ဗလၾကီးမွအားမနာ(၃)မိနစ္အတြင္းအရံႈးေပးလိုက္ရတဲ့ရုရွားကာယေမာင္ေပါ့ပ္အိုင္း

ေပါ့ပ္အိုင္းလို႔လူသိမ်ားတဲ့ရုရွားကိုယ္ကာယသမား ကီေရးတီရက္ရွင္ဟာ MMA ၾကိဳးဝိုင္းအတြင္းမွာ ျပိဳင္ဘက္ အိုလက္မြန္ဂိုးကို (၃)မိနစ္အတြင္းမွာပဲ ရံႈးနိမ့္သြားခဲ့ပါတယ္။

ေပါ့ပ္အိုင္းဟာ သူ႔ရဲ႕လက္ေမာင္းေတြထဲကို ၾကြက္သားၾကီးထြားေစတဲ့ စိုင္ေသာလ္တြထိုးထည့္ခဲ့ျပီး၊ ေတာင့္တင္းသန္မာေအာင္ျဖတ္လမ္းနည္းသံုးခဲ့ပါတယ္။ စိုင္ေသာလ္ဆိုတဲ့ ၾကြက္သားၾကီးထြားေဆးဟာ အလြန္အႏၱရာယ္မ်ားျပီး ေသြးေၾကာပိတ္ဆို႔ျခင္း၊ အာရံုေၾကာထိခိုက္ပ်က္စီးျခင္း၊ ေရာဂါပိုးအလြယ္တကူဝင္ေရာက္ႏိုင္ျခင္းနဲ႔ ၾကြက္သားအတြင္း ျပည္တည္ျခင္း စတဲ့ေရာဂါေတြ ေတြ႔ၾကံဳခံစားရႏိုင္တဲ့ ေဆးတစ္မ်ိဳးပါတယ္။

ဒီလိုဆိုးၾကိဳးေတြကို ဂရုမစိုက္တဲ့ ေပါ့ပ္အိုင္းဟာ သူ႔ရဲ႕လက္ေမာင္းေတြၾကီးထြားသန္မာေအာင္ စိုင္ေသာလ္ေတြကို မေၾကာက္မရြံ႕အသံုးျပဳခဲ့ေပမဲ့လည္း အိုလက္မြန္ဂိုးနဲ႔ထိုးသတ္စဥ္မွာေတာ့ သူ႔ရဲ႕ၾကီးမားလွတဲ့ လက္ေမာင္းေတြဟာ အကူအညီမျဖစ္ခဲ့ဘဲ ေလးလံေနတဲ့ အသားပိုေတြအျဖစ္သာ ကိုယ္ေပၚမွာ ကပ္တြယ္ေနခဲ့ပါတယ္။

ေပါ့ပ္အိုင္းဟာပြဲခ်ိန္အေစာပိုင္းမွာ အိုလက္အေပၚကို အသာစီးထိုးသတ္ႏိုင္ခဲ့ေပမဲ့ အခ်ိန္ၾကာလာတာနဲ႔အမွ် လက္ရည္က်လာခဲ့ျပီး (၃)မိနစ္မျပည့္ခင္မွာပဲ အေပၚကဖိထိုးေနတဲ့ အိုလက္ကို အရံႈးေပးလိုက္ရတာပါ။ ဒါနဲပတ္သက္လို႔ ဆရာဝန္တစ္ေယာက္ျဖစ္တဲ့ ေဒါက္တာယူရီက-

” ေပါ့ပ္အိုင္းဟာ သူ႔ရဲ႕လက္ေမာင္းေတြကို လႈပ္မရေတာ့တာမ်ိဳးျဖစ္သြားႏိုင္ပါတယ္၊ ၾကြက္သားေတြဟာ အရာဝတၱဳေတြကို မဖို႔ မစြမ္းေဆာင္ႏိုင္ေတာ့ဘဲ ကိုယ္ေပၚမွာ ေလးလံေနတဲ့ အေလးတံုးေတြလို ျဖစ္သြားျပီး ေနာက္ဆံုး လံုးလံုး အသံုးျပဳလို႔မရေတာ့တာမ်ိဳးေတာင္ျဖစ္သြားႏိုင္ပါတယ္ “လို႔ ေၾကာက္စရာေကာင္းတဲ့ ဆိုးက်ိဳးေတြကို သတိေပးေျပာၾကားသြားခဲ့ပါတယ္။

