အိုင္ရီလန္ကကေလးမေလးရဲ႕ဘဝကိုကယ္တင္ဖို႔ေပါင္(၁)ေသာင္းလွဴဒါန္းလိုက္တဲ့မက္ဂရီေဂၚ

ယူအက္စ္စီစူပါစတားတစ္ဦးျဖစ္တဲ့ ကြန္နာမက္ဂရီေဂၚဟာ အက္ဗီကမ္ပိန္းရဲ႕ေမွ်ာ္လင့္ခ်က္အတြက္ အေထာက္အပံ့ျဖစ္ေစဖို႔ ေပါင္(၁)ေသာင္းကို ရက္ရက္ေရာေရာလွဴဒါန္းသြားခဲ့ပါတယ္။

မက္ဂရီေဂၚဟာ မ်ိဳးရိုးဗီဇနဲ႔ဆိုင္တဲ့ အလြန္ျဖစ္ေတာင့္ျဖစ္ခဲေရာဂါအေျခအေနတစ္ခုကိုခံစားေနရတဲ့ အသက္(၁)ႏွစ္အရြယ္ကေလးမေလး အက္ဗီအတြက္ ရန္ပံုေငြျမင့္တက္လာေစဖို႔ရည္ရြယ္ျပီး ဒီလိုမ်ားျပားလွတဲ့ေငြေတြကို မတည္လွဴဒါန္းေပးခဲ့တာလည္းျဖစ္ပါတယ္။ ေရာဂါ အေျခအေနဟာ အက္ဗီေလးရဲ႕ ဦးေႏွာက္ဖြံ့ျဖိဳးမႈကို ေႏွာက္ယွက္ေနျပီး၊ ခႏၶာကိုယ္ဖြံျဖိဳးမႈေႏွးေကြးျခင္း၊ စိတ္ကစဥ္႔ကလ်ားျဖစ္ျခင္း စတဲ့ ေရာဂါလကၡဏာေတြကို ရင္ဆုိင္ရမယ့္​အေနအထားမွာရွိေနတာပါ။

အက္ဗီေလးရဲ႕မိဘေတြဟာ ဒီေရာဂါကို ကုသေပးႏိုင္မယ့္ အေမရိကန္က ဆရာဝန္တစ္ေယာက္ကို ခ်ိတ္ဆက္ႏိုင္ခဲ့ေပမဲ့ ကုန္က်မယ့္ ကုသစရိတ္က မ်ားျပားလြန္းတာေၾကာင့္ သူတို႔အေနနဲ႔ မတက္ႏိုင္ျဖစ္ေနခဲ့ၾကတာပါ။ ဒါေပမဲ့လည္း မက္ဂရီေဂၚရဲ႕ မတည္မႈေၾကာင့္ အခုအခ်ိန္မွာေတာ့ စုစုေပါင္းရန္ပံုေငြ ေပါင္(၈၆၀၀၀)ရရွိခဲ့ျပီျဖစ္လို႔ အက္ဗီေလးရဲ႕မိဘေတြဟာ ယူအက္ဖ္စီဖိုက္တာၾကီးကို လႈိက္လႈိက္လွဲလွဲ ေက်းဇူးတင္ေနၾကပါတယ္။

မက္ဂရီေဂၚေၾကာင့္ သမီးေလးကို ကယ္တင္ႏိုင္မယ့္အခြင့္အေရးကိုရခဲ့လို႔ အက္ဗီရဲ႕မိခင္ျဖစ္တဲ့ အမ္မာႏိုလန္ကေတာ့-

” မက္ဂရီေဂၚကို ဘယ္လိုေျပာရမွန္းေတာင္မသိပါဘူး၊ ကြ်န္မသမီးေလးကို ကူညီခဲ့တဲ့ သူ႔ကို ေက်းဇူးတင္စကားေျပာရံုနဲ႔ေတာင္ လံုေလာက္မယ္မထင္ေတာ့ပါဘူး ” လို႔ ဝမ္းသာအားရေျပာသြားခဲ့ပါတယ္။ မက္ဂရီေဂၚဟာ သူ႔ရဲ႕ေထာင့္မက်ိဳးတဲ့ အျပဳအမူေတြေၾကာင့္ ယူအက္ဖ္စီၾကိဳးဝိုင္းထဲမွာသာမက ျပင္ပေလာကမွာပါ လူမုန္းမ်ားတဲ့ ဖိုက္တာတစ္ေယာက္ျဖစ္ေပမဲ့ အခုလို အၾကင္နာတရားရွိေသးေၾကာင္းကို ထုတ္ျပႏိုင္ခဲ့တာကေတာ့ ၾကည္ႏူးပီတိျဖစ္စရာေကာင္းခဲ့ပါတယ္။

