အဂၤလန္ဒါဘီပြဲမတိုင္ခင္ဆိုးလ္ရွားကိုအရိႈက္ထိေအာင္ထိုးႏွက္လိုက္တဲ့ကာေရဂါ

လီဗာပူးလ္အသင္းရဲ႕ဂႏၳဝင္ကစားသမားတစ္ဦးျဖစ္တဲ့ ကာေရဂါကေတာ့ ယခုလက္ရွိလီဗာပူးလ္အသင္းကိုနည္းျပေနတဲ့ ဂ်ာဂင္ကေလာ့သာ မန္ယူႏိုက္တက္နည္းျပျဖစ္ခဲ့မယ္ဆိုရင္ ပရီးမီးယားလိဂ္အမွတ္ေပးဇယားအေျခအေနက အခုလိုမဟုတ္ဘဲ အမ်ားၾကီးျခားနားေနလိမ့္မယ္လို႔ ေျပာလိုက္ပါတယ္။

ကာေရဂါဟာ အျမင့္ပ်ံၾကိဳးၾကာနီတို႔ရဲ႕ပဲ့ကိုင္ရွင္ ကေလာ့ကို ခ်ီးက်ဴးေျပာဆိုခဲ့တာျဖစ္ေပမဲ့ တစ္ဖက္မွာလည္း လက္ရွိယူႏိုက္တက္ကို ကိုင္တြယ္ျပီး ရလဒ္ေတြဆိုးရြားေနတဲ့ နည္းျပဆိုးလ္ရွားကို သြယ္ဝိုက္ျပီးထိုးႏွက္လိုက္သလိုျဖစ္ခဲ့ပါတယ္။ ဒါ့အျပင္ ကေလာ့က ကမာၻ႔အဆင့္နည္းျပျဖစ္တယ္လို႔ဆိုတဲ့စကားဟာလည္း အသင္းၾကီးေတြကို ကိုင္တြယ္ထားဖူးျခင္းမရွိတဲ့ ဆိုးလ္ရွားအတြက္ေတာ့ အသည္းခိုက္စရာေကာင္းေနတာအမွန္ပါပဲ။

ကာေရဂါက-

” လြန္ခဲ့တဲ့(၂)ႏွစ္ေက်ာ္ေလာက္က ကြ်န္ေတာ္ေျပာခဲ့ဖူးတယ္၊ ယူႏိုက္တက္သာ ပက္ဂြာဒီယိုလာကို နည္းျပအျဖစ္ခန္႔အပ္ခဲ့မယ္ဆိုရင္ သူတို႔ေတြ ဆုဖလားအတြက္ အခ်ိန္အၾကာၾကီးေစာင့္စရာလိုမွာမဟုတ္ဘူးလို႔ေပါ့ ” ” ဂ်ာဂင္ကေလာ့လည္း အတူတူပါပဲ၊ သူသာ ယူႏိုက္တက္နည္းျပျဖစ္ခဲ့မယ္ဆိုရင္ ပရီးမီးယားလိဂ္အမွတ္ေပးဇယားအေျခအေနက အခုျမင္ေတြ႔ေနရတာနဲ႔ လံုးဝကြဲျပားျခားနားေနပါလိမ့္မယ္ ”

” လြန္ခဲ့တဲ့(၂၀၁၆)နဲ႔(၂၀၁၈)ခုႏွစ္ေတြမွာ လီဗာပူးလ္ဟာ ယူႏိုက္တက္ရဲ႕ေအာက္မွာသာ ရပ္တည္ႏိုင္ေသးတာကိုမေမ့ပါနဲ႔၊ ကလပ္အသင္းတိုင္းမွာ အေရးၾကီးဆံုးပံုရိပ္က နည္းျပပါပဲ၊ ကေလာ့ေရာက္လာျပီးတဲ့ေနာက္ လီဗာပူးလ္ရဲ႕တိုးတက္လာမႈႏႈန္းကတကယ့္ကို အံ့မခန္းပါပဲ၊ လီဗာပူးလ္ကို အခုလက္ရွိအေျခအေနထိေရာက္ေအာင္ ကေလာ့က အေကာင္းဆံုးဦးေဆာင္ႏိုင္ခဲ့တယ္၊ သူက ကမာၻ႔အဆင့္ နည္းျပတစ္ေယာက္ပါပဲ ” လို႔ ထုတ္ေဖာ္ေျပာသြားခဲ့ပါတယ္။

ကာေရဂါရဲ႕ေျပာစကားေတြဟာ ယူႏိုက္တက္နည္းျပဆိုးလ္ရွားကို တမင္ရည္ရြယ္ခဲ့သလားဆိုတာ မေသခ်ာေပမဲ့၊ လက္ရွိ လီဗာပူးလ္အသင္း ကမာၻ႔အဆင့္မွာ ျပန္ရပ္တည္လာႏိုင္ခဲ့တာဟာ နည္းျပျဖစ္သူ ဂ်ာဂင္ကေလာ့ေၾကာင့္လို႔ေျပာမယ္ဆိုရင္ေတာ့ လြန္မွာမဟုတ္တာ ေသခ်ာေနပါတယ္။

