လီဗာပူးလ္နဲ႔ပြဲမတိုင္ခင္အနာေပၚတုတ္က်ခဲ့တဲ့ယူႏိုက္တက္

မန္ခ်က္စတာယူႏိုက္တက္အသင္းဟာ လီဗာပူးလ္နဲ႔ပြဲအမီ အဓိကကစားသမားေပါ့ဘာ ရဲ႕ဒဏ္ရာအေျခအေနကို တိုးတက္ေကာင္းမြန္ေအာင္ အားထုတ္ခဲ့ေပမဲ့လည္း ေနာက္ဆံုးမွာေတာ့ ဒီျပင္သစ္သားဟာ အဂၤလန္ဒါဘီကို လြဲေခ်ာ္ေတာ့မွာပါ။

နည္းျပ ဆိုးလ္ရွားကလည္း လီဗာပူးလ္နဲ႔ပြဲမွာ ေပါ့ဘာ ပါဝင္ကစားႏိုင္မွာမဟုတ္ေၾကာင္း အတည္ျပဳလိုက္တဲ့အတြက္ ယူႏိုက္တက္တို႔အတြက္ကေတာ့ အနာေပၚတုတ္က်ခဲ့ရတဲ့အျဖစ္လို႔ပဲဆိုရေတာ့မွာပါ။ ေပါ့ဘာဟာ ေျခခ်င္းဝတ္ဒဏ္ရာေၾကာင့္ ယူႏိုက္တက္ရဲ႕ေနာက္ပိုင္းပြဲစဥ္ေတြကို လြဲေခ်ာ္ထားသလို ယူရိုေျခစစ္ပြဲဝင္ေနတဲ့ ျပင္သစ္အသင္းမွာလည္း ပါဝင္ကစားေပးႏိုင္ျခင္းမရွိခဲ့ပါဘူး။ ဒါနဲ႔ပတ္သက္ျပီး နည္းျပဆိုးလ္ရွားက-

” ေပါလ္မွာ ဒဏ္ရာျပႆနာရွိေနတယ္၊ သူျပန္လာျပီး ပြဲအနည္းငယ္္ကိုၾကိဳးၾကိဳးစားစား ကစားခဲ့ေပမဲ့ သူ႔ကိုၾကည့္ရတာ နာက်င္ေနတဲ့ပံုပါပဲ ” ” အာဆင္နယ္နဲ႔ပြဲအျပီးမွာ သူ႔ရဲ႕ဒဏ္ရာကို စစ္ေဆးခဲ့ပါတယ္၊ အဲဒီ့ေနာက္ သူအနားယူရမယ္ဆိုတာ သိခဲ့တယ္၊ အခ်ိန္အၾကာၾကီးမျဖစ္ဖို႔ ေမွ်ာ္လင့္ခဲ့ေပမဲ့ လီဗာပူးလ္နဲ႔ပြဲကိုေတာ့ သူလြဲေခ်ာ္ပါလိမ့္မယ္ ” လို႔ ေျပာခဲ့ပါတယ္။ ဆက္လက္ျပီး အဓိကဂိုးသမားဒီဂီယာရဲ႕ဒဏ္ရာအေျခအေနအေပၚမွာလည္း ဆိုးလ္ရွားက-

” ကြ်န္ေတာ့္အထင္ေတာ့ သူလည္း ဒီပြဲကို လြဲပါလိမ့္မယ္ ” လို႔ေျပာသြားခဲ့ပါတယ္။ လက္ရွိအခ်ိန္မွာေတာ့ ယူႏိုက္တက္နဲ႔လီဗာပူးလ္တို႔ရဲ႕အေနအထားေတြဟာ ေတာ္ေတာ္ေလးကြာဟခ်က္ေတြရွိေနျပီး၊ လီဗာပူးလ္က ရံႈးပြဲမရွိ ပြဲတိုင္းႏိုင္ထားေပမဲ့ ယူႏိုက္တက္တို႔ကေတာ့ (၃)ပြဲအထိ ရံႈးနိမ့္ခဲ့ျပီးပါျပီ။ ဒီလိုအေျခအေနမွာ အဓိကလူေတြျဖစ္တဲ့ ေပါ့ဘာ၊ ဒီဂီယာတို႔ မပါႏိုင္တဲ့အျပင္၊ ဘစ္ဆာကာနဲ႔ မာရွယ္တို႔ကလည္း ပြဲနဲ႔ေဝးေနျပီး ဒဏ္ရာကျပန္ေကာင္းခါစအခ်ိန္ ဝင္ကစားရမွာျဖစ္လို႔ ေျခစြမ္းျပႏိုင္ဖို႔ မေသခ်ာတာေၾကာင့္ ယူႏိုက္တက္တို႔ ရုန္းကန္ရေတာ့မွာပါ။

