ခ်န္ပီယံလိဂ္ဖလားရယူဖို႔မန္စီးတီးအသင့္မျဖစ္ေသးေၾကာင္းဂြာဒီယိုလာဝန္ခံ

လက္ရွိပရီးမီးယားလိဂ္ခ်န္ပီယံမန္စီးတီးအသင္းရဲ႕နည္းျပၾကီးပက္ဂြာဒီယိုလာကေတာ့ သူ႔အသင္းဟာ ခ်န္ပီယံလိဂ္ဖလားကို ဆြတ္ခူးႏိုင္ဖို႔ အဆင္သင့္မျဖစ္ေသးေၾကာင္း ဝန္ခံလိုက္ပါတယ္။

မန္စီးတီးဟာ ျပီးခဲ့တဲ့စေနေန႔က ပရိးမီးယားလိဂ္ပြဲစဥ္မွာ ခရစ္စတယ္ပဲေလ့ကို (၂)ဂိုးျပတ္နဲ႔အႏိုင္ရခဲ့ျပီး၊ လီဗာပူးလ္က ယူႏိုက္တက္နဲ႔သေရက်သြားခဲ့တာေၾကာင့္ အမွတ္ကြာဟမႈကို ေလ်ာ့ခ်ႏိုင္ခဲ့ေပမဲ့လည္း ခ်န္ပီယံလိဂ္ျပိဳင္ပြဲမွာေတာ့ လိုအပ္ခ်က္ေတြ ရွိနေသးတယ္လို႔ ယံုၾကည္ေနတာပါ။ ျပီးခဲ့တဲ့ရာသီက အက္ဖ္ေအဖလား၊ ကာရာေဘာင္ဖလား၊ ပရီးမီးယားလိဂ္ဖလား နဲ႔ ကြန္ျပဴနတီဒိုင္း တို႔ကို သိမ္းပိုက္ႏိုင္ခဲ့တဲ့ မန္စီးတီးဟာ ခ်န္ပီယံလိဂ္မွာေတာ့ ကံဆိုးမႈေတြနဲ႔ ၾကံဳေနခဲ့ပါတယ္။

ဒါ့အျပင္ ဂြာဒီယိုလာရဲ႕အသင္းဟာ ခ်န္ပီယံလိဂ္ျပိဳင္ပြဲမွာ ျပီးခဲ့တဲ့(၂)ရာသီလံုး ကြာတားဖိုင္နယ္အဆင့္ကေနသာ လွည့္ျပန္ခဲ့ရပါတယ္။ ဒါေၾကာင့္ မန္စီးတီးအေနနဲ႔ အဂၤလန္ျပည္တြင္းမွာ မရဖူးတဲ့ဆုဖလားဆိုတာ မရွိေပမဲ့လည္း ဥေရာပမွာေတာ့ ေအာင္ျမင္မႈတစ္စံုတစ္ရာ ရယူထားႏိုင္ျခင္းမရွိေသးတာလည္းျဖစ္ပါတယ္။

ဒါနဲ႔ပတ္သက္လို႔ ဂြာဒီယိုလာက-

” ခ်န္ပီယံလိဂ္ပစ္မွတ္အတြက္ လူေတြေျပာေနၾကေပမဲ့ ကြ်န္ေတာ္တို႔ အဆင္သင့္မျဖစ္ေသးပါဘူး၊ ကြ်န္ေတာ္တို႔ လက္သင့္မခံႏိုင္စရာေတြ အမ်ားၾကီးျပဳလုပ္ခဲ့ၾကတယ္၊ ဒါေပမဲ့ ကြ်န္ေတာ္တို႔ တိုးတက္လာႏိုင္ပါတယ္ ” ” ျပီးခဲ့တဲ့(၂)ႏွစ္လံုး ကြ်န္ေတာ္တို႔ ဂိုးေတြအမ်ားၾကီး သြင္းယူႏိုင္ခဲ့ၾကတယ္၊ ဒီအေပၚမွာေတာ့ လံုးဝသံသယမရွိပါဘူး၊ ကြ်န္ေတာ္တို႔ ဆက္လက္ၾကိဳးစားသြားရပါမယ္ “လို႔ ထုတ္ေဖာ္ေျပာၾကားသြားခဲ့ပါတယ္။

မန္စီးတီးဟာ လက္ရွိမွာေတာ့ ခ်န္ပီယံလိဂ္ အုပ္စု(C)မွာ ရာႏႈန္းျပည့္ႏိုင္ပြဲရယူထားႏိုင္ျပီး ထိပ္ဆံုးက ရပ္တည္ေနပါတယ္။ လာမယ့္အဂၤါေန႔ညမွာေတာ့ အီတလီစီးရီးေအကလပ္ အတၱလႏၱာအသင္းနဲ႔ ရင္ဆိုင္သြားရမွာျဖစ္ျပီး ႏိုင္ပြဲရခဲ့မယ္ဆိုရင္ေတာ့ အုပ္စုကတက္ႏိုင္ဖို႔ အေျခအေနေကာင္းသြားမွာပါ။