လူညိဳေခ်ာ@SportsGabar

Unicode

အင်္ဂလန်ဒါဘီပွဲမတိုင်ခင်ဆိုးလ်ရှားကိုအရှိုက်ထိအောင်ထိုးနှက်လိုက်တဲ့ကာရေဂါ

လီဗာပူးလ်အသင်းရဲ့ဂန္ထဝင်ကစားသမားတစ်ဦးဖြစ်တဲ့ ကာရေဂါကတော့ ယခုလက်ရှိလီဗာပူးလ်အသင်းကိုနည်းပြနေတဲ့ ဂျာဂင်ကလော့သာ မန်ယူနိုက်တက်နည်းပြဖြစ်ခဲ့မယ်ဆိုရင် ပရီးမီးယားလိဂ်အမှတ်ပေးဇယားအခြေအနေက အခုလိုမဟုတ်ဘဲ အများကြီးခြားနားနေလိမ့်မယ်လို့ ပြောလိုက်ပါတယ်။

ကာရေဂါဟာ အမြင့်ပျံကြိုးကြာနီတို့ရဲ့ပဲ့ကိုင်ရှင် ကလော့ကို ချီးကျူးပြောဆိုခဲ့တာဖြစ်ပေမဲ့ တစ်ဖက်မှာလည်း လက်ရှိယူနိုက်တက်ကို ကိုင်တွယ်ပြီး ရလဒ်တွေဆိုးရွားနေတဲ့ နည်းပြဆိုးလ်ရှားကို သွယ်ဝိုက်ပြီးထိုးနှက်လိုက်သလိုဖြစ်ခဲ့ပါတယ်။ ဒါ့အပြင် ကလော့က ကမ္ဘာ့အဆင့်နည်းပြဖြစ်တယ်လို့ဆိုတဲ့စကားဟာလည်း အသင်းကြီးတွေကို ကိုင်တွယ်ထားဖူးခြင်းမရှိတဲ့ ဆိုးလ်ရှားအတွက်တော့ အသည်းခိုက်စရာကောင်းနေတာအမှန်ပါပဲ။

ကာရေဂါက-

” လွန်ခဲ့တဲ့(၂)နှစ်ကျော်လောက်က ကျွန်တော်ပြောခဲ့ဖူးတယ်၊ ယူနိုက်တက်သာ ပက်ဂွာဒီယိုလာကို နည်းပြအဖြစ်ခန့်အပ်ခဲ့မယ်ဆိုရင် သူတို့တွေ ဆုဖလားအတွက် အချိန်အကြာကြီးစောင့်စရာလိုမှာမဟုတ်ဘူးလို့ပေါ့ ” ” ဂျာဂင်ကလော့လည်း အတူတူပါပဲ၊ သူသာ ယူနိုက်တက်နည်းပြဖြစ်ခဲ့မယ်ဆိုရင် ပရီးမီးယားလိဂ်အမှတ်ပေးဇယားအခြေအနေက အခုမြင်တွေ့နေရတာနဲ့ လုံးဝကွဲပြားခြားနားနေပါလိမ့်မယ် ”

” လွန်ခဲ့တဲ့(၂၀၁၆)နဲ့(၂၀၁၈)ခုနှစ်တွေမှာ လီဗာပူးလ်ဟာ ယူနိုက်တက်ရဲ့အောက်မှာသာ ရပ်တည်နိုင်သေးတာကိုမမေ့ပါနဲ့၊ ကလပ်အသင်းတိုင်းမှာ အရေးကြီးဆုံးပုံရိပ်က နည်းပြပါပဲ၊ ကလော့ရောက်လာပြီးတဲ့နောက် လီဗာပူးလ်ရဲ့တိုးတက်လာမှုနှုန်းကတကယ့်ကို အံ့မခန်းပါပဲ၊ လီဗာပူးလ်ကို အခုလက်ရှိအခြေအနေထိရောက်အောင် ကလော့က အကောင်းဆုံးဦးဆောင်နိုင်ခဲ့တယ်၊ သူက ကမ္ဘာ့အဆင့် နည်းပြတစ်ယောက်ပါပဲ ” လို့ ထုတ်ဖော်ပြောသွားခဲ့ပါတယ်။

ကာရေဂါရဲ့ပြောစကားတွေဟာ ယူနိုက်တက်နည်းပြဆိုးလ်ရှားကို တမင်ရည်ရွယ်ခဲ့သလားဆိုတာ မသေချာပေမဲ့၊ လက်ရှိ လီဗာပူးလ်အသင်း ကမ္ဘာ့အဆင့်မှာ ပြန်ရပ်တည်လာနိုင်ခဲ့တာဟာ နည်းပြဖြစ်သူ ဂျာဂင်ကလော့ကြောင့်လို့ပြောမယ်ဆိုရင်တော့ လွန်မှာမဟုတ်တာ သေချာနေပါတယ်။

လူညိုချော@SportsGabar