှာအခြေစိုက်တဲ့ ဘောလုံးလိဂ်တစ်ခုဖြစ်ပါတယ်။ မေဂျာလိဂ်ဟာ ဥရောပရဲ့နာမည်ကျော်ကစားသမားတွေနားခိုရာ သောင်ကမ်းတစ်ခုလို့ဆိုနိုင်ပြီး လက်ရှိအချိန်မှာလည်း ကမ္ဘာကျော်ကစားသမားအများအပြား လာရောက်ကစားလျက်ရှိပါတယ်။

မေဂျာလိဂ်ကလပ်တွေဟာ ဥရောပက ရွက်လွှင့်လာတဲ့ အထင်ကရကစားသမားတွေကို ခေါ်ယူပြီး ပရိသတ်တွေရဲ့အာရုံကိုဖမ်းစားထားနိုင်ရုံတင်မကပါဘူး၊ အဆိုပါကစားသမားတွေရဲ့နာမည်နဲ့ကျောနံပါတ်ပါတဲ့ ဘောလုံးဂျာစီတွေဟာလည်း လက်မလည်အောင် ရောင်းချခဲ့ရပြီး အမြတ်အစွန်းများစွာ ရရှိခဲ့ကြပါတယ်။ ပြီးခဲ့တဲ့(၂၀၁၉)ခုနှစ်မှာ မေဂျာလိဂ်ရဲ့ဂျာစီရောင်းအားအကောင်းဆုံးဖြစ်ခဲ့တဲ့ ကစားသမား(၅)ယောက်ကတော့ အီဗရာဟီမိုဗစ်၊ မာတီနက်၊ ကားလို့စ်ဗီလာ၊ ဝိန်းရွန်းနီ၊ ရှဝိန်းစတိုင်ဂါတို့ပဲဖြစ်ပါတယ်။

ဒီစာရင်းမှာထိပ်ဆုံးကရှိနေသူကတော့ အယ်လ်အေဂလက်ဆီတိုက်စစ်မှူးကြီး အီဗရာဟီမိုဗစ်ပဲဖြစ်ပြီး သူ့ရဲ့ဂျာစီတွေဟာဆိုရင် နှစ်ရာသီဆက် ရောင်းအားအကောင်းဆုံးဖြစ်ခဲ့တာပါ။ မန်ယူနိုက်တက်ကနေ ပြောင်းရွှေ့လာတဲ့ မိုဗစ်ဟာ (၂၀၁၉)ခုနှစ်အတွင်း ဂလက်ဆီအသင်းနဲ့အတူ ပွဲပေါင်း(၂၉)ပွဲကစားခဲ့ပြီး၊ ဂိုး(၃၀)သွင်းယူထားပါတယ်။ အတ္တလန္တာယူနိုက်တက်အသင်းရဲ့ တိုက်စစ်မှူးဖြစ်တဲ့ မေဂျာလိဂ်(၂၀၁၈)ရွှေဖိနပ်ဆုရှင် ဂျိုးဆက် မာတီနက်ကတော့ အဆင့်(၂)နေရာမှာရှိနေပါတယ်။

ပြီးခဲ့တဲ့ဘောလုံးရာသီမှာ မေဂျာလိဂ်ရဲ့ရွှေဖိနပ်ဆုကို ပူပူနွေးနွေးရယူထားနိုင်တဲ့ ကားလို့စ်ဗီလာကတော့ တတိယမြောက်ဂျာစီအရောင်းရဆုံး ကစားသမားအဖြစ်ရပ်တည်ထားနိုင်ပါတယ်။ မေဂျာလိဂ်မှာ လှပတဲ့သွင်းဂိုးတွေမကြာခဏဆိုသလိုသွင်းယူတက်တဲ့ ရွန်းနီကတော့ အဆင့်(၄)နေရာမှာ ရပ်တည်နေပြီး၊ မန်ယူနိုက်တက်နဲ့အဲဗာတန်ကစားသမားဟောင်းကြီးဟာ ဒီစီယူနိုက်တက်အတွက် (၁၁)ဂိုးသွင်းကာ (၇)ကြိမ်ဂိုးဖန်တီးပေးခဲ့ပါတယ်။

ဂျာစီအရောင်းရဆုံး အဆင့်(၅)ချိတ်ခဲ့တဲ့သူကတော့ မန်ယူနိုက်တက်နဲ့ဘိုင်ယန်မြူးနစ်အသင်းတွေမှာကျင်လည်ခဲ့ဖူးတဲ့ ဂျာမနီသားကြီးရှဝိန်းစတိုင်ဂါဖြစ်ပါတယ်။ စတိုင်ဂါဟာ ချီကာဂိုဖိုင်းယားမှာကစားနေတာဖြစ်ပြီး အသက်ကြီးပေမဲ့ မပျက်စီးသေးတဲ့ ကွင်းလယ်အင်ဂျင်ကြီးတစ်လုံးအဖြစ် အသုံးဝင်နေဆဲဖြစ်ပါတယ်။ ထူးခြားချက်ကတော့ ဒီစာရင်းရဲ့ထိပ်ဆုံး(၅)ယောက်အနက် (၃)ယောက်ဟာ မန်ယူနိုက်တက်အသင်းရဲ့ကစားသမားဟောင်းတွေဖြစ်နေတာပါပဲ။

လူညိုချော@SportsGabar