လူညိဳေခ်ာ@SportsGabar

Unicode

အိုင်ရီလန်ကကလေးမလေးရဲ့ဘဝကိုကယ်တင်ဖို့ပေါင်(၁)သောင်းလှူဒါန်းလိုက်တဲ့မက်ဂရီဂေါ်

ယူအက်စ်စီစူပါစတားတစ်ဦးဖြစ်တဲ့ ကွန်နာမက်ဂရီဂေါ်ဟာ အက်ဗီကမ်ပိန်းရဲ့မျှော်လင့်ချက်အတွက် အထောက်အပံ့ဖြစ်စေဖို့ ပေါင်(၁)သောင်းကို ရက်ရက်ရောရောလှူဒါန်းသွားခဲ့ပါတယ်။

မက်ဂရီဂေါ်ဟာ မျိုးရိုးဗီဇနဲ့ဆိုင်တဲ့ အလွန်ဖြစ်တောင့်ဖြစ်ခဲရောဂါအခြေအနေတစ်ခုကိုခံစားနေရတဲ့ အသက်(၁)နှစ်အရွယ်ကလေးမလေး အက်ဗီအတွက် ရန်ပုံငွေမြင့်တက်လာစေဖို့ရည်ရွယ်ပြီး ဒီလိုများပြားလှတဲ့ငွေတွေကို မတည်လှူဒါန်းပေးခဲ့တာလည်းဖြစ်ပါတယ်။ ရောဂါ အခြေအနေဟာ အက်ဗီလေးရဲ့ ဦးနှောက်ဖွံ့ဖြိုးမှုကို နှောက်ယှက်နေပြီး၊ ခန္ဓာကိုယ်ဖွံဖြိုးမှုနှေးကွေးခြင်း၊ စိတ်ကစဉ့်ကလျားဖြစ်ခြင်း စတဲ့ ရောဂါလက္ခဏာတွေကို ရင်ဆိုင်ရမယ့်အနေအထားမှာရှိနေတာပါ။

အက်ဗီလေးရဲ့မိဘတွေဟာ ဒီရောဂါကို ကုသပေးနိုင်မယ့် အမေရိကန်က ဆရာဝန်တစ်ယောက်ကို ချိတ်ဆက်နိုင်ခဲ့ပေမဲ့ ကုန်ကျမယ့် ကုသစရိတ်က များပြားလွန်းတာကြောင့် သူတို့အနေနဲ့ မတက်နိုင်ဖြစ်နေခဲ့ကြတာပါ။ ဒါပေမဲ့လည်း မက်ဂရီဂေါ်ရဲ့ မတည်မှုကြောင့် အခုအချိန်မှာတော့ စုစုပေါင်းရန်ပုံငွေ ပေါင်(၈၆၀၀၀)ရရှိခဲ့ပြီဖြစ်လို့ အက်ဗီလေးရဲ့မိဘတွေဟာ ယူအက်ဖ်စီဖိုက်တာကြီးကို လှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်နေကြပါတယ်။

မက်ဂရီဂေါ်ကြောင့် သမီးလေးကို ကယ်တင်နိုင်မယ့်အခွင့်အရေးကိုရခဲ့လို့ အက်ဗီရဲ့မိခင်ဖြစ်တဲ့ အမ်မာနိုလန်ကတော့-

” မက်ဂရီဂေါ်ကို ဘယ်လိုပြောရမှန်းတောင်မသိပါဘူး၊ ကျွန်မသမီးလေးကို ကူညီခဲ့တဲ့ သူ့ကို ကျေးဇူးတင်စကားပြောရုံနဲ့တောင် လုံလောက်မယ်မထင်တော့ပါဘူး ” လို့ ဝမ်းသာအားရပြောသွားခဲ့ပါတယ်။ မက်ဂရီဂေါ်ဟာ သူ့ရဲ့ထောင့်မကျိုးတဲ့ အပြုအမူတွေကြောင့် ယူအက်ဖ်စီကြိုးဝိုင်းထဲမှာသာမက ပြင်ပလောကမှာပါ လူမုန်းများတဲ့ ဖိုက်တာတစ်ယောက်ဖြစ်ပေမဲ့ အခုလို အကြင်နာတရားရှိသေးကြောင်းကို ထုတ်ပြနိုင်ခဲ့တာကတော့ ကြည်နူးပီတိဖြစ်စရာကောင်းခဲ့ပါတယ်။

လူညိုချော@SportsGabar