လီဗာပူးလ္ရဲ႕ႏိုင္ပြဲဆက္ေနမႈကိုရပ္တန္႔ပစ္ခဲ့တဲ့မန္ခ်က္စတာယူႏိုက္တက္

မေန႔ညက ယွဥ္ျပိဳင္ကစားခဲ့တဲ့ မန္ခ်က္စတာယူႏိုက္တက္နဲ႔လီဗာပူးလ္တို႔ရဲ႕ပြဲစဥ္မွာ တစ္ဖက္(၁)ဂိုးစီသေရက်သြားခဲ့ျပီး၊ လီဗာပူးလ္အသင္းရဲ႕ႏိုင္ပြဲဆက္ေနမႈဟာလည္း ရပ္တန္႔သြားခဲ့ပါတယ္။

မန္ခ်က္စတာယူႏိုက္တက္အသင္းမွာ ဒဏ္ရာရေနတဲ့ ေပါ့ဘာမပါဝင္ခဲ့ဘဲ မာရွယ္ကေတာ့ လူစားဝင္ကစားသမားအျဖစ္ ပြဲခ်ိန္မိနစ္(၈၀)ေက်ာ္မွ မားကပ္ရက္ဖို႔ရဲ႕ေနရာမွာ ဝင္ေရာက္ကစားသြားခဲ့တာျဖစ္ပါတယ္။ လီဗာပူးလ္အသင္းကေတာ့ တိုက္စစ္မွဴးဆာလက္ကလြဲလို႔ လူစံုတက္စံုနဲ႔ ပြဲထြက္လာခဲ့ျပီး (၄-၃-၃)ကစားကြက္ကိုပံုေဖာ္ကာ သူတို႔ရဲ႕ ပရီးမီးယားလိဂ္ႏိုင္ပြဲဆက္ေနမႈကို ထိန္းသိမ္းဖို႔ အားထုတ္လာခဲ့ပါတယ္။

လက္ရွိအခ်ိန္မွာ ဒီႏွစ္သင္းၾကား ေျခစြမ္းကြာဟမႈေတြရွိေနေပမဲ့လည္း အဂၤလန္ရဲ႕အေအာင္ျမင္ဆံုးအသင္းေတြျဖစ္တာနဲ႔အညီ အႏိုင္မခံအရံႈးမေပးကစားခဲ့ၾကျပီး၊ အိမ္ရွင္ယူႏိုက္တက္က ႏိုင္လိုစိတ္ျပင္းထန္တဲ့ကစားဟန္ကို ျပသႏိုင္ခဲ့ပါတယ္။ တိုက္စစ္မွာ ရက္ဖို႔နဲ႔ဂ်ိမ္းတို႔ကို တြဲေပးျပီးေတာ့ ပါရဲယားကိုေနာက္ခ်န္တိုက္စစ္မွဴးအျဖစ္ထားကာ (၃-၄-၁-၂)ပံုစံနဲ႔ ပြဲထြက္လာခဲ့တဲ့ ဆိုးလ္ရွားရဲ႕ဗ်ဴဟာက အလုပ္ျဖစ္ခဲ့တယ္လို႔ဆိုရမွာျဖစ္ျပီး အဖြင့္ဂိုးကိုလည္း ဒီတိုက္စစ္တြဲလံုးကေနပဲ ရရွိခဲ့တာျဖစ္ပါတယ္။

ပြဲခ်ိန္(၃၆)မိနစ္မွာ ဒန္နီရယ္ဂ်ိမ္းရဲ႕ျဖတ္တင္ေပးပို႔မႈကို ဂိုးဧရိယာထဲမွာအသင့္ရွိေနတဲ့ ရက္ဖို႔က ေျပးဝင္ ပိတ္သြင္းယူခဲ့တာပါ။ အဲဒီေနာက္မွာေတာ့ လီဗာပူးလ္အသင္း တိုက္စစ္ျမွင့္တင္လာခဲ့ျပီး (၄၄)မိနစ္မွာ မာေနးက လီဗာပူးလ္အတြက္ ေျခပဂိုးတစ္ဂိုးသြင္းယူေပးခဲ့ေပမဲ့ VAR ျပန္ၾကည့္တဲ့အခါမွာ လက္ထိေဘာျဖစ္ေနတာေၾကာင့္ ပယ္ခ်ခံခဲ့ရပါတယ္။ ဒုတိယပိုင္းမွာလည္း လီဗာပူးလ္ဟာ ကစားပံုေကာင္းမြန္ေနတဲ့ ယူႏိုက္တက္ခံစစ္ကို ထိုးေဖာက္ႏိုင္ဖို႔ ရုန္းကန္ခဲ့ရျပီး၊ ေျခပဂိုးနဲ႔ေဝးေနခဲ့ပါတယ္။