လူညိဳေခ်ာ@SportsGabar

Unicode

လီဗာပူးလ်နဲ့ပွဲမတိုင်ခင်အနာပေါ်တုတ်ကျခဲ့တဲ့ယူနိုက်တက်

မန်ချက်စတာယူနိုက်တက်အသင်းဟာ လီဗာပူးလ်နဲ့ပွဲအမီ အဓိကကစားသမားပေါ့ဘာ ရဲ့ဒဏ်ရာအခြေအနေကို တိုးတက်ကောင်းမွန်အောင် အားထုတ်ခဲ့ပေမဲ့လည်း နောက်ဆုံးမှာတော့ ဒီပြင်သစ်သားဟာ အင်္ဂလန်ဒါဘီကို လွဲချော်တော့မှာပါ။

နည်းပြ ဆိုးလ်ရှားကလည်း လီဗာပူးလ်နဲ့ပွဲမှာ ပေါ့ဘာ ပါဝင်ကစားနိုင်မှာမဟုတ်ကြောင်း အတည်ပြုလိုက်တဲ့အတွက် ယူနိုက်တက်တို့အတွက်ကတော့ အနာပေါ်တုတ်ကျခဲ့ရတဲ့အဖြစ်လို့ပဲဆိုရတော့မှာပါ။ ပေါ့ဘာဟာ ခြေချင်းဝတ်ဒဏ်ရာကြောင့် ယူနိုက်တက်ရဲ့နောက်ပိုင်းပွဲစဉ်တွေကို လွဲချော်ထားသလို ယူရိုခြေစစ်ပွဲဝင်နေတဲ့ ပြင်သစ်အသင်းမှာလည်း ပါဝင်ကစားပေးနိုင်ခြင်းမရှိခဲ့ပါဘူး။ ဒါနဲ့ပတ်သက်ပြီး နည်းပြဆိုးလ်ရှားက-

” ပေါလ်မှာ ဒဏ်ရာပြဿနာရှိနေတယ်၊ သူပြန်လာပြီး ပွဲအနည်းငယ်ကိုကြိုးကြိုးစားစား ကစားခဲ့ပေမဲ့ သူ့ကိုကြည့်ရတာ နာကျင်နေတဲ့ပုံပါပဲ ” ” အာဆင်နယ်နဲ့ပွဲအပြီးမှာ သူ့ရဲ့ဒဏ်ရာကို စစ်ဆေးခဲ့ပါတယ်၊ အဲဒီ့နောက် သူအနားယူရမယ်ဆိုတာ သိခဲ့တယ်၊ အချိန်အကြာကြီးမဖြစ်ဖို့ မျှော်လင့်ခဲ့ပေမဲ့ လီဗာပူးလ်နဲ့ပွဲကိုတော့ သူလွဲချော်ပါလိမ့်မယ် ” လို့ ပြောခဲ့ပါတယ်။ ဆက်လက်ပြီး အဓိကဂိုးသမားဒီဂီယာရဲ့ဒဏ်ရာအခြေအနေအပေါ်မှာလည်း ဆိုးလ်ရှားက-

” ကျွန်တော့်အထင်တော့ သူလည်း ဒီပွဲကို လွဲပါလိမ့်မယ် ” လို့ပြောသွားခဲ့ပါတယ်။ လက်ရှိအချိန်မှာတော့ ယူနိုက်တက်နဲ့လီဗာပူးလ်တို့ရဲ့အနေအထားတွေဟာ တော်တော်လေးကွာဟချက်တွေရှိနေပြီး၊ လီဗာပူးလ်က ရှုံးပွဲမရှိ ပွဲတိုင်းနိုင်ထားပေမဲ့ ယူနိုက်တက်တို့ကတော့ (၃)ပွဲအထိ ရှုံးနိမ့်ခဲ့ပြီးပါပြီ။ ဒီလိုအခြေအနေမှာ အဓိကလူတွေဖြစ်တဲ့ ပေါ့ဘာ၊ ဒီဂီယာတို့ မပါနိုင်တဲ့အပြင်၊ ဘစ်ဆာကာနဲ့ မာရှယ်တို့ကလည်း ပွဲနဲ့ဝေးနေပြီး ဒဏ်ရာကပြန်ကောင်းခါစအချိန် ဝင်ကစားရမှာဖြစ်လို့ ခြေစွမ်းပြနိုင်ဖို့ မသေချာတာကြောင့် ယူနိုက်တက်တို့ ရုန်းကန်ရတော့မှာပါ။

လူညိုချော@SportsGabar