Golden Boy ဆု(၂၀၁၉) အတြက္ ေနာက္ဆံုးဆန္ခါတင္(၂၀)ဦးထြက္ေပၚ

ကမာၻတစ္ဝွမ္းလံုးက တစ္ႏွစ္တာအေကာင္းဆံုး လူငယ္ကစားသမားေတြကိုသာေပးအပ္ခ်ီးျမွင့္ေလ့ရွိတဲ့ Golden Boy ဆုအတြက္ ေနာက္ဆံုး ဆန္ခါတင္ အေယာက္(၂၀)စာရင္းကေတာ့ ထြက္ေပၚလို႔လာခဲ့ပါျပီ။

ဒီစာရင္းမွာေတာ့ ဥေရာပေဘာလံုးရပ္ဝန္းက ကလပ္အသင္းၾကီးေတြမွာ ေျခစြမ္းျပလ်က္ရွိတဲ့ ကစားသမားေလးေတြခ်ည္း ရာႏႈန္းျပည့္ပါဝင္လာခဲ့တာကိုေတြ႕ရပါတယ္။ အားလံုးထင္ေၾကးေပးေနၾကတဲ့ ကစားသမားအမ်ားစုပါဝင္လာခဲ့ျပီး၊ ျပီးခဲ့တဲ့ႏွစ္က ဒီဆုကိုရယူထားတဲ့ ေဟာ္လန္ေနာက္ခံလူငယ္ကစားသမားေလး ဒီလစ္ကေတာ့ ဒီႏွစ္မွာလည္း ထပ္မံရရွိဖို႔ ေရပန္းအစားဆံုးျဖစ္ေနပါတယ္။

ဒါေပမဲ့ မႏွစ္ကလို လြယ္ကူမွာေတာ့မဟုတ္တဲ့အခ်က္ကေတာ့ ဆုအတြက္ ယွဥ္ျပိဳင္ရမယ့္ ျပိဳင္ဘက္ေတြကလည္း တကယ့္ကို ဒိတ္ဒိတ္ၾကဲလူငယ္ကစားသမားေတြခ်ည္းျဖစ္ေနတာပါပဲ။ ဟုတ္ပါတယ္။ ဒီဆန္ခါတင္အေယာက္(၂၀)ထဲမွာ အာဆင္နယ္နဲ႔ျပင္သစ္လူငယ္ေနာက္ခံလူ ဂြမ္ဒိုဇီ၊ ဘင္ဖီကာမွာ ေျခစြမ္းျပခဲ့တဲ့ ေပၚတူဂီၾကယ္ပြင့္ ဂ်ာအိုဖိလစ္၊ ဆရာၾကီးျဖစ္ေနျပီျဖစ္တဲ့ ေဒါ့မြန္နဲ႔အဂၤလန္ေတာင္ပံကစားသမား ေဂ်ာ္ဒန္ဆန္ခ်ိဳ၊ ရီးရဲလ္ရဲ႕ ဗင္နီရွပ္ တို႔လို လူငယ္ေတြ ပါဝင္ေနတာေၾကာင့္ ဒီႏွစ္ကေတာ့ ဆုေရြးခ်ယ္ေရးအဖြဲ႔ေတြ ေခါင္းခဲရမယ့္ႏွစ္ပါပဲ။

Golden Boy ဆုဟာ နယ္နယ္ရရေတာ့မဟုတ္ပါဘူး။ ဝိန္းရြန္းနီတို႔ဖာဘရီဂက္တို႔အစၥကိုတို႔ ပိုင္ဆိုင္ခဲ့ဖူးတဲ့ ဒီဆုကို လီယြန္နယ္မက္ဆီ၊ ဆာဂ်ီယိုအဂူရို၊ ေပါလ္ေပါ့ဘာ၊ အန္တိုနီမာရွယ္၊ စတာလင္၊ ဘာေပတို႔လည္းရရွိခဲ့ဖူးျပီး ဒီကစားသမားေတြဟာ အခုအခ်ိန္မွာေတာ့ ဥေရာပေဘာလံုးဇာတ္ခံုထက္မွာ လွ်မ္းလွ်မ္းေတာက္ေအာင္ျမင္တဲ့ နာမည္ေက်ာ္ေတြျဖစ္ေနပါျပီ။

ဒီလိုအစဥ္အလာၾကီးမားတဲ့ Golden Boy ဆု အတြက္ ဒီဘက္ႏွစ္ေတြမွာ ေရြးခ်ယ္စရာလူငယ္ကစားသမားေတြ ပိုမိုမ်ားျပားလာတာက ေဘာလံုးေလာကအတြက္ေတာ့ အေပါင္းလကၡဏာေဆာင္တဲ့ ျဖစ္ရပ္လို႔ ဆိုရမွာျဖစ္ျပီး၊ ဒီႏွစ္ရဲ႕အေကာင္းဆံုးလူငယ္ဆုကို ဘယ္သူရသြားမလဲဆိုတာကေတာ့ မၾကာခင္အခ်ိန္အတြင္းမွာ သိရေတာ့မွာျဖစ္ပါတယ္။

လူညိဳေခ်ာ@SportsGabar

Unicode

Golden Boy ဆု(၂၀၁၉) အတွက် နောက်ဆုံးဆန်ခါတင်(၂၀)ဦးထွက်ပေါ်

ကမ္ဘာတစ်ဝှမ်းလုံးက တစ်နှစ်တာအကောင်းဆုံး လူငယ်ကစားသမားတွေကိုသာပေးအပ်ချီးမြှင့်လေ့ရှိတဲ့ Golden Boy ဆုအတွက် နောက်ဆုံး ဆန်ခါတင် အယောက်(၂၀)စာရင်းကတော့ ထွက်ပေါ်လို့လာခဲ့ပါပြီ။

ဒီစာရင်းမှာတော့ ဥရောပဘောလုံးရပ်ဝန်းက ကလပ်အသင်းကြီးတွေမှာ ခြေစွမ်းပြလျက်ရှိတဲ့ ကစားသမားလေးတွေချည်း ရာနှုန်းပြည့်ပါဝင်လာခဲ့တာကိုတွေ့ရပါတယ်။ အားလုံးထင်ကြေးပေးနေကြတဲ့ ကစားသမားအများစုပါဝင်လာခဲ့ပြီး၊ ပြီးခဲ့တဲ့နှစ်က ဒီဆုကိုရယူထားတဲ့ ဟော်လန်နောက်ခံလူငယ်ကစားသမားလေး ဒီလစ်ကတော့ ဒီနှစ်မှာလည်း ထပ်မံရရှိဖို့ ရေပန်းအစားဆုံးဖြစ်နေပါတယ်။

ဒါပေမဲ့ မနှစ်ကလို လွယ်ကူမှာတော့မဟုတ်တဲ့အချက်ကတော့ ဆုအတွက် ယှဉ်ပြိုင်ရမယ့် ပြိုင်ဘက်တွေကလည်း တကယ့်ကို ဒိတ်ဒိတ်ကြဲလူငယ်ကစားသမားတွေချည်းဖြစ်နေတာပါပဲ။ ဟုတ်ပါတယ်။ ဒီဆန်ခါတင်အယောက်(၂၀)ထဲမှာ အာဆင်နယ်နဲ့ပြင်သစ်လူငယ်နောက်ခံလူ ဂွမ်ဒိုဇီ၊ ဘင်ဖီကာမှာ ခြေစွမ်းပြခဲ့တဲ့ ပေါ်တူဂီကြယ်ပွင့် ဂျာအိုဖိလစ်၊ ဆရာကြီးဖြစ်နေပြီဖြစ်တဲ့ ဒေါ့မွန်နဲ့အင်္ဂလန်တောင်ပံကစားသမား ဂျော်ဒန်ဆန်ချို၊ ရီးရဲလ်ရဲ့ ဗင်နီရှပ် တို့လို လူငယ်တွေ ပါဝင်နေတာကြောင့် ဒီနှစ်ကတော့ ဆုရွေးချယ်ရေးအဖွဲ့တွေ ခေါင်းခဲရမယ့်နှစ်ပါပဲ။

Golden Boy ဆုဟာ နယ်နယ်ရရတော့မဟုတ်ပါဘူး။ ဝိန်းရွန်းနီတို့ဖာဘရီဂက်တို့အစ္စကိုတို့ ပိုင်ဆိုင်ခဲ့ဖူးတဲ့ ဒီဆုကို လီယွန်နယ်မက်ဆီ၊ ဆာဂျီယိုအဂူရို၊ ပေါလ်ပေါ့ဘာ၊ အန်တိုနီမာရှယ်၊ စတာလင်၊ ဘာပေတို့လည်းရရှိခဲ့ဖူးပြီး ဒီကစားသမားတွေဟာ အခုအချိန်မှာတော့ ဥရောပဘောလုံးဇာတ်ခုံထက်မှာ လျှမ်းလျှမ်းတောက်အောင်မြင်တဲ့ နာမည်ကျော်တွေဖြစ်နေပါပြီ။

ဒီလိုအစဉ်အလာကြီးမားတဲ့ Golden Boy ဆု အတွက် ဒီဘက်နှစ်တွေမှာ ရွေးချယ်စရာလူငယ်ကစားသမားတွေ ပိုမိုများပြားလာတာက ဘောလုံးလောကအတွက်တော့ အပေါင်းလက္ခဏာဆောင်တဲ့ ဖြစ်ရပ်လို့ ဆိုရမှာဖြစ်ပြီး၊ ဒီနှစ်ရဲ့အကောင်းဆုံးလူငယ်ဆုကို ဘယ်သူရသွားမလဲဆိုတာကတော့ မကြာခင်အချိန်အတွင်းမှာ သိရတော့မှာဖြစ်ပါတယ်။

လူညိုချော@SportsGabar