ဒါေၾကာင့္နည္းျပဂ်ာဂင္ကေလာ့ဟာ ပြဲခ်ိန္(၇၁)မိနစ္အေရာက္မွာ ဟန္ဒါဆင္အစား လယ္လာနာကိုထည့္သြင္းခဲ့ကာ နည္းဗ်ဴဟာ အေျပာင္းအလဲတစ္ခု ျပဳလုပ္ခဲ့ပါတယ္။ ဒီနည္းဗ်ဴဟာက အလုပ္ျဖစ္ခဲ့ျပီး
လူစားဝင္ကစားသမား လယ္လာနာဟာ ေရာ္ဘက္ဆန္ရဲ႕ျဖတ္တင္ေပးပို႔မႈကို အမွားအယြင္းမရွိ ပိတ္သြင္းယူျပီး ေခ်ပဂိုးအျဖစ္ေျပာင္းလဲေပးလိုက္ပါတယ္။ ဒီပြဲမွာ လီဗာပူးလ္အေနနဲ႔ မရံႈးခဲ့ဘူးဆိုေပမဲ့လည္း ႏိုင္ပြဲဆက္ေနမႈကေတာ့ ရပ္တန္႔သြားခဲ့ရျပီး ယူႏိုက္တက္အေနနဲ႔လည္း သူတို႔ရဲ႕ခါးသီးျပိဳင္ဘက္ ဒုကၡေပးႏိုင္ခဲ့လို႔႔ ေက်နပ္စရာျဖစ္ခဲ့ရပါတယ္။

လူညိဳေခ်ာ@SportsGabar

Unicode

လီဗာပူးလ်ရဲ့နိုင်ပွဲဆက်နေမှုကိုရပ်တန့်ပစ်ခဲ့တဲ့မန်ချက်စတာယူနိုက်တက်

မနေ့ညက ယှဉ်ပြိုင်ကစားခဲ့တဲ့ မန်ချက်စတာယူနိုက်တက်နဲ့လီဗာပူးလ်တို့ရဲ့ပွဲစဉ်မှာ တစ်ဖက်(၁)ဂိုးစီသရေကျသွားခဲ့ပြီး၊ လီဗာပူးလ်အသင်းရဲ့နိုင်ပွဲဆက်နေမှုဟာလည်း ရပ်တန့်သွားခဲ့ပါတယ်။

မန်ချက်စတာယူနိုက်တက်အသင်းမှာ ဒဏ်ရာရနေတဲ့ ပေါ့ဘာမပါဝင်ခဲ့ဘဲ မာရှယ်ကတော့ လူစားဝင်ကစားသမားအဖြစ် ပွဲချိန်မိနစ်(၈၀)ကျော်မှ မားကပ်ရက်ဖို့ရဲ့နေရာမှာ ဝင်ရောက်ကစားသွားခဲ့တာဖြစ်ပါတယ်။ လီဗာပူးလ်အသင်းကတော့ တိုက်စစ်မှူးဆာလက်ကလွဲလို့ လူစုံတက်စုံနဲ့ ပွဲထွက်လာခဲ့ပြီး (၄-၃-၃)ကစားကွက်ကိုပုံဖော်ကာ သူတို့ရဲ့ ပရီးမီးယားလိဂ်နိုင်ပွဲဆက်နေမှုကို ထိန်းသိမ်းဖို့ အားထုတ်လာခဲ့ပါတယ်။

