ရာသီကုန္ရင္ယူႏိုက္တက္ရပ္တည္ရမယ့္အဆင့္ကိုေဟာကိန္းထုတ္လိုက္တဲ့ေပါလ္အင့္

ေပါလ္အင့္ဆိုတာကေတာ့ တစ္ခ်ိန္က လွ်မ္းလွ်မ္းေတာက္ေအာင္ျမင္ခဲ့တဲ့ မန္ခ်က္စတာယူႏိုက္တက္အသင္းရဲ႕ ေနမဝင္တိုက္စစ္မ်ိဳးဆက္ေတြထဲက တစ္ေယာက္ျဖစ္ခဲ့ဖူးသူပါ။ အသင္းရဲ႕သူရဲေကာင္းတစ္ေယာက္အျဖစ္လည္း ယူႏိုက္တက္ပရိသတ္ေတြ အသိအမွတ္ျပဳထားတဲ့ ေပါလ္အင့္ကေတာ့ ယူႏိုက္တက္အသိုင္းအဝိုင္းတစ္ခုလံုး အသည္းခိုက္ေစမယ့္ စကားတစ္ခြန္းကို ေျပာဆိုလိုက္ပါတယ္။

သူ႔လက္ထက္တုန္းက ယူႏိုက္တက္ဟာ အဂၤလန္မွာဗိုလ္ဝင္ခံခဲ့တဲ့အထိ ဆရာတစ္ဆူျဖစ္ခဲ့ဖူးသလို၊ သူ႔ေနာက္က ထပ္ခ်ပ္မကြာလိုက္ခဲ့တဲ့ နစၥတယ္ရိြဳင္းတို႔၊ ရြန္းနီတို႔၊ ဟာနန္ဒက္တို႔၊ ဗန္ပါစီတို႔ မ်ိဳးဆက္တစ္ေလွ်ာက္မွာလည္း ယူႏိုက္တက္တိုက္စစ္ဟာ မ်က္ႏွာမငယ္ခဲ့ရပါဘူး။ ဒါေပမဲ့ နည္းျပၾကီးဖာဂူဆန္အနားယူသြားျပီးတဲ့ေနာက္ အစားဝင္လာခဲ့တဲ့သူေတြဟာ ယူႏိုက္တက္ကို ပဲ့ကိုင္ရာမွာ သာမန္ထက္ပိုမိုရုန္းကန္ခဲ့ၾကရျပီး၊ ေဒးဗစ္မိုယက္ကအစ ေမာ္ရင္ဟိုအဆံုး တစ္ေယာက္မွ ပံုမေရးခဲ့ၾကပါဘူး။

အခုလက္ရွိ ယူႏိုက္တက္ကို ဆိုးလ္ရွားကိုင္တြယ္ေနစဥ္မွာလည္း သရဲနီေတြဟာ နလန္မထူႏိုင္ေသးတဲ့အျပင္ ဖာဂူဆန္ေနာက္ပိုင္း အဆိုးရြားဆံုးစံခ်ိန္ေတြနဲ႔ၾကံဳေနရတာပါ။ အထူးသျဖင့္ဒီႏွစ္ေဘာလံုးရာသီမွာ ျမင္ေတြ႔ေနရတဲ့ ယူႏိုက္တက္အသင္းရဲ႕အေနအထားကို ေပါလ္အင့္တစ္ေယာက္ ေက်နပ္ပံုမရဘဲ၊ ဖရို႕ဖရဲျဖစ္ေနတဲ့ အသင္းရဲ႕ကစားကြက္နဲ႔ပတ္သက္ျပီးေတာ့လည္း အသင္းဘုတ္အဖြဲ႕နဲ႔ သူငယ္ခ်င္းျဖစ္သူ နည္းျပ အိုလီဂန္နာဆိုးလ္ရွား အေပၚ အနည္းငယ္ အျမင္မၾကည္ျဖစ္ေနတာပါ။

ေပါလ္အင့္က-

” အိုလီအေနနဲ႔ဖိအားေတြေအာက္ကိုက်ေရာက္ေနတယ္ဆိုတာ ကြ်န္ေတာ္တို႔သိပါတယ္၊ သူ ရလဒ္ေတြမေကာင္းဘူး၊ ဘယ္ေကာင္းမလဲ အသင္းတိုးတက္ဖို႔ အကူအညီျဖစ္ေစမယ့္ကစားသမားအသစ္ေတြကိုမွ မေခၚယူခဲ့တာ ” ” လူငယ္ကစားသမားေတြနဲ႔တည္ေဆာက္ထားတဲ့ အသင္းတစ္သင္းအေနနဲ႔ အခ်ိန္ေတာ့ယူရမွာ အေသအခ်ာပါပဲ၊ ဒါေပမဲ့ ခ်ဲလ္ဆီးကေတာ့ လူငယ္ေတြနဲ႔အေျခအေနေကာင္းေနပါတယ္ ”

” ပြဲေတြျပီးတိုင္း အိုလီေျပာေလ့ရွိတာက “ငါတို႔ၾကိဳးစားေနတယ္၊ ငါတို႔ၾကိဳးစားေနတယ္”တဲ့၊ ဒါေပမဲ့ သူတို႔ ဘာကိုၾကိဳးစားေနလဲဆိုတာကို ကြ်န္ေတာ္ မသိတာပါ၊ ဒီပံုစံအတိုင္းဆိုရင္ ရာသီကုန္မွာ ယူႏိုက္တက္ဟာ ဇယားေအာက္ေျခနားမွာပဲ ရပ္တည္ရႏိုင္ပါတယ္ ” လို႔ ဒဲ့ပဲ ေဝဖန္သြားခဲ့ပါတယ္။

