ဂင္းနစ္ကမာၻ႔စံခ်ိန္တင္ႏိုင္ခဲ့တဲ့ အာႏိုးလ္

ထူးျခားတဲ့ စံခ်ိန္ေတြ မွတ္တမ္းမွတ္ရာေတြဆိုတာ တင္ႏိုင္ဖို႔ လုပ္ေဆာင္ရတာ အရမ္းကိုခက္ခဲပါတယ္။ အထူးသျဖင့္ ကမာၻနဲ႔ခ်ီျပီး တင္ရတဲ့စံခ်ိန္ေတြဆို ပိုလို႔ေတာင္ ခက္ခဲပါေသးတယ္။

ဂင္းနစ္ဆိုတာကေတာ့ ကမာၻေပၚမွာရွိတဲ့ အျခားသူေတြထက္ သူမတူေအာင္ စြမ္းေဆာင္ျပႏိုင္တဲ့ လူေတြကို စံခ်ိန္မွတ္တမ္းေတြနဲ႔ခ်ိန္ထိုးျပီး ေပးအပ္ေလ့ရွိတဲ့ ဆုတစ္ဆုပါ။ လူတိုင္း ဒီမွတ္တမ္းထဲ ဝင္ႏိုင္ဖို႔ မလြယ္သလို၊ တင္ျပီးသားစံခ်ိန္မွတ္တမ္းတစ္ခုကို ခ်ိဳးျဖတ္ႏိုင္ဖို႔ဆိုတာကလည္း အင္မတန္ခက္ခဲလွပါတယ္။ ဒါေပမဲ့ လီဗာပူးလ္အသင္းရဲ႕ ညာေနာက္ခံကစားသမားေလး အလက္ဇန္းဒါး အာႏိုးလ္ကေတာ့ အသက္အရြယ္ငယ္ ရြယ္စဥ္မွာပဲ လူတိုင္းမလုပ္ႏိုင္တဲ့ အရာတစ္ခုကို စြမ္းေဆာင္ႏိုင္ခဲ့တဲ့အတြက္ ဂင္းနစ္စံခ်ိန္တင္ႏိုင္ခဲ့ပါျပီ။

အဲဒီ့မွတ္တမ္းကေတာ့ ေဘာလံုးရာသီတစ္ခုအတြင္း ေနာက္ခံကစားသမားတစ္ေယာက္အေနနဲ႔ ဂိုးဖန္တီးမႈ အမ်ားဆံုးျပဳလုပ္ခဲ့တယ္ဆိုတဲ့ စံခ်ိန္ပဲျဖစ္ပါတယ္။ အာႏိုးလ္ဟာ ျပီးခဲ့တဲ့ႏွစ္က ပရီးမီးယားလိဂ္မွာ လီဗာပူးလ္အသင္းနဲ႔အတြက္ ဂိုးဖန္တီးမႈ (၁၂)ၾကိမ္အထိ ျပဳလုပ္ေပးႏိုင္ခဲ့ျပီး၊ အဲဗာတန္ေနာက္ခံလူ ေလတန္ဘိန္းနဲ႔အန္ဒီတို႔ တင္ထားခဲ့တဲ့ (၁၁)ဂိုးစံခ်ိန္ကို (၁)ဂိုးအသာနဲ႔ ခ်ိဳးျဖတ္ျပခဲ့တာပါ။ ခါးသီးတဲ့ ျမိဳ႕ခံျပိဳင္ဘက္ျဖစ္တဲ့ အဲဗာတန္ကစားသမားေတြရဲ႕မွတ္တမ္းကို လုယူႏိုင္ခဲ့တာျဖစ္လို႔ လီဗာပူးလ္ပရိသတ္ေတြအေနနဲ႔ အာႏိုးလ္အေပၚ ပိုမိုခ်စ္ခင္သြားၾကမွာလည္း မလြဲပါပဲ။