လက်ရှိအချိန်မှာ ဒီနှစ်သင်းကြား ခြေစွမ်းကွာဟမှုတွေရှိနေပေမဲ့လည်း အင်္ဂလန်ရဲ့အအောင်မြင်ဆုံးအသင်းတွေဖြစ်တာနဲ့အညီ အနိုင်မခံအရှုံးမပေးကစားခဲ့ကြပြီး၊ အိမ်ရှင်ယူနိုက်တက်က နိုင်လိုစိတ်ပြင်းထန်တဲ့ကစားဟန်ကို ပြသနိုင်ခဲ့ပါတယ်။ တိုက်စစ်မှာ ရက်ဖို့နဲ့ဂျိမ်းတို့ကို တွဲပေးပြီးတော့ ပါရဲယားကိုနောက်ချန်တိုက်စစ်မှူးအဖြစ်ထားကာ (၃-၄-၁-၂)ပုံစံနဲ့ ပွဲထွက်လာခဲ့တဲ့ ဆိုးလ်ရှားရဲ့ဗျူဟာက အလုပ်ဖြစ်ခဲ့တယ်လို့ဆိုရမှာဖြစ်ပြီး အဖွင့်ဂိုးကိုလည်း ဒီတိုက်စစ်တွဲလုံးကနေပဲ ရရှိခဲ့တာဖြစ်ပါတယ်။

ပွဲချိန်(၃၆)မိနစ်မှာ ဒန်နီရယ်ဂျိမ်းရဲ့ဖြတ်တင်ပေးပို့မှုကို ဂိုးဧရိယာထဲမှာအသင့်ရှိနေတဲ့ ရက်ဖို့က ပြေးဝင် ပိတ်သွင်းယူခဲ့တာပါ။ အဲဒီနောက်မှာတော့ လီဗာပူးလ်အသင်း တိုက်စစ်မြှင့်တင်လာခဲ့ပြီး (၄၄)မိနစ်မှာ မာနေးက လီဗာပူးလ်အတွက် ခြေပဂိုးတစ်ဂိုးသွင်းယူပေးခဲ့ပေမဲ့ VAR ပြန်ကြည့်တဲ့အခါမှာ လက်ထိဘောဖြစ်နေတာကြောင့် ပယ်ချခံခဲ့ရပါတယ်။ ဒုတိယပိုင်းမှာလည်း လီဗာပူးလ်ဟာ ကစားပုံကောင်းမွန်နေတဲ့ ယူနိုက်တက်ခံစစ်ကို ထိုးဖောက်နိုင်ဖို့ ရုန်းကန်ခဲ့ရပြီး၊ ခြေပဂိုးနဲ့ဝေးနေခဲ့ပါတယ်။

ဒါကြောင့်နည်းပြဂျာဂင်ကလော့ဟာ ပွဲချိန်(၇၁)မိနစ်အရောက်မှာ ဟန်ဒါဆင်အစား လယ်လာနာကိုထည့်သွင်းခဲ့ကာ နည်းဗျူဟာ အပြောင်းအလဲတစ်ခု ပြုလုပ်ခဲ့ပါတယ်။ ဒီနည်းဗျူဟာက အလုပ်ဖြစ်ခဲ့ပြီး
လူစားဝင်ကစားသမား လယ်လာနာဟာ ရော်ဘက်ဆန်ရဲ့ဖြတ်တင်ပေးပို့မှုကို အမှားအယွင်းမရှိ ပိတ်သွင်းယူပြီး ချေပဂိုးအဖြစ်ပြောင်းလဲပေးလိုက်ပါတယ်။ ဒီပွဲမှာ လီဗာပူးလ်အနေနဲ့ မရှုံးခဲ့ဘူးဆိုပေမဲ့လည်း နိုင်ပွဲဆက်နေမှုကတော့ ရပ်တန့်သွားခဲ့ရပြီး ယူနိုက်တက်အနေနဲ့လည်း သူတို့ရဲ့ခါးသီးပြိုင်ဘက် ဒုက္ခပေးနိုင်ခဲ့လို့ ကျေနပ်စရာဖြစ်ခဲ့ရပါတယ်။

လူညိုချော@SportsGabar