ခ်ဲလ္ဆီးနဲ႔နယူးကာဆယ္ပြဲအေပၚမိုက္ကယ္အိုဝင္ရဲ႕ခန္႔မွန္းခ်က္

ဒီတစ္ပတ္စေနေန႔မွာေတာ့ ပရီးမီးယားလိဂ္ပြဲစဥ္(၉)အျဖစ္ ခ်ဲလ္ဆီးအသင္းနဲ႔နယူးကာဆယ္အသင္းတို႔ယွဥ္ျပိဳင္ကစားသြားၾကမွာျဖစ္ပါတယ္။ ခ်ဲလ္ဆီးအသင္းရဲ႕အိမ္ကြင္း စတန္းဖို႔ဘရစ္မွာ ကန္မယ့္ ဒီပြဲစဥ္အေပၚ အဂၤလန္ကစားသမားေဟာင္း မိုက္ကယ္အိုဝင္ကေတာ့ အခုလိုပဲခန္႔မွန္းထားပါတယ္။ အိုဝင္က-

” နယူးကာဆယ္အသင္းက ျပီးခဲ့တဲ့ ပြဲစဥ္မွာ အားနည္းေနတဲ့မန္ခ်က္စတာယူႏိုက္တက္ကို အိမ္ကြင္း စိန္႔ဂ်ိန္းပတ္မွာ (၁)ဂိုး၊ ဂိုးမရွိနဲ႔ အႏိုင္ရထားပါတယ္၊ ဒီပြဲအႏိုင္က သူတို႔နဲ႔ထိုက္တန္မႈရွိခဲ့ပါတယ္၊ လူငယ္ေတြနဲ႔တည္ေဆာက္ထားတဲ့ ခ်ဲလ္ဆီးကိုလည္း စတန္းဖို႔ဘရစ္မွာ သူတို႔ထိန္းခ်ဳပ္ႏိုင္ဖို႔ အားထုတ္လာပါလိမ့္မယ္ ”

” လမ္းပတ္ရဲ႕ခ်ဲလ္ဆီးကေတာ့ ျပိဳင္ပြဲေပါင္းစံု ေနာက္ဆံုး (၄)ပြဲမွာ ရာႏႈန္းျပည့္အႏိုင္ရထားသလို လက္ရွိအခ်ိန္မွာ သြင္းဂိုးလည္းျမဴးေနပါတယ္၊ ပရီးမီးယားလိဂ္အဖြင့္ပြဲစဥ္မွာ ယူႏိုက္တက္ကို ဂိုးျပတ္ရံႈးနိမ့္ခဲ့ျပီးေနာက္ အခ်ိန္တိုေလးအတြင္းမွာပဲ နညး္ျပလမ္းပတ္ဟာ ခ်ဲလ္ဆီးကို ျပန္လည္ျပဳျပင္ႏိုင္ခဲ့ပါတယ္ ”

” ျပီးခဲ့တဲ့ႏွစ္က သူတို႔ အဆင့္(၃)နဲ႔ရာသီသိမ္းခဲ့သလို ယခုႏွစ္မွာလည္း အဆင့္(၄)အတြင္းဝင္ႏိုင္ဖို႔ ခ်ိန္ရြယ္ေနပါတယ္၊ ခ်ဲလ္ဆီးအေနနဲ႔ လာမယ့္ၾကားရက္မွာ ခ်န္ပီယံလိဂ္အုပ္စုပြဲစဥ္အျဖစ္ ေအဂ်က္ကို အေဝးကြင္းမွာ သြားေရာက္ရင္ဆိုင္ရမွာျဖစ္လို႔ နယူးကာဆယ္နဲ႔ပြဲကို အာရံုစူးစိုက္မႈေလ်ာ့က်ေနႏိုင္ေပမဲ့ အိမ္ကြင္းမွာေတာ့ အႏိုင္(၃)မွတ္ကို မျဖစ္မေန ရွာေဖြသြားႏိုင္ပါလိမ့္မယ္ ” လို႔ ခန္႔မွန္းသံုးသပ္သြားခဲ့ပါတယ္။

မိုက္ကယ္အိုဝင္ခန္႔မွန္းတဲ့အတိုင္း အိမ္ရွင္ခ်ဲလ္ဆီးကပဲ စတန္းဖို႔ဘရစ္မွာ ေအာင္ပြဲခံသြားမလား ဒါမွမဟုတ္ နယူးကာဆယ္ကပဲ ယူႏိုက္တက္နဲ႔ပြဲတုန္းကလို ထပ္လုပ္ျပသြားႏိုင္မလားဆိုတာကေတာ့ ဒီတစ္ပတ္ စေနေန႔ညမွာ ေစာင့္ၾကည့္သြားရမွာျဖစ္ပါတယ္။