သူ႔အတြက္ ျပီးခဲ့တဲ့ ရာသီဟာ မေမ့ႏိုင္စရာ ႏွစ္တစ္ႏွစ္အျဖစ္ ရွိေနေတာ့မယ့္ ေနာက္ထပ္ေအာင္ျမင္မႈေတြအေနနဲ႔လည္း အာႏိုးလ္ဟာ လီဗာပူးလ္နဲ႔အတူ ဥေရာပခ်န္ပီယံလိဂ္ဖလားၾကီးကို ကိုင္ေျမွာက္ႏိုင္ခဲ့သလို၊ ပရီးမီးယားလိဂ္မွာလည္း ခ်န္ပီယံ မန္စီးတီးရဲ႕ေနာက္ ဒုတိယခ်ိတ္ခဲ့ပါတယ္။ ဒါ့အျပင္ ဒီအဂၤလန္သားဟာ ပရီးမီးယားလိဂ္တစ္ႏွစ္တာအေကာင္းဆံုးအသင္းမွာလည္း ေရြးခ်ယ္ခံခဲ့ရသလို၊ ခ်န္ပီယံလိဂ္တစ္ႏွစ္တာ အေကာင္းဆံုးအသင္းမွာလည္း ပါဝင္ခဲ့ပါတယ္။

ဒီလို ဂင္းနစ္မွတ္တမ္းဆုကို လက္ခံရယူခဲ့ျပီးတဲ့ေနာက္ အာႏိုးလ္က-

” ရိုးရိုးသားသားေျပာရမယ္ဆိုရင္ေတာ့ ကြ်န္ေတာ္က အျမဲတမ္း ေ့ရွတက္ခ်င္ေနတာဗ်၊ ဒါကလည္း ဂိုးရဖို႔ အခြင့္အလမ္းေတြဖန္တီးျပီး အသင္းကို ကူညီေပးခ်င္တာေၾကာင့္ပါ၊ ဂိုးတစ္ဂိုးျဖစ္လာဖို႔ ကြ်န္ေတာ္တို႔အားလံုး စုေပါင္းျပီး အားထုတ္ရပါတယ္၊ အသင္းေဖာ္ေတြေၾကာင့္သာမဟုတ္ရင္ ဒီစံခ်ိန္မွတ္တမ္းကို တင္ႏိုင္မွာမဟုတ္ပါဘူး ” လို႔ ထုတ္ေဖာ္ေျပာၾကားသြားခဲ့ပါတယ္။

လူညိဳေခ်ာ@SportsGabar

Unicode

ထူးခြားတဲ့ စံချိန်တွေ မှတ်တမ်းမှတ်ရာတွေဆိုတာ တင်နိုင်ဖို့ လုပ်ဆောင်ရတာ အရမ်းကိုခက်ခဲပါတယ်။ အထူးသဖြင့် ကမ္ဘာနဲ့ချီပြီး တင်ရတဲ့စံချိန်တွေဆို ပိုလို့တောင် ခက်ခဲပါသေးတယ်။

ဂင်းနစ်ဆိုတာကတော့ ကမ္ဘာပေါ်မှာရှိတဲ့ အခြားသူတွေထက် သူမတူအောင် စွမ်းဆောင်ပြနိုင်တဲ့ လူတွေကို စံချိန်မှတ်တမ်းတွေနဲ့ချိန်ထိုးပြီး ပေးအပ်လေ့ရှိတဲ့ ဆုတစ်ဆုပါ။ လူတိုင်း ဒီမှတ်တမ်းထဲ ဝင်နိုင်ဖို့ မလွယ်သလို၊ တင်ပြီးသားစံချိန်မှတ်တမ်းတစ်ခုကို ချိုးဖြတ်နိုင်ဖို့ဆိုတာကလည်း အင်မတန်ခက်ခဲလှပါတယ်။ ဒါပေမဲ့ လီဗာပူးလ်အသင်းရဲ့ ညာနောက်ခံကစားသမားလေး အလက်ဇန်းဒါး အာနိုးလ်ကတော့ အသက်အရွယ်ငယ် ရွယ်စဉ်မှာပဲ လူတိုင်းမလုပ်နိုင်တဲ့ အရာတစ်ခုကို စွမ်းဆောင်နိုင်ခဲ့တဲ့အတွက် ဂင်းနစ်စံချိန်တင်နိုင်ခဲ့ပါပြီ။