လူညိဳေခ်ာ@SportsGabar

Unicode

ရာသီကုန်ရင်ယူနိုက်တက်ရပ်တည်ရမယ့်အဆင့်ကိုဟောကိန်းထုတ်လိုက်တဲ့ပေါလ်အင့်

ပေါလ်အင့်ဆိုတာကတော့ တစ်ချိန်က လျှမ်းလျှမ်းတောက်အောင်မြင်ခဲ့တဲ့ မန်ချက်စတာယူနိုက်တက်အသင်းရဲ့ နေမဝင်တိုက်စစ်မျိုးဆက်တွေထဲက တစ်ယောက်ဖြစ်ခဲ့ဖူးသူပါ။ အသင်းရဲ့သူရဲကောင်းတစ်ယောက်အဖြစ်လည်း ယူနိုက်တက်ပရိသတ်တွေ အသိအမှတ်ပြုထားတဲ့ ပေါလ်အင့်ကတော့ ယူနိုက်တက်အသိုင်းအဝိုင်းတစ်ခုလုံး အသည်းခိုက်စေမယ့် စကားတစ်ခွန်းကို ပြောဆိုလိုက်ပါတယ်။

သူ့လက်ထက်တုန်းက ယူနိုက်တက်ဟာ အင်္ဂလန်မှာဗိုလ်ဝင်ခံခဲ့တဲ့အထိ ဆရာတစ်ဆူဖြစ်ခဲ့ဖူးသလို၊ သူ့နောက်က ထပ်ချပ်မကွာလိုက်ခဲ့တဲ့ နစ္စတယ်ရွိုင်းတို့၊ ရွန်းနီတို့၊ ဟာနန်ဒက်တို့၊ ဗန်ပါစီတို့ မျိုးဆက်တစ်လျှောက်မှာလည်း ယူနိုက်တက်တိုက်စစ်ဟာ မျက်နှာမငယ်ခဲ့ရပါဘူး။ ဒါပေမဲ့ နည်းပြကြီးဖာဂူဆန်အနားယူသွားပြီးတဲ့နောက် အစားဝင်လာခဲ့တဲ့သူတွေဟာ ယူနိုက်တက်ကို ပဲ့ကိုင်ရာမှာ သာမန်ထက်ပိုမိုရုန်းကန်ခဲ့ကြရပြီး၊ ဒေးဗစ်မိုယက်ကအစ မော်ရင်ဟိုအဆုံး တစ်ယောက်မှ ပုံမရေးခဲ့ကြပါဘူး။

အခုလက်ရှိ ယူနိုက်တက်ကို ဆိုးလ်ရှားကိုင်တွယ်နေစဉ်မှာလည်း သရဲနီတွေဟာ နလန်မထူနိုင်သေးတဲ့အပြင် ဖာဂူဆန်နောက်ပိုင်း အဆိုးရွားဆုံးစံချိန်တွေနဲ့ကြုံနေရတာပါ။ အထူးသဖြင့်ဒီနှစ်ဘောလုံးရာသီမှာ မြင်တွေ့နေရတဲ့ ယူနိုက်တက်အသင်းရဲ့အနေအထားကို ပေါလ်အင့်တစ်ယောက် ကျေနပ်ပုံမရဘဲ၊ ဖရို့ဖရဲဖြစ်နေတဲ့ အသင်းရဲ့ကစားကွက်နဲ့ပတ်သက်ပြီးတော့လည်း အသင်းဘုတ်အဖွဲ့နဲ့ သူငယ်ချင်းဖြစ်သူ နည်းပြ အိုလီဂန်နာဆိုးလ်ရှား အပေါ် အနည်းငယ် အမြင်မကြည်ဖြစ်နေတာပါ။

ပေါလ်အင့်က-

” အိုလီအနေနဲ့ဖိအားတွေအောက်ကိုကျရောက်နေတယ်ဆိုတာ ကျွန်တော်တို့သိပါတယ်၊ သူ ရလဒ်တွေမကောင်းဘူး၊ ဘယ်ကောင်းမလဲ အသင်းတိုးတက်ဖို့ အကူအညီဖြစ်စေမယ့်ကစားသမားအသစ်တွေကိုမှ မခေါ်ယူခဲ့တာ ” ” လူငယ်ကစားသမားတွေနဲ့တည်ဆောက်ထားတဲ့ အသင်းတစ်သင်းအနေနဲ့ အချိန်တော့ယူရမှာ အသေအချာပါပဲ၊ ဒါပေမဲ့ ချဲလ်ဆီးကတော့ လူငယ်တွေနဲ့အခြေအနေကောင်းနေပါတယ် ”

” ပွဲတွေပြီးတိုင်း အိုလီပြောလေ့ရှိတာက “ငါတို့ကြိုးစားနေတယ်၊ ငါတို့ကြိုးစားနေတယ်”တဲ့၊ ဒါပေမဲ့ သူတို့ ဘာကိုကြိုးစားနေလဲဆိုတာကို ကျွန်တော် မသိတာပါ၊ ဒီပုံစံအတိုင်းဆိုရင် ရာသီကုန်မှာ ယူနိုက်တက်ဟာ ဇယားအောက်ခြေနားမှာပဲ ရပ်တည်ရနိုင်ပါတယ် ” လို့ ဒဲ့ပဲ ဝေဖန်သွားခဲ့ပါတယ်။

လူညိုချော@SportsGabar