လူညိဳေခ်ာ@SportsGabar

unicode

ဗလကြီးမှအားမနာ(၃)မိနစ်အတွင်းအရှုံးပေးလိုက်ရတဲ့ရုရှားကာယမောင်ပေါ့ပ်အိုင်း

ပေါ့ပ်အိုင်းလို့လူသိများတဲ့ရုရှားကိုယ်ကာယသမား ကီရေးတီရက်ရှင်ဟာ MMA ကြိုးဝိုင်းအတွင်းမှာ ပြိုင်ဘက် အိုလက်မွန်ဂိုးကို (၃)မိနစ်အတွင်းမှာပဲ ရှုံးနိမ့်သွားခဲ့ပါတယ်။

ပေါ့ပ်အိုင်းဟာ သူ့ရဲ့လက်မောင်းတွေထဲကို ကြွက်သားကြီးထွားစေတဲ့ စိုင်သောလ်တွထိုးထည့်ခဲ့ပြီး၊ တောင့်တင်းသန်မာအောင်ဖြတ်လမ်းနည်းသုံးခဲ့ပါတယ်။ စိုင်သောလ်ဆိုတဲ့ ကြွက်သားကြီးထွားဆေးဟာ အလွန်အန္တရာယ်များပြီး သွေးကြောပိတ်ဆို့ခြင်း၊ အာရုံကြောထိခိုက်ပျက်စီးခြင်း၊ ရောဂါပိုးအလွယ်တကူဝင်ရောက်နိုင်ခြင်းနဲ့ ကြွက်သားအတွင်း ပြည်တည်ခြင်း စတဲ့ရောဂါတွေ တွေ့ကြုံခံစားရနိုင်တဲ့ ဆေးတစ်မျိုးပါတယ်။

ဒီလိုဆိုးကြိုးတွေကို ဂရုမစိုက်တဲ့ ပေါ့ပ်အိုင်းဟာ သူ့ရဲ့လက်မောင်းတွေကြီးထွားသန်မာအောင် စိုင်သောလ်တွေကို မကြောက်မရွံ့အသုံးပြုခဲ့ပေမဲ့လည်း အိုလက်မွန်ဂိုးနဲ့ထိုးသတ်စဉ်မှာတော့ သူ့ရဲ့ကြီးမားလှတဲ့ လက်မောင်းတွေဟာ အကူအညီမဖြစ်ခဲ့ဘဲ လေးလံနေတဲ့ အသားပိုတွေအဖြစ်သာ ကိုယ်ပေါ်မှာ ကပ်တွယ်နေခဲ့ပါတယ်။

ပေါ့ပ်အိုင်းဟာပွဲချိန်အစောပိုင်းမှာ အိုလက်အပေါ်ကို အသာစီးထိုးသတ်နိုင်ခဲ့ပေမဲ့ အချိန်ကြာလာတာနဲ့အမျှ လက်ရည်ကျလာခဲ့ပြီး (၃)မိနစ်မပြည့်ခင်မှာပဲ အပေါ်ကဖိထိုးနေတဲ့ အိုလက်ကို အရှုံးပေးလိုက်ရတာပါ။ ဒါနဲပတ်သက်လို့ ဆရာဝန်တစ်ယောက်ဖြစ်တဲ့ ဒေါက်တာယူရီက-

” ပေါ့ပ်အိုင်းဟာ သူ့ရဲ့လက်မောင်းတွေကို လှုပ်မရတော့တာမျိုးဖြစ်သွားနိုင်ပါတယ်၊ ကြွက်သားတွေဟာ အရာဝတ္တုတွေကို မဖို့ မစွမ်းဆောင်နိုင်တော့ဘဲ ကိုယ်ပေါ်မှာ လေးလံနေတဲ့ အလေးတုံးတွေလို ဖြစ်သွားပြီး နောက်ဆုံး လုံးလုံး အသုံးပြုလို့မရတော့တာမျိုးတောင်ဖြစ်သွားနိုင်ပါတယ် “လို့ ကြောက်စရာကောင်းတဲ့ ဆိုးကျိုးတွေကို သတိပေးပြောကြားသွားခဲ့ပါတယ်။

လူညိုချော@SportsGabar