လူညိဳေခ်ာ@SportsGabar

Unicode

ချဲလ်ဆီးနဲ့နယူးကာဆယ်ပွဲအပေါ်မိုက်ကယ်အိုဝင်ရဲ့ခန့်မှန်းချက်

ဒီတစ်ပတ်စနေနေ့မှာတော့ ပရီးမီးယားလိဂ်ပွဲစဉ်(၉)အဖြစ် ချဲလ်ဆီးအသင်းနဲ့နယူးကာဆယ်အသင်းတို့ယှဉ်ပြိုင်ကစားသွားကြမှာဖြစ်ပါတယ်။ ချဲလ်ဆီးအသင်းရဲ့အိမ်ကွင်း စတန်းဖို့ဘရစ်မှာ ကန်မယ့် ဒီပွဲစဉ်အပေါ် အင်္ဂလန်ကစားသမားဟောင်း မိုက်ကယ်အိုဝင်ကတော့ အခုလိုပဲခန့်မှန်းထားပါတယ်။ အိုဝင်က-

” နယူးကာဆယ်အသင်းက ပြီးခဲ့တဲ့ ပွဲစဉ်မှာ အားနည်းနေတဲ့မန်ချက်စတာယူနိုက်တက်ကို အိမ်ကွင်း စိန့်ဂျိန်းပတ်မှာ (၁)ဂိုး၊ ဂိုးမရှိနဲ့ အနိုင်ရထားပါတယ်၊ ဒီပွဲအနိုင်က သူတို့နဲ့ထိုက်တန်မှုရှိခဲ့ပါတယ်၊ လူငယ်တွေနဲ့တည်ဆောက်ထားတဲ့ ချဲလ်ဆီးကိုလည်း စတန်းဖို့ဘရစ်မှာ သူတို့ထိန်းချုပ်နိုင်ဖို့ အားထုတ်လာပါလိမ့်မယ် ”

” လမ်းပတ်ရဲ့ချဲလ်ဆီးကတော့ ပြိုင်ပွဲပေါင်းစုံ နောက်ဆုံး (၄)ပွဲမှာ ရာနှုန်းပြည့်အနိုင်ရထားသလို လက်ရှိအချိန်မှာ သွင်းဂိုးလည်းမြူးနေပါတယ်၊ ပရီးမီးယားလိဂ်အဖွင့်ပွဲစဉ်မှာ ယူနိုက်တက်ကို ဂိုးပြတ်ရှုံးနိမ့်ခဲ့ပြီးနောက် အချိန်တိုလေးအတွင်းမှာပဲ နည်းပြလမ်းပတ်ဟာ ချဲလ်ဆီးကို ပြန်လည်ပြုပြင်နိုင်ခဲ့ပါတယ် ”

” ပြီးခဲ့တဲ့နှစ်က သူတို့ အဆင့်(၃)နဲ့ရာသီသိမ်းခဲ့သလို ယခုနှစ်မှာလည်း အဆင့်(၄)အတွင်းဝင်နိုင်ဖို့ ချိန်ရွယ်နေပါတယ်၊ ချဲလ်ဆီးအနေနဲ့ လာမယ့်ကြားရက်မှာ ချန်ပီယံလိဂ်အုပ်စုပွဲစဉ်အဖြစ် အေဂျက်ကို အဝေးကွင်းမှာ သွားရောက်ရင်ဆိုင်ရမှာဖြစ်လို့ နယူးကာဆယ်နဲ့ပွဲကို အာရုံစူးစိုက်မှုလျော့ကျနေနိုင်ပေမဲ့ အိမ်ကွင်းမှာတော့ အနိုင်(၃)မှတ်ကို မဖြစ်မနေ ရှာဖွေသွားနိုင်ပါလိမ့်မယ် ” လို့ ခန့်မှန်းသုံးသပ်သွားခဲ့ပါတယ်။

မိုက်ကယ်အိုဝင်ခန့်မှန်းတဲ့အတိုင်း အိမ်ရှင်ချဲလ်ဆီးကပဲ စတန်းဖို့ဘရစ်မှာ အောင်ပွဲခံသွားမလား ဒါမှမဟုတ် နယူးကာဆယ်ကပဲ ယူနိုက်တက်နဲ့ပွဲတုန်းကလို ထပ်လုပ်ပြသွားနိုင်မလားဆိုတာကတော့ ဒီတစ်ပတ် စနေနေ့ညမှာ စောင့်ကြည့်သွားရမှာဖြစ်ပါတယ်။

လူညိုချော@SportsGabar