လူညိဳေခ်ာ@SportsGabar

ချန်ပီယံလိဂ်ဖလားရယူဖို့မန်စီးတီးအသင့်မဖြစ်သေးကြောင်းဂွာဒီယိုလာဝန်ခံ

လက်ရှိပရီးမီးယားလိဂ်ချန်ပီယံမန်စီးတီးအသင်းရဲ့နည်းပြကြီးပက်ဂွာဒီယိုလာကတော့ သူ့အသင်းဟာ ချန်ပီယံလိဂ်ဖလားကို ဆွတ်ခူးနိုင်ဖို့ အဆင်သင့်မဖြစ်သေးကြောင်း ဝန်ခံလိုက်ပါတယ်။

မန်စီးတီးဟာ ပြီးခဲ့တဲ့စနေနေ့က ပရိးမီးယားလိဂ်ပွဲစဉ်မှာ ခရစ်စတယ်ပဲလေ့ကို (၂)ဂိုးပြတ်နဲ့အနိုင်ရခဲ့ပြီး၊ လီဗာပူးလ်က ယူနိုက်တက်နဲ့သရေကျသွားခဲ့တာကြောင့် အမှတ်ကွာဟမှုကို လျော့ချနိုင်ခဲ့ပေမဲ့လည်း ချန်ပီယံလိဂ်ပြိုင်ပွဲမှာတော့ လိုအပ်ချက်တွေ ရှိနသေးတယ်လို့ ယုံကြည်နေတာပါ။ ပြီးခဲ့တဲ့ရာသီက အက်ဖ်အေဖလား၊ ကာရာဘောင်ဖလား၊ ပရီးမီးယားလိဂ်ဖလား နဲ့ ကွန်ပြူနတီဒိုင်း တို့ကို သိမ်းပိုက်နိုင်ခဲ့တဲ့ မန်စီးတီးဟာ ချန်ပီယံလိဂ်မှာတော့ ကံဆိုးမှုတွေနဲ့ ကြုံနေခဲ့ပါတယ်။

ဒါ့အပြင် ဂွာဒီယိုလာရဲ့အသင်းဟာ ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ပြီးခဲ့တဲ့(၂)ရာသီလုံး ကွာတားဖိုင်နယ်အဆင့်ကနေသာ လှည့်ပြန်ခဲ့ရပါတယ်။ ဒါကြောင့် မန်စီးတီးအနေနဲ့ အင်္ဂလန်ပြည်တွင်းမှာ မရဖူးတဲ့ဆုဖလားဆိုတာ မရှိပေမဲ့လည်း ဥရောပမှာတော့ အောင်မြင်မှုတစ်စုံတစ်ရာ ရယူထားနိုင်ခြင်းမရှိသေးတာလည်းဖြစ်ပါတယ်။

ဒါနဲ့ပတ်သက်လို့ ဂွာဒီယိုလာက-

” ချန်ပီယံလိဂ်ပစ်မှတ်အတွက် လူတွေပြောနေကြပေမဲ့ ကျွန်တော်တို့ အဆင်သင့်မဖြစ်သေးပါဘူး၊ ကျွန်တော်တို့ လက်သင့်မခံနိုင်စရာတွေ အများကြီးပြုလုပ်ခဲ့ကြတယ်၊ ဒါပေမဲ့ ကျွန်တော်တို့ တိုးတက်လာနိုင်ပါတယ် ” ” ပြီးခဲ့တဲ့(၂)နှစ်လုံး ကျွန်တော်တို့ ဂိုးတွေအများကြီး သွင်းယူနိုင်ခဲ့ကြတယ်၊ ဒီအပေါ်မှာတော့ လုံးဝသံသယမရှိပါဘူး၊ ကျွန်တော်တို့ ဆက်လက်ကြိုးစားသွားရပါမယ် “လို့ ထုတ်ဖော်ပြောကြားသွားခဲ့ပါတယ်။

မန်စီးတီးဟာ လက်ရှိမှာတော့ ချန်ပီယံလိဂ် အုပ်စု(C)မှာ ရာနှုန်းပြည့်နိုင်ပွဲရယူထားနိုင်ပြီး ထိပ်ဆုံးက ရပ်တည်နေပါတယ်။ လာမယ့်အင်္ဂါနေ့ညမှာတော့ အီတလီစီးရီးအေကလပ် အတ္တလန္တာအသင်းနဲ့ ရင်ဆိုင်သွားရမှာဖြစ်ပြီး နိုင်ပွဲရခဲ့မယ်ဆိုရင်တော့ အုပ်စုကတက်နိုင်ဖို့ အခြေအနေကောင်းသွားမှာပါ။

လူညိုချော@SportsGabar