မီဒီယာလည္းမပါ၊ပရိသတ္လည္းမၾကည့္၊သြင္းဂိုးလည္းမရွိခဲ့တဲ့ကိုရီးယားဒါဘီ

မေန႔ကယွဥ္ျပိဳင္ကစားခဲ့ၾကတဲ့ ေတာင္ကိုရီးယားနဲ႔ေျမာက္ကိုရီးယားအသင္းတို႔ရဲ႕ကမာၻ႔ဖလားေျခစစ္ပြဲဟာ တိတ္ဆိတ္ေျခာက္ကပ္စြာနဲ႔ပဲ ဂိုးမရွိသေရရလဒ္နဲ႔ ျပီးဆံုးသြားပါတယ္။

ေျမာက္္ကိုရီးယားႏိုင္ငံ ျပံဳယမ္းျမိဳ႕မွာက်င္းပျပဳလုပ္ခဲ့တဲ့ ဒီပြဲစဥ္ဟာဆိုရင္ ႏွစ္ေပါင္း(၃၀)အတြင္း ပထမဆံုး ေတာင္၊ ေျမာက္ႏွစ္ႏိုင္ငံထိပ္တိုက္ေတြ႔တဲ့ပြဲျဖစ္တာေၾကာင့္ ပရိသတ္စိတ္ဝင္စားမႈ အျပည့္နဲ႔ ပြဲၾကီးပြဲေကာင္းတစ္ပြဲျဖစ္လာလိမ့္မယ္လို႔ ထင္မွတ္ခဲ့ၾကေပမဲ့ တကယ္တမ္းမွာေတာ့ အထင္နဲ႔တက္တက္စင္ေအာင္လြဲခဲ့ပါတယ္။ ဒီပြဲကို လာေရာက္ၾကည့္ရႈတဲ့ပရိသတ္အေရအတြက္ကိုၾကည့္ရင္လည္း ျမန္မာေနရွင္နယ္လိဂ္ကေတာင္ အနည္းငယ္ ပိုသာေနပါဦးမယ္။

ထိုင္ခံုလြတ္မ်ားစြာနဲ႔ ကြင္းၾကီးထဲမွာ သရဲေျခာက္မွာေတာင္ေၾကာက္ခဲ့ရသလို ႏွစ္ဖက္အသင္းကစားသမားေတြဟာလည္း တက္ၾကြမႈကင္းမဲ့ခဲ့ကာ တကယ့္ကို ပ်င္းစရာေကာင္းတဲ့ ပြဲတစ္ပြဲျဖစ္ခဲ့တာပါ။ ဒီၾကားထဲ ႏွစ္သင္းေပါင္းသြင္းဂိုးကလည္း ဇီးရိုး ဆိုေတာ့ ဆြဲေဆာင္မႈ တစ္စံုတစ္ရာမရွိခဲ့တာ အဆန္းေတာ့မဟုတ္ပါဘူး။ လြန္ခဲ့တဲ့(၁၀)ႏွစ္ေလာက္က ေတာင္ကိုရီးယားႏိုင္ငံ၊ ဆိုးလ္ျမိဳ႕မွာ ဒီႏွစ္သင္းေတြ႔ဆံုခဲ့တုန္းကေတာင္ အေျခအေနက ဒီလိုမဟုတ္ခဲ့ပါဘူး။

ေတာင္ကိုရီးယားက (၁)ဂိုးတည္းနဲ႔ ကပ္ျပီးအႏိုင္ရခဲ့တဲ့အဲဒီပြဲဟာ ေတာ္ေတာ္ေလးကို အၾကိတ္အနယ္ရွိခဲ့ျပီး ပရိသတ္ေတြကလည္း ကြင္းလံုးျပည့္ကို တစ္ခဲနက္အားေပးခဲ့ၾကတာပါ။ ဒါေပမဲ့လည္း အခုတစ္ၾကိမ္ ျပံဳယမ္းမွာ က်င္းပခဲ့တဲ့ ကမာၻဖလားေျခစစ္ပြဲကေတာ့ အရင္နဲ႔မတူ လံုးဝကိုျခားနားေနပါတယ္။ ေဘာလံုးပြဲသံုးသပ္သူေတြကေတာ့ ဒီလိုျဖစ္ရျခင္းဟာ ေတာင္၊ ေျမာက္ ႏွစ္ႏိုင္ငံရဲ႕ ႏိုင္ငံေရးတင္းမာမႈေတြနဲ႔ ဆက္စပ္မႈရွိေနလိမ့္မယ္လို႔ ထင္ေၾကးေပးေနၾကပါတယ္။

ဒီပြဲကို ကြင္းထဲအထိ ကိုယ္တိုင္ကိုယ္က် လာေရာက္ၾကည့္ရႈအားေပးခဲ့တဲ့ ဖီဖာဥကၠ႒ အင္ဖန္တီႏို ကေတာ့ ဒီျဖစ္စဥ္နဲ႔ပတ္သက္ျပီး ေတာ္ေတာ္ေလးကို စိတ္ပ်က္ေနပါတယ္။ အင္ဖန္တီႏိုက-

” ကြင္းထဲက ထိုင္ခံုေတြမွာ ပရိသတ္ေတြကို မျမင္ေတြ႔ရတာက ေတာ္ေတာ္ေလးကို စိတ္ပ်က္စရာေကာင္းတဲ့ အေျခအေနပါ၊ ဒီကိစၥအေပၚ အရမ္းလည္း အံ့အားသင့္ရပါတယ္၊ ျပီးေတာ့ ဒီမွာ ႏိုင္ငံျခားသား သတင္းေထာက္ေတြအတြက္ ျပည္ဝင္ခြင့္ခက္ခဲတဲ့ ျပႆနာေတြလည္းရွိေနပါတယ္ ” လို႔ ထုတ္ေဖာ္ ျငီးတြား သြားခဲ့ပါတယ္။

လူညိဳေခ်ာ@SportsGabar

Unicode

မီဒီယာလည်းမပါ၊ ပရိသတ်လည်းမကြည့်၊ သွင်းဂိုးလည်းမရှိခဲ့တဲ့ကိုရီးယားဒါဘီ

မနေ့ကယှဉ်ပြိုင်ကစားခဲ့ကြတဲ့ တောင်ကိုရီးယားနဲ့မြောက်ကိုရီးယားအသင်းတို့ရဲ့ကမ္ဘာ့ဖလားခြေစစ်ပွဲဟာ တိတ်ဆိတ်ခြောက်ကပ်စွာနဲ့ပဲ ဂိုးမရှိသရေရလဒ်နဲ့ ပြီးဆုံးသွားပါတယ်။

မြောက်ကိုရီးယားနိုင်ငံ ပြုံယမ်းမြို့မှာကျင်းပပြုလုပ်ခဲ့တဲ့ ဒီပွဲစဉ်ဟာဆိုရင် နှစ်ပေါင်း(၃၀)အတွင်း ပထမဆုံး တောင်၊ မြောက်နှစ်နိုင်ငံထိပ်တိုက်တွေ့တဲ့ပွဲဖြစ်တာကြောင့် ပရိသတ်စိတ်ဝင်စားမှု အပြည့်နဲ့ ပွဲကြီးပွဲကောင်းတစ်ပွဲဖြစ်လာလိမ့်မယ်လို့ ထင်မှတ်ခဲ့ကြပေမဲ့ တကယ်တမ်းမှာတော့ အထင်နဲ့တက်တက်စင်အောင်လွဲခဲ့ပါတယ်။ ဒီပွဲကို လာရောက်ကြည့်ရှုတဲ့ပရိသတ်အရေအတွက်ကိုကြည့်ရင်လည်း မြန်မာနေရှင်နယ်လိဂ်က အနည်းငယ်တောင် ပိုသာနေပါဦးမယ်။

ထိုင်ခုံလွတ်များစွာနဲ့ ကွင်းကြီးထဲမှာ သရဲခြောက်မှာတောင်ကြောက်ခဲ့ရသလို နှစ်ဖက်အသင်းကစားသမားတွေဟာလည်း တက်ကြွမှုကင်းမဲ့ခဲ့ကာ တကယ့်ကို ပျင်းစရာကောင်းတဲ့ ပွဲတစ်ပွဲဖြစ်ခဲ့တာပါ။ ဒီကြားထဲ နှစ်သင်းပေါင်းသွင်းဂိုးကလည်း ဇီးရိုး ဆိုတော့ ဆွဲဆောင်မှု တစ်စုံတစ်ရာမရှိခဲ့တာ အဆန်းတော့မဟုတ်ပါဘူး။ လွန်ခဲ့တဲ့(၁၀)နှစ်လောက်က တောင်ကိုရီးယားနိုင်ငံ၊ ဆိုးလ်မြို့မှာ ဒီနှစ်သင်းတွေ့ဆုံခဲ့တုန်းကတောင် အခြေအနေက ဒီလိုမဟုတ်ခဲ့ပါဘူး။

တောင်ကိုရီးယားက (၁)ဂိုးတည်းနဲ့ ကပ်ပြီးအနိုင်ရခဲ့တဲ့ဒီပွဲဟာ တော်တော်လေးကို အကြိတ်အနယ်ရှိခဲ့ပြီး ပရိသတ်တွေကလည်း ကွင်းလုံးပြည့်ကို တစ်ခဲနက်အားပေးခဲ့ကြတာပါ။ ဒါပေမဲ့လည်း အခုတစ်ကြိမ် ပြုံယမ်းမှာ ကျင်းပခဲ့တဲ့ ကမ္ဘာဖလားခြေစစ်ပွဲကတော့ အရင်နဲ့မတူ လုံးဝကိုခြားနားနေပါတယ်။ ဘောလုံးပွဲသုံးသပ်သူတွေကတော့ ဒီလိုဖြစ်ရခြင်းဟာ တောင်၊ မြောက် နှစ်နိုင်ငံရဲ့ နိုင်ငံရေးတင်းမာမှုတွေနဲ့ ဆက်စပ်မှုရှိနေလိမ့်မယ်လို့ ထင်ကြေးပေးနေကြပါတယ်။

ဒီပွဲကို ကွင်းထဲအထိ ကိုယ်တိုင်ကိုယ်ကျ လာရောက်ကြည့်ရှုအားပေးခဲ့တဲ့ ဖီဖာဥက္ကဋ္ဌ အင်ဖန်တီနို ကတော့ ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး တော်တော်လေးကို စိတ်ပျက်နေပါတယ်။ အင်ဖန်တီနိုက-

” ကွင်းထဲက ထိုင်ခုံတွေမှာ ပရိသတ်တွေကို မမြင်တွေ့ရတာက တော်တော်လေးကို စိတ်ပျက်စရာကောင်းတဲ့ အခြေအနေပါ၊ ဒီကိစ္စအပေါ် အရမ်းလည်း အံ့အားသင့်ရပါတယ်၊ ပြီးတော့ ဒီမှာ နိုင်ငံခြားသား သတင်းထောက်တွေအတွက် ပြည်ဝင်ခွင့်ခက်ခဲတဲ့ ပြဿနာတွေလည်းရှိနေပါတယ် ” လို့ ထုတ်ဖော် ငြီးတွား သွားခဲ့ပါတယ်။

လူညိုချော@SportsGabar