ဂ်ာမနီမွာေတာက္ပေနတဲ့လီဗာပူးလ္အစြန္႔ပစ္ခံ မာ့ကိုဂရူဂ်စ္

ဂ်ာမန္ဘြန္ဒက္လီဂါကလပ္ ဟာသာဘာလင္အသင္းမွာ ေတာက္ပတဲ့ေျခစြမ္းေတြကို ျပသထားႏိုင္တဲ့ မာ့ကိုဂရူဂ်စ္ကေတာ့ သူ႔အေနနဲ႔ လီဗာပူးလ္ကို လြမ္းဆြတ္သတိရမိေၾကာင္း ဖြင့္ဟခဲ့ျပီး၊ နည္းျပဂ်ာကင္ကေလာ့ကို မီးစိမ္းျပလိုက္ပါတယ္။

အသက္(၂၃)ႏွစ္အရြယ္သာရွိေသးတဲ့ ဂရူဂ်စ္ဟာ လီဗာပူးလ္အသင္းမွာ ေျခစြမ္းျပသႏိုင္ဖို႔ ရုန္းကန္ခဲ့ရျပီးေနာက္ ျပီးခဲ့တဲ့ရာသီက ဟာသာဘာလင္အသင္းထံကို အငွားနဲ႔ေျပာင္းေရႊ႕လာခဲ့သူပါ။ ဂရူဂ်စ္ဟာ အရည္အေသြးရွိတဲ့ ကြင္းလယ္ကစားသမားေကာင္းတစ္ဦးျဖစ္ေပမဲ့ လိုအပ္ခ်က္တစ္ခ်ိဳ႕ရွိေနေသးတာေၾကာင့္ နည္းျပဂ်ာကင္ကေလာ့က သူ႔ကို အျပီးေရာင္းမထုတ္ဘဲ ရည္ရြယ္ခ်က္ရွိရွိ အငွားခ်ထားခဲ့တာျဖစ္ပါတယ္။

အခုအခ်ိန္မွာေတာ့ ဂရူဂ်စ္ဟာ ဟာသာဘာလင္အတြက္ (၂)ဂိုးသြင္းယူေပးထားျပီး၊ အခြင့္အေရး(၈)ၾကိမ္ဖန္တီးေပးထားႏိုင္တဲ့အထိ ေျခစြမ္းတိုးတက္လာခဲ့ပါတယ္။ သူရဲ႕သြင္းဂိုး(၂)ဂိုးအနက္ (၁)ဂိုးဟာ ဂ်ာမန္ဘီလူးၾကီး ဘိုင္ယန္ျမဴးနစ္ဘက္ကို သြင္းယူခဲ့တဲ့ဂိုးျဖစ္လို႔ ဂ်ာကင္ကေလာ့အတြက္ေတာ့ အထင္ၾကီးစရာျဖစ္ခဲ့ပါတယ္။ ဒါေပမဲ့လည္း ယခုရာသီကိုေတာ့ ဟာသာဘာလင္အသင္းအတြက္သာ အာရံုစိုက္ထားခ်င္ပံုရတဲ့ ဂရူဂ်စ္အေနနဲ႔ လီဗာပူးလ္ကျပန္လည္ေခၚယူရင္ေတာင္ အေလာတၾကီး လက္ခံသြားမွာမဟုတ္တဲ့အေၾကာင္းကိုလည္း အရိပ္အျမြတ္ထည့္ေျပာသြားခဲ့ပါတယ္။

ဂရူဂ်စ္က-

” လီဗာပူးလ္အသင္းရဲ႕လူစာရင္းမွာ တစ္ဦးအပါအဝင္ျဖစ္လာဖို႔က မလြယ္ပါဘူး၊ လီဗာပူးလ္ဂ်ာစီ ဝတ္ဆင္ရတာကို ကြ်န္ေတာ္ၾကိဳက္ပါတယ္၊ ဒါေပမဲ့ အဲလို မဝတ္ဆင္ခင္ အေတြ႔အၾကံဳေတြ ပိုရလာဖို႔ ကြ်န္ေတာ္ၾကိဳးစားရဦးမယ္ ” ” လီဗာပူးလ္အတြက္ ကြ်န္ေတာ္ အဆင္သင့္ျဖစ္ေနခ်င္ပါတယ္၊ ကြ်န္ေတာ္ အန္ဖီးလ္ကိုျပန္ဖို႔ အခြင့္အေရးရလာမွာပါ ”

” ကြ်န္ေတာ္ နည္းျပၾကီးဂ်ာကင္ကေလာ့နဲ႔ မၾကာခဏ မက္ေဆ့ပို႔ျပီး စကားေျပာျဖစ္ပါတယ္၊ လီဗာပူးလ္အငွားမန္ေနဂ်ာ ဂ်ဴလီယန္ဝပ္နဲ႔လည္း အဆက္အသြယ္မပ်က္ဘူး၊ ကြ်န္ေတာ္ပါတဲ့ပြဲတိုင္းကိုလည္း သူအျမဲၾကည့္တယ္၊ တစ္ခါတစ္ရံ ကြ်န္ေတာ္ လီဗာပူးလ္ကို အရမ္းလြမ္းတယ္ ” လို႔ ထုတ္ေဖာ္ဝန္ခံသြားခဲ့ပါတယ္။

လူညိဳေခ်ာ@SportsGabar

Unicode

ဂျာမနီမှာတောက်ပနေတဲ့ လီဗာပူးလ်အစွန့်ပစ်ခံ မာ့ကိုဂရူဂျစ်

ဂျာမန်ဘွန်ဒက်လီဂါကလပ် ဟာသာဘာလင်အသင်းမှာ တောက်ပတဲ့ခြေစွမ်းတွေကို ပြသထားနိုင်တဲ့ မာ့ကိုဂရူဂျစ်ကတော့ သူ့အနေနဲ့ လီဗာပူးလ်ကို လွမ်းဆွတ်သတိရမိကြောင်း ဖွင့်ဟခဲ့ပြီး၊ နည်းပြဂျာကင်ကလော့ကို မီးစိမ်းပြလိုက်ပါတယ်။

အသက်(၂၃)နှစ်အရွယ်သာရှိသေးတဲ့ ဂရူဂျစ်ဟာ လီဗာပူးလ်အသင်းမှာ ခြေစွမ်းပြသနိုင်ဖို့ ရုန်းကန်ခဲ့ရပြီးနောက် ပြီးခဲ့တဲ့ရာသီက ဟာသာဘာလင်အသင်းထံကို အငှားနဲ့ပြောင်းရွှေ့လာခဲ့သူပါ။ ဂရူဂျစ်ဟာ အရည်အသွေးရှိတဲ့ ကွင်းလယ်ကစားသမားကောင်းတစ်ဦးဖြစ်ပေမဲ့ လိုအပ်ချက်တစ်ချို့ရှိနေသေးတာကြောင့် နည်းပြဂျာကင်ကလော့က သူ့ကို အပြီးရောင်းမထုတ်ဘဲ ရည်ရွယ်ချက်ရှိရှိ အငှားချထားခဲ့တာဖြစ်ပါတယ်။

အခုအချိန်မှာတော့ ဂရူဂျစ်ဟာ ဟာသာဘာလင်အတွက် (၂)ဂိုးသွင်းယူပေးထားပြီး၊ အခွင့်အရေး(၈)ကြိမ်ဖန်တီးပေးထားနိုင်တဲ့အထိ ခြေစွမ်းတိုးတက်လာခဲ့ပါတယ်။ သူရဲ့သွင်းဂိုး(၂)ဂိုးအနက် (၁)ဂိုးဟာ ဂျာမန်ဘီလူးကြီး ဘိုင်ယန်မြူးနစ်ဘက်ကို သွင်းယူခဲ့တဲ့ဂိုးဖြစ်လို့ ဂျာကင်ကလော့အတွက်တော့ အထင်ကြီးစရာဖြစ်ခဲ့ပါတယ်။ ဒါပေမဲ့လည်း ယခုရာသီကိုတော့ ဟာသာဘာလင်အသင်းအတွက်သာ အာရုံစိုက်ထားချင်ပုံရတဲ့ ဂရူဂျစ်အနေနဲ့ လီဗာပူးလ်ကပြန်လည်ခေါ်ယူရင်တောင် အလောတကြီး လက်ခံသွားမှာမဟုတ်တဲ့အကြောင်းကိုလည်း အရိပ်အမြွတ်ထည့်ပြောသွားခဲ့ပါတယ်။

ဂရူဂျစ်က-

” လီဗာပူးလ်အသင်းရဲ့လူစာရင်းမှာ တစ်ဦးအပါအဝင်ဖြစ်လာဖို့က မလွယ်ပါဘူး၊ လီဗာပူးလ်ဂျာစီ ဝတ်ဆင်ရတာကို ကျွန်တော်ကြိုက်ပါတယ်၊ ဒါပေမဲ့ အဲလို မဝတ်ဆင်ခင် အတွေ့အကြုံတွေ ပိုရလာဖို့ ကျွန်တော်ကြိုးစားရဦးမယ် ” ” လီဗာပူးလ်အတွက် ကျွန်တော် အဆင်သင့်ဖြစ်နေချင်ပါတယ်၊ ကျွန်တော် အန်ဖီးလ်ကိုပြန်ဖို့ အခွင့်အရေးရလာမှာပါ ”

” ကျွန်တော် နည်းပြကြီးဂျာကင်ကလော့နဲ့ မကြာခဏ မက်ဆေ့ပို့ပြီး စကားပြောဖြစ်ပါတယ်၊ လီဗာပူးလ်အငှားမန်နေဂျာ ဂျူလီယန်ဝပ်နဲ့လည်း အဆက်အသွယ်မပျက်ဘူး၊ ကျွန်တော်ပါတဲ့ပွဲတိုင်းကိုလည်း သူအမြဲကြည့်တယ်၊ တစ်ခါတစ်ရံ ကျွန်တော် လီဗာပူးလ်ကို အရမ်းလွမ်းတယ် ” လို့ ထုတ်ဖော်ဝန်ခံသွားခဲ့ပါတယ်။

လူညိုချော@SportsGabar