ဇန္နဝါရီေစ်းကြက္အတြင္းပရီးမီးယားလိဂ္ကိုေရာက္လာႏိုင္တဲ့ထိပ္တန္းကစားသမား(၅)ေယာက္

ဥေရာပေဘာလံုးျပိဳင္ပြဲၾကီးေေတြရဲ႕ရာသီဝက္က်ိဳးခ်ိန္ျဖစ္တဲ့ ဇန္နဝါရီကာလဟာဆိုရင္ ေဘာလံုးကလပ္ေတြအေနနဲ႔ ကစားသမားသစ္ေတြကို အလုအယက္ေခၚယူေလ့ရွိတဲ့ကာလတစ္ခုျဖစ္ပါတယ္။ ေခၚယူခြင့္ရတဲ့ အခ်ိန္သက္တမ္းကလည္း ရာသီၾကိဳမွာလို အခ်ိန္အမ်ားၾကီးမရတာေၾကာင့္ အသင္းေျပာင္းမယ့္ကစားသမားေတြဟာ မိမိတို႔ရဲ႕ဆံုးျဖတ္ခ်က္ကိုအလ်င္အျမန္ခ်မွတ္ရပါတယ္။ ဒီကာလဟာ တိုေတာင္းသေလာက္ေဘာလံုးပရိသတ္ေတြ မထင္မွတ္ထားတဲ့ အေျပာင္းအေရႊ႕ေတြလည္း မၾကာခဏျဖစ္ေပၚေလ့ရွိပါတယ္။

အခုေဖာ္ျပေပးမွာကေတာ့ ဇန္နဝါရီအေျပာင္းအေရႊကာလအတြင္း ပရီးမီးယားလိဂ္ကို ေျပာင္းေရႊ႕ေရာက္ရွိလာႏိုင္တဲ့ ကမာၻ႔ထိပ္တန္း ကစားသမား(၅)ေယာက္ပဲျဖစ္ပါတယ္။

(၅) အဲဗားဘီနီဂါ

ဆီဗီလာကြင္းလယ္လူ ဘီနီဂါကေတာ့ ျပီးခဲ့တဲ့ ဇန္နဝါရီတုန္းကလည္း အာဆင္နယ္ကိုေရာက္ရွိဖို႔ နီးစပ္ခဲ့ဖူးပါတယ္။ အာဆင္နယ္နည္းျပ အူႏိုင္းအမ္မရီရဲ႕စိတ္ၾကိဳက္ကစားသမားျဖစ္တဲ့ ဘီနီဂါရဲ႕လက္ရွိတန္ေၾကးက ေပါင္(၁၈)သန္းျဖစ္ျပီး၊ ဇန္နဝါရီေစ်းကြက္အတြင္း လန္ဒန္ေျမကို ေရာက္လာႏိုင္တဲ့သူအျဖစ္ ခန္႔မွန္းထားၾကပါတယ္။

(၄) ဘိုဘက္ခရီဆိုမဲ

ပီအက္စ္ဂ်ီလူငယ္အသင္းကေန ထြက္ေပၚလာတဲ့ ဆိုမဲဟာ အသက္(၂၀)သာရွိေသးျပီး၊ ျပင္သစ္ကလပ္ လိုင္လီမွာကစားေနပါတယ္။ ေပါင္(၃၅)သန္း တန္တဲ့ ဒီခ်ာတိတ္ကို မန္စီးတီး အပါအဝင္ အဲဗာတန္၊ ဝုတ္၊ လက္စတာ၊ စပါး အစရွိတဲ့ အသင္းေတြက မ်က္စိက်ေနတာေၾကာင့္ ပရီးမီးယားလိဂ္ကို ေရာက္လာႏိုင္တဲ့စာရင္းထဲ သူလည္းပါလာတာပါ။

(၃) မာရီယိုေဂါ့ဇီ

ဂ်ာမနီအသင္း (၂၀၁၄)ကမာၻ႔ဖလားမွာ အာဂ်င္တီးနားကို အႏိုင္ရျပီး ဗိုလ္စြဲခဲ့စဥ္က တစ္လံုးတည္းေသာ အႏိုင္ဂိုးကို ေဂါ့ဇီကသြင္းယူေပးခဲ့တာပါ။ ဥေရာပေဘာလံုးေလာကမွာ သူ႔ရဲ႕ပံုရိပ္က မေသးလွေပမဲ့ ပံုမွန္ေျခစြမ္းကို မထိန္းႏိုင္ခဲ့တာေၾကာင့္ အခုေတာ့ ေဂါ့ဇီတစ္ေယာက္ ေဒါ့မြန္မွာ ေနရာမရျဖစ္ေနပါတယ္။ ေႏြရာသီကတည္းက ေဂါ့ဇီကို ခ်ိတ္ဆက္ေနတဲ့ အဲဗာတန္ဟာ ဒီအေျခအေနကို အခြင့္ေကာင္းယူျပီး ပရီးမီးမီးယားလိဂ္ကို အေရာက္ေခၚယူပါလိမ့္မယ္။