မန္စီးတီး၊ဘာကာတို႔ထက္သာလြန္ျပီးေဘာလံုးပိုင္ဆိုင္မႈအေကာင္းဆံုးျဖစ္ေနတဲ့အသင္း

ဥေရာပေဘာလံုးရပ္ဝန္းမွာ ပရီးမီးယားလိဂ္ခ်န္ပီယံမန္စီးတီးအသင္းနဲ႔လာလီဂါဘုရင္ ဘာစီလိုနာအသင္းတို႔ဟာ အျခားျပိဳင္ဘက္ေတြထက္စာရင္ ေဘာလံုးပိုင္ဆိုင္မႈကို ပိုမိုဦးစားေပးျပီးကစားတက္တဲ့ အသင္းေတြအျဖစ္ လူသိမ်ားပါတယ္။

ႏွစ္သင္းစလံုးကလည္း နည္းျပ ပက္ဂြာဒီယိုလာကိုင္တြယ္ခဲ့ဖူးတဲ့၊ ကိုင္တြယ္ေနဆဲ အသင္းေတြျဖစ္ေနတာကလည္း ဒီႏွစ္သင္းရဲ႕ကစားပံုကို တူညီေနေစခဲ့တဲ့အေၾကာင္းအရင္းတစ္ခုပါ။ ဒါေပမဲ့လည္း ယခုႏွစ္ ဥေရာပမွာ မန္စီးတီးနဲ႔ဘာကာတို႔ထက္ တစ္ပြဲပ်မ္းမွ် ေဘာလံုးပိုင္ဆိုင္မႈ ပိုမိုသာလြန္တဲ့ အသင္းေတြရွိေနပါတယ္။ အဲဒီအသင္းေတြကေတာ့ ျပင္သစ္ကလပ္ပီအက္စ္ဂ်ီနဲ႔ဂ်ာမန္ဘြန္ဒက္လီဂါကလပ္ ေလဗာကူဆင္တို႔ပဲျဖစ္ပါတယ္။

ေနမာ၊ ကာဗာနီ၊ ဘာေပတို႔လိုကစားသမားေကာင္းေတြ တျပံဳၾကီးနဲ႔ ျပင္သစ္မွာၾကီးစိုးေနတဲ့ ပီအက္စ္ဂ်ီအေနနဲ႔ ပ်မ္းမွ်ေဘာလံုးပိုင္ဆိုင္မႈ(၆၃.၃)ရာခိုင္ႏႈန္းရရွိထားျပီး ဒီစာရင္းရဲ႕ ဒုတိယေနရာေရာက္ေနတာ သိပ္ျပီးေတာ့မထူးဆန္းလွေပမဲ့၊ ျပိဳင္ဆိုင္မႈျပင္းထန္တဲ့ ဘြန္ဒက္လီဂါလိုလိဂ္မွာ ဘိုင္ယန္၊ ေဒါ့မြန္တို႔ေလာက္ မေတာင့္တင္းတဲ့ ေလဗာကူဆင္လိုအသင္းက အဆင့္(၁)ေနရာကိုရယူထားတာကေတာ့ အနည္းငယ္ အံ့အားသင့္စရာေကာင္းေနပါတယ္။

ဟုတ္ပါတယ္။ ေလဗာကူဆင္ဟာ တစ္ပြဲပ်မ္းမွ်ေဘာလံုးပိုင္ဆိုင္မႈ(၆၄.၈)ရာခိုင္ႏႈန္းအထိရထားျပီးေတာ့ ျပည္တြင္းျပိဳင္ဘက္ေတြျဖစ္တဲ့ ဘိုင္ယန္ျမဴးနစ္နဲ႔ေဒါ့မြန္အပါအဝင္ ဘာစီလိုနာ၊ ပီအက္စ္ဂ်ီအသင္းေတြကိုပါ ေက်ာ္ျဖတ္ျပီး ထိပ္ဆံုးမွာ ခပ္တည္တည္နဲ႔ ေနရာယူေနတာျဖစ္ပါတယ္။ ေနာက္ဆံုးကစားခဲ့တဲ့ လစ္ဇစ္နဲ႔ပြဲမွာလည္း ေလဗာကူဆင္ဟာ (၆၅)ရာခိုင္ႏႈန္းအထိ ေဘာလံုးပိုင္ဆိုင္မႈရေအာင္ စြမ္းေဆာင္ထားပါေသးတယ္။

ေလဗာကူဆင္ရဲ႕ေနာက္မွာေတာ့ ပီအက္စ္ဂ်ီက(၆၃.၃)ရာခိုင္ႏႈန္း၊ ဘာစီလိုနာက(၆၂.၆)ရာခိုင္ႏႈန္း၊ ဘိုင္ယန္ျမဴးနစ္က(၆၂.၂)ရာခိုင္ႏႈန္း၊ ေဒါ့မြန္က(၆၁.၃)ရာခိုင္ႏႈန္းနဲ႔ အစဥ္လိုက္ရပ္တည္ေနၾကပါတယ္။ မန္စီးတီးအသင္းကေတာ့ ထိပ္ဆံုး(၅)သင္းစာရင္းမွာေတာင္ ပါဝင္လာျခင္းမရွိေသးပါဘူး။ ဒါဟာ နည္းျပဂြာဒီယိုလာရဲ႕နည္းစနစ္ပိုင္း အေျပာင္းအလဲေၾကာင့္လား၊ ျပိဳင္ဆိုင္မႈျပင္းထန္လာတဲ့ ပရီးမီးယားလိဂ္ေၾကာင့္လားဆိုတာကေတာ့ ေဝခြဲရခက္ေနပါေၾကာင္း…။

လူညိဳေခ်ာ@SportsGabar

Unicode

မန်စီးတီး၊ဘာကာတို့ထက်သာလွန်ပြီးဘောလုံးပိုင်ဆိုင်မှုအကောင်းဆုံးဖြစ်နေတဲ့အသင်း

ဥရောပဘောလုံးရပ်ဝန်းမှာ ပရီးမီးယားလိဂ်ချန်ပီယံမန်စီးတီးအသင်းနဲ့လာလီဂါဘုရင် ဘာစီလိုနာအသင်းတို့ဟာ အခြားပြိုင်ဘက်တွေထက်စာရင် ဘောလုံးပိုင်ဆိုင်မှုကို ပိုမိုဦးစားပေးပြီးကစားတက်တဲ့ အသင်းတွေအဖြစ် လူသိများပါတယ်။

နှစ်သင်းစလုံးကလည်း နည်းပြ ပက်ဂွာဒီယိုလာကိုင်တွယ်ခဲ့ဖူးတဲ့၊ ကိုင်တွယ်နေဆဲ အသင်းတွေဖြစ်နေတာကလည်း ဒီနှစ်သင်းရဲ့ကစားပုံကို တူညီနေစေခဲ့တဲ့အကြောင်းအရင်းတစ်ခုပါ။ ဒါပေမဲ့လည်း ယခုနှစ် ဥရောပမှာ မန်စီးတီးနဲ့ဘာကာတို့ထက် တစ်ပွဲပျမ်းမျှ ဘောလုံးပိုင်ဆိုင်မှု ပိုမိုသာလွန်တဲ့ အသင်းတွေရှိနေပါတယ်။ အဲဒီအသင်းတွေကတော့ ပြင်သစ်ကလပ်ပီအက်စ်ဂျီနဲ့ဂျာမန်ဘွန်ဒက်လီဂါကလပ် လေဗာကူဆင်တို့ပဲဖြစ်ပါတယ်။

နေမာ၊ ကာဗာနီ၊ ဘာပေတို့လိုကစားသမားကောင်းတွေ တပြုံကြီးနဲ့ ပြင်သစ်မှာကြီးစိုးနေတဲ့ ပီအက်စ်ဂျီအနေနဲ့ ပျမ်းမျှဘောလုံးပိုင်ဆိုင်မှု(၆၃.၃)ရာခိုင်နှုန်းရရှိထားပြီး ဒီစာရင်းရဲ့ ဒုတိယနေရာရောက်နေတာ သိပ်ပြီးတော့မထူးဆန်းလှပေမဲ့၊ ပြိုင်ဆိုင်မှုပြင်းထန်တဲ့ ဘွန်ဒက်လီဂါလိုလိဂ်မှာ ဘိုင်ယန်၊ ဒေါ့မွန်တို့လောက် မတောင့်တင်းတဲ့ လေဗာကူဆင်လိုအသင်းက အဆင့်(၁)နေရာကိုရယူထားတာကတော့ အနည်းငယ် အံ့အားသင့်စရာကောင်းနေပါတယ်။

ဟုတ်ပါတယ်။ လေဗာကူဆင်ဟာ တစ်ပွဲပျမ်းမျှဘောလုံးပိုင်ဆိုင်မှု(၆၄.၈)ရာခိုင်နှုန်းအထိရထားပြီးတော့ ပြည်တွင်းပြိုင်ဘက်တွေဖြစ်တဲ့ ဘိုင်ယန်မြူးနစ်နဲ့ဒေါ့မွန်အပါအဝင် ဘာစီလိုနာ၊ ပီအက်စ်ဂျီအသင်းတွေကိုပါ ကျော်ဖြတ်ပြီး ထိပ်ဆုံးမှာ ခပ်တည်တည်နဲ့ နေရာယူနေတာဖြစ်ပါတယ်။ နောက်ဆုံးကစားခဲ့တဲ့ လစ်ဇစ်နဲ့ပွဲမှာလည်း လေဗာကူဆင်ဟာ (၆၅)ရာခိုင်နှုန်းအထိ ဘောလုံးပိုင်ဆိုင်မှုရအောင် စွမ်းဆောင်ထားပါသေးတယ်။

လေဗာကူဆင်ရဲ့နောက်မှာတော့ ပီအက်စ်ဂျီက(၆၃.၃)ရာခိုင်နှုန်း၊ ဘာစီလိုနာက(၆၂.၆)ရာခိုင်နှုန်း၊ ဘိုင်ယန်မြူးနစ်က(၆၂.၂)ရာခိုင်နှုန်း၊ ဒေါ့မွန်က(၆၁.၃)ရာခိုင်နှုန်းနဲ့ အစဉ်လိုက်ရပ်တည်နေကြပါတယ်။ မန်စီးတီးအသင်းကတော့ ထိပ်ဆုံး(၅)သင်းစာရင်းမှာတောင် ပါဝင်လာခြင်းမရှိသေးပါဘူး။ ဒါဟာ နည်းပြဂွာဒီယိုလာရဲ့နည်းစနစ်ပိုင်း အပြောင်းအလဲကြောင့်လား၊ ပြိုင်ဆိုင်မှုပြင်းထန်လာတဲ့ ပရီးမီးယားလိဂ်ကြောင့်လားဆိုတာကတော့ ဝေခွဲရခက်နေပါကြောင်း…။

လူညိုချော@SportsGabar