အဲဒီ့မှတ်တမ်းကတော့ ဘောလုံးရာသီတစ်ခုအတွင်း နောက်ခံကစားသမားတစ်ယောက်အနေနဲ့ ဂိုးဖန်တီးမှု အများဆုံးပြုလုပ်ခဲ့တယ်ဆိုတဲ့ စံချိန်ပဲဖြစ်ပါတယ်။ အာနိုးလ်ဟာ ပြီးခဲ့တဲ့နှစ်က ပရီးမီးယားလိဂ်မှာ လီဗာပူးလ်အသင်းနဲ့အတွက် ဂိုးဖန်တီးမှု (၁၂)ကြိမ်အထိ ပြုလုပ်ပေးနိုင်ခဲ့ပြီး၊ အဲဗာတန်နောက်ခံလူ လေတန်ဘိန်းနဲ့အန်ဒီတို့ တင်ထားခဲ့တဲ့ (၁၁)ဂိုးစံချိန်ကို (၁)ဂိုးအသာနဲ့ ချိုးဖြတ်ပြခဲ့တာပါ။ ခါးသီးတဲ့ မြို့ခံပြိုင်ဘက်ဖြစ်တဲ့ အဲဗာတန်ကစားသမားတွေရဲ့မှတ်တမ်းကို လုယူနိုင်ခဲ့တာဖြစ်လို့ လီဗာပူးလ်ပရိသတ်တွေအနေနဲ့ အာနိုးလ်အပေါ် ပိုမိုချစ်ခင်သွားကြမှာလည်း မလွဲပါပဲ။

သူ့အတွက် ပြီးခဲ့တဲ့ ရာသီဟာ မမေ့နိုင်စရာ နှစ်တစ်နှစ်အဖြစ် ရှိနေတော့မယ့် နောက်ထပ်အောင်မြင်မှုတွေအနေနဲ့လည်း အာနိုးလ်ဟာ လီဗာပူးလ်နဲ့အတူ ဥရောပချန်ပီယံလိဂ်ဖလားကြီးကို ကိုင်မြှောက်နိုင်ခဲ့သလို၊ ပရီးမီးယားလိဂ်မှာလည်း ချန်ပီယံ မန်စီးတီးရဲ့နောက် ဒုတိယချိတ်ခဲ့ပါတယ်။ ဒါ့အပြင် ဒီအင်္ဂလန်သားဟာ ပရီးမီးယားလိဂ်တစ်နှစ်တာအကောင်းဆုံးအသင်းမှာလည်း ရွေးချယ်ခံခဲ့ရသလို၊ ချန်ပီယံလိဂ်တစ်နှစ်တာ အကောင်းဆုံးအသင်းမှာလည်း ပါဝင်ခဲ့ပါတယ်။

ဒီလို ဂင်းနစ်မှတ်တမ်းဆုကို လက်ခံရယူခဲ့ပြီးတဲ့နောက် အာနိုးလ်က-

” ရိုးရိုးသားသားပြောရမယ်ဆိုရင်တော့ ကျွန်တော်က အမြဲတမ်း ေ့ရှတက်ချင်နေတာဗျ၊ ဒါကလည်း ဂိုးရဖို့ အခွင့်အလမ်းတွေဖန်တီးပြီး အသင်းကို ကူညီပေးချင်တာကြောင့်ပါ၊ ဂိုးတစ်ဂိုးဖြစ်လာဖို့ ကျွန်တော်တို့အားလုံး စုပေါင်းပြီး အားထုတ်ရပါတယ်၊ အသင်းဖော်တွေကြောင့်သာမဟုတ်ရင် ဒီစံချိန်မှတ်တမ်းကို တင်နိုင်မှာမဟုတ်ပါဘူး ” လို့ ထုတ်ဖော်ပြောကြားသွားခဲ့ပါတယ်။

လူညိုချော@SportsGabar