ကုတ္နဲ႔ကေလာ္ထုတ္ရင္ေတာင္အာဆင္နယ္ကမထြက္ဘူးဆိုတဲ့အိုေဇးလ္

ယခုႏွစ္အတြင္း အာဆင္နယ္အသင္းမွာ ေနရာေပ်ာက္ေနတဲ့ ကြင္းလယ္လူအိုေဇးလ္ကေတာ့ အေႏွးနဲ႔အျမန္ဆိုသလို လန္ဒန္ကေန ထြက္ခြာရႏိုင္တယ္ဆိုတဲ့ ေကာလဟာလေတြအေပၚမွာ ျပတ္သားတဲ့ တုန္႔ျပန္မႈတစ္ခုျပဳလုပ္သြားခဲ့ပါတယ္။

ျပီးခဲ့တဲ့ႏွစ္အနည္းငယ္အတြင္း အာဆင္နယ္မွာ အိုေဇးလ္ရဲ႕ပံုရိပ္က ေတာ္ေတာ္ေလးကို ျမင့္မားခဲ့ပါတယ္။ ဂ်ာမနီလက္ေရြးစင္အသင္းနဲ႔အတူ ကမာၻ႔ဖလားကိုဆြတ္ခူးႏိုင္ခဲ့တဲ့ အိုေဇးလ္ဟာ ေဘာလံုးအရည္အေသြးျမင့္မားတဲ့ ကြင္းလယ္လူတစ္ေယာက္ျဖစ္ျပီး အာဆင္နယ္ပရိသတ္ေတြရဲ႕အခ်စ္ေတာ္ကစားသမားတစ္ေယာက္လည္းျဖစ္ခဲ့တာပါ။ ဒါေပမဲ့ အာဆင္နယ္ကို နည္းျပၾကီး အာစင္ဝင္းဂါးစြန္႔ခြာသြားျပီးတဲ့ေနာက္ အသစ္ေရာက္ရွိလာတဲ့ နည္းျပအမ္မရီရဲ႕လက္ထက္မွာေတာ့ အိုေဇးလ္တစ္ေယာက္ မ်က္ႏွာသာေပးမခံခဲ့ရဘဲ ဂန္းနားေတြရဲ႕အပယ္ခံျဖစ္လာပါေတာ့တယ္။

အသင္းကစားကြက္နဲ႔အံမဝင္လို႔ဆိုတဲ့ အေၾကာင္းျပခ်က္နဲ႔ နည္းျပအမ္မရီဟာ အိုေဇးလ္ကို အရံခုန္ေပၚပို႔ပစ္ခဲ့ျပီး၊ ေနာက္ပိုင္းမွာေတာ့ အာဆင္နယ္မွာ ဒီဂ်ာမနီသားရဲ႕အေရးပါမႈဟာ တျဖည္းျဖည္းခ်င္းေလ်ာ့ပါးလာပါေတာ့တယ္။ ယခုႏွစ္ေဘာလံုးရာသီမွာလည္း အိုေဇးလ္ဟာ ပရီးမီးယားလိဂ္(၁)ပြဲသာ ကစားခြင့္ရထားျပီး၊ အသင္းေျပာင္းေရႊ႕ေတာ့မယ္ဆိုတဲ့ သတင္းေတြဟာလည္း က်ယ္က်ယ္ေလာင္ေလာင္ထြြက္ေပၚလာခဲ့ပါတယ္။

ဒါေပမဲ့ သူ႔အေနနဲ႔ကေတာ့ လန္ဒန္ကို စြန္႔ခြာဖို႔ ေခါင္းမာေနဆဲျဖစ္ျပီး စာခ်ဳပ္ျပည့္တဲ့အထိ ဆက္ေနမယ္ဆိုတဲ့အေၾကာင္းကို အိုေဇးလ္က-

” လာမယ့္(၂၀၂၁)ေႏြရာသီမတိုင္မခ်င္း ကြ်န္ေတာ္ အာဆင္နယ္နဲ႔စာခ်ဳပ္ရွိေနပါေသးတယ္၊ အဲဒီ့အခ်ိန္အထိ ကြ်န္ေတာ္ဒီမွာပဲဆက္ရွိေနဦးမွာပါ၊ အာဆင္နယ္နဲ႔စာခ်ဳပ္သစ္ခ်ဳပ္ခဲ့တုန္းက ကြ်န္ေတာ္ ေတာ္ေတာ္ေလး ဂရုတစိုက္ စဥ္းစားခဲ့ပါတယ္၊ ျပီးေတာ့ ဒီဆံုးျဖတ္ခ်က္ဟာ ကြ်န္ေတာ့္ရဲ႕ေဘာလံုးသမားဘဝမွာ အေရးၾကီးဆံုးလည္းျဖစ္ခဲ့ပါတယ္ ”

” အခုလက္ရွိ ကြ်န္ေတာ့္လိုအေျခအေနမ်ိဳး လူတိုင္းလည္းၾကံဳဖူးၾကမွာပါ၊ ဒါေပမဲ့ ဒါဟာ အာဆင္နယ္ကထြက္သြားဖို႔ အေၾကာင္းျပခ်က္တစ္ခုေတာ့မဟုတ္ပါဘူး၊ ကြ်န္ေတာ္ဒီကေန ဘယ္မွသြားမွာမဟုတ္ပါဘူး ” လို႔ ယတိျပတ္တုန္႔ျပန္သြားခဲ့ပါတယ္။

