ခ်ားကြန္ဝဲလ္ရဲ႕ျပင္းထန္လွတဲ့ထိုးခ်က္ေတြေၾကာင့္ေသဆံုးသြားျပီျဖစ္တဲ့ေဘာင္ဆင္သမားပတ္ထရစ္ေဒး

ဝဲသာဝိတ္တန္းမွာထိုးသတ္ေနတဲ့ ေၾကးစားေဘာင္ဆင္သမားပတ္ထရစ္ေဒးဟာ ေအာက္တိုဘာလ(၁၃)ရက္ေန႔က ထိုးသတ္ခဲ့တဲ့ ပြဲမွာ ျပိဳင္ဘက္ခ်ားကြန္ဝဲလ္ရဲ႕ ျပင္းထန္လွတဲ့ လက္သီးထိုးခ်က္ေတြေၾကာင့္ ေသဆံုးသြားခဲ့ျပီလို႔သိရပါတယ္။

ခ်ီကာဂိုျမိဳ႕မွာက်င္းပျပဳလုပ္ခဲ့တဲ့ ဒီပြဲမွာ ပတ္ထရစ္ေဒးနဲ႔ ခ်ားကြန္ဝဲလ္တို႔ဟာ သူတစ္ျပန္ ကိုယ္တစ္ျပန္ အၾကိတ္အနယ္ထိုးသတ္ခဲ့ၾကျပီး အရံႈးအႏိုင္ျပတ္သားဖို႔ ခက္ေနခဲ့ပါတယ္။ ဒါေပမဲ့ (၁၀)ခ်ီေျမာက္မွာေတာ့ ေဘာင္ဆင္ေလာကတစ္ခုလံုးကို အံ့ၾသတုန္လႈပ္ေစမယ့္ ျဖစ္ရပ္တစ္ခုျဖစ္ပြားခဲ့ပါတယ္။ ပြဲကို အျပတ္ျဖတ္ႏိုင္ဖို႔ ပိုမိုအားထုတ္လာတဲ့ ခ်ားကြန္ဝဲလ္ရဲ႕လက္သီးထိုးခ်က္ေတြဟာ ျပင္းထန္အားပါလွျပီး ပတ္ထရစ္ေဒးရဲ႕ဦးေခါင္းနဲ႔မ်က္ႏွာေတြေပၚကို တရစပ္ထိမွန္ခဲ့ပါတယ္။

ဒါေၾကာင့္ပဲ ပတ္ထရစ္ဟာ အရုပ္ၾကိဳးျပတ္ လဲက်သြားခဲ့ျပီး သတိလစ္ေမ့ေျမာသြားခဲ့ပါတယ္။ အဲဒီေနာက္မွာေတာ့ ေဆးအဖြဲ႔ဟာ သတိျပန္လည္မလာေတာ့တဲ့ ပတ္ထရစ္ကို ေအာက္စီဂ်င္ေပးကာ ထန္းစင္နဲ႔သယ္ထုတ္ျပီး အေရးေပၚေဆးရံုပို႔ခဲ့ၾကပါတယ္။ ဒါေပမဲ့လည္း အဲဒီေန႔ကစျပီး လံုးဝ သတိျပန္မလည္လာေတာ့တဲ့ ပတ္ထရစ္ဟာ ျပီးခဲ့တဲ့ၾကာသပေတးေန႔မွာ သူခ်စ္တဲ့လူေတြနဲ႔ ေလာကၾကီးကို အျပီးအပိုင္ ႏႈတ္ဆက္သြားခဲ့ျပီလို႔သိရပါတယ္။

ပတ္ထရစ္ဟာ သူ႔ရဲ႕ဦးေခါင္းမွာ ျပင္းထန္လွတဲ့ ဒဏ္ရာကိုရရွိခဲ့တာျဖစ္ျပီး ဦးေႏွာက္ကိုပါထိခိုက္သြားခဲ့ကာ ကိုမာဝင္သြားတာလို႔ ဆရာဝန္ေတြကဆိုပါတယ္။ ဒီျဖစ္ရပ္အေပၚမွာ အံ့ၾသထိတ္လန္႔မဆံုးျဖစ္ေနတဲ့ ခ်ားကြန္ဝဲလ္ကေတာ့ သူ႔အေနနဲ႔ ဒီလိုေတြျဖစ္မယ္မွန္းသာ ၾကိဳသိခဲ့ရင္ ပတ္ထရစ္ကို မထိုးခဲ့ပါဘူးလို႔ ဝမ္းနည္းပတ္လက္ဖြင့္ဟခဲ့ျပီး မိသားစုေတြနဲ႔ထပ္တူ ေၾကကြဲခံစားရပါတယ္လို႔ေျပာသြားခဲ့ပါတယ္။

လူညိဳေခ်ာ@SportsGabar

Unicode

ချားကွန်ဝဲလ်ရဲ့ပြင်းထန်လှတဲ့ထိုးချက်တွေကြောင့်သေဆုံးသွားပြီဖြစ်တဲ့ဘောင်ဆင်သမားပတ်ထရစ်ဒေး

ဝဲသာဝိတ်တန်းမှာထိုးသတ်နေတဲ့ ကြေးစားဘောင်ဆင်သမားပတ်ထရစ်ဒေးဟာ အောက်တိုဘာလ(၁၃)ရက်နေ့က ထိုးသတ်ခဲ့တဲ့ ပွဲမှာ ပြိုင်ဘက်ချားကွန်ဝဲလ်ရဲ့ ပြင်းထန်လှတဲ့ လက်သီးထိုးချက်တွေကြောင့် သေဆုံးသွားခဲ့ပြီလို့သိရပါတယ်။

ချီကာဂိုမြို့မှာကျင်းပပြုလုပ်ခဲ့တဲ့ ဒီပွဲမှာ ပတ်ထရစ်ဒေးနဲ့ ချားကွန်ဝဲလ်တို့ဟာ သူတစ်ပြန် ကိုယ်တစ်ပြန် အကြိတ်အနယ်ထိုးသတ်ခဲ့ကြပြီး အရှုံးအနိုင်ပြတ်သားဖို့ ခက်နေခဲ့ပါတယ်။ ဒါပေမဲ့ (၁၀)ချီမြောက်မှာတော့ ဘောင်ဆင်လောကတစ်ခုလုံးကို အံ့သြတုန်လှုပ်စေမယ့် ဖြစ်ရပ်တစ်ခုဖြစ်ပွားခဲ့ပါတယ်။ ပွဲကို အပြတ်ဖြတ်နိုင်ဖို့ ပိုမိုအားထုတ်လာတဲ့ ချားကွန်ဝဲလ်ရဲ့လက်သီးထိုးချက်တွေဟာ ပြင်းထန်အားပါလှပြီး ပတ်ထရစ်ဒေးရဲ့ဦးခေါင်းနဲ့မျက်နှာတွေပေါ်ကို တရစပ်ထိမှန်ခဲ့ပါတယ်။

ဒါကြောင့်ပဲ ပတ်ထရစ်ဟာ အရုပ်ကြိုးပြတ် လဲကျသွားခဲ့ပြီး သတိလစ်မေ့မြောသွားခဲ့ပါတယ်။ အဲဒီနောက်မှာတော့ ဆေးအဖွဲ့ဟာ သတိပြန်လည်မလာတော့တဲ့ ပတ်ထရစ်ကို အောက်စီဂျင်ပေးကာ ထန်းစင်နဲ့သယ်ထုတ်ပြီး အရေးပေါ်ဆေးရုံပို့ခဲ့ကြပါတယ်။ ဒါပေမဲ့လည်း အဲဒီနေ့ကစပြီး လုံးဝ သတိပြန်မလည်လာတော့တဲ့ ပတ်ထရစ်ဟာ ပြီးခဲ့တဲ့ကြာသပတေးနေ့မှာ သူချစ်တဲ့လူတွေနဲ့ လောကကြီးကို အပြီးအပိုင် နှုတ်ဆက်သွားခဲ့ပြီလို့သိရပါတယ်။

ပတ်ထရစ်ဟာ သူ့ရဲ့ဦးခေါင်းမှာ ပြင်းထန်လှတဲ့ ဒဏ်ရာကိုရရှိခဲ့တာဖြစ်ပြီး ဦးနှောက်ကိုပါထိခိုက်သွားခဲ့ကာ ကိုမာဝင်သွားတာလို့ ဆရာဝန်တွေကဆိုပါတယ်။ ဒီဖြစ်ရပ်အပေါ်မှာ အံ့သြထိတ်လန့်မဆုံးဖြစ်နေတဲ့ ချားကွန်ဝဲလ်ကတော့ သူ့အနေနဲ့ ဒီလိုတွေဖြစ်မယ်မှန်းသာ ကြိုသိခဲ့ရင် ပတ်ထရစ်ကို မထိုးခဲ့ပါဘူးလို့ ဝမ်းနည်းပတ်လက်ဖွင့်ဟခဲ့ပြီး မိသားစုတွေနဲ့ထပ်တူ ကြေကွဲခံစားရပါတယ်လို့ပြောသွားခဲ့ပါတယ်။

လူညိုချော@SportsGabar