လူညိဳေခ်ာ@SportsGabar

Unicode

ကုတ်နဲ့ကလော်ထုတ်ရင်တောင် အာဆင်နယ်ကမထွက်ဘူးဆိုတဲ့ အိုဇေးလ်

ယခုနှစ်အတွင်း အာဆင်နယ်အသင်းမှာ နေရာပျောက်နေတဲ့ ကွင်းလယ်လူအိုဇေးလ်ကတော့ အနှေးနဲ့အမြန်ဆိုသလို လန်ဒန်ကနေ ထွက်ခွာရနိုင်တယ်ဆိုတဲ့ ကောလဟာလတွေအပေါ်မှာ ပြတ်သားတဲ့ တုန့်ပြန်မှုတစ်ခုပြုလုပ်သွားခဲ့ပါတယ်။

ပြီးခဲ့တဲ့နှစ်အနည်းငယ်အတွင်း အာဆင်နယ်မှာ အိုဇေးလ်ရဲ့ပုံရိပ်က တော်တော်လေးကို မြင့်မားခဲ့ပါတယ်။ ဂျာမနီလက်ရွေးစင်အသင်းနဲ့အတူ ကမ္ဘာ့ဖလားကိုဆွတ်ခူးနိုင်ခဲ့တဲ့ အိုဇေးလ်ဟာ ဘောလုံးအရည်အသွေးမြင့်မားတဲ့ ကွင်းလယ်လူတစ်ယောက်ဖြစ်ပြီး အာဆင်နယ်ပရိသတ်တွေရဲ့အချစ်တော်ကစားသမားတစ်ယောက်လည်းဖြစ်ခဲ့တာပါ။ ဒါပေမဲ့ အာဆင်နယ်ကို နည်းပြကြီး အာစင်ဝင်းဂါးစွန့်ခွာသွားပြီးတဲ့နောက် အသစ်ရောက်ရှိလာတဲ့ နည်းပြအမ်မရီရဲ့လက်ထက်မှာတော့ အိုဇေးလ်တစ်ယောက် မျက်နှာသာပေးမခံခဲ့ရဘဲ ဂန်းနားတွေရဲ့အပယ်ခံဖြစ်လာပါတော့တယ်။

အသင်းကစားကွက်နဲ့အံမဝင်လို့ဆိုတဲ့ အကြောင်းပြချက်နဲ့ နည်းပြအမ်မရီဟာ အိုဇေးလ်ကို အရံခုန်ပေါ်ပို့ပစ်ခဲ့ပြီး၊ နောက်ပိုင်းမှာတော့ အာဆင်နယ်မှာ ဒီဂျာမနီသားရဲ့အရေးပါမှုဟာ တဖြည်းဖြည်းချင်းလျော့ပါးလာပါတော့တယ်။ ယခုနှစ်ဘောလုံးရာသီမှာလည်း အိုဇေးလ်ဟာ ပရီးမီးယားလိဂ်(၁)ပွဲသာ ကစားခွင့်ရထားပြီး၊ အသင်းပြောင်းရွှေ့တော့မယ်ဆိုတဲ့ သတင်းတွေဟာလည်း ကျယ်ကျယ်လောင်လောင်ထွက်ပေါ်လာခဲ့ပါတယ်။

ဒါပေမဲ့ သူ့အနေနဲ့ကတော့ လန်ဒန်ကို စွန့်ခွာဖို့ ခေါင်းမာနေဆဲဖြစ်ပြီး စာချုပ်ပြည့်တဲ့အထိ ဆက်နေမယ်ဆိုတဲ့အကြောင်းကို အိုဇေးလ်က-

” လာမယ့်(၂၀၂၁)နွေရာသီမတိုင်မချင်း ကျွန်တော် အာဆင်နယ်နဲ့စာချုပ်ရှိနေပါသေးတယ်၊ အဲဒီ့အချိန်အထိ ကျွန်တော်ဒီမှာပဲဆက်ရှိနေဦးမှာပါ၊ အာဆင်နယ်နဲ့စာချုပ်သစ်ချုပ်ခဲ့တုန်းက ကျွန်တော် တော်တော်လေး ဂရုတစိုက် စဉ်းစားခဲ့ပါတယ်၊ ပြီးတော့ ဒီဆုံးဖြတ်ချက်ဟာ ကျွန်တော့်ရဲ့ဘောလုံးသမားဘဝမှာ အရေးကြီးဆုံးလည်းဖြစ်ခဲ့ပါတယ် ”

” အခုလက်ရှိ ကျွန်တော့်လိုအခြေအနေမျိုး လူတိုင်းလည်းကြုံဖူးကြမှာပါ၊ ဒါပေမဲ့ ဒါဟာ အာဆင်နယ်ကထွက်သွားဖို့ အကြောင်းပြချက်တစ်ခုတော့မဟုတ်ပါဘူး၊ ကျွန်တော်ဒီကနေ ဘယ်မှသွားမှာမဟုတ်ပါဘူး ” လို့ ယတိပြတ်တုန့်ပြန်သွားခဲ့ပါတယ်။

လူညိုချော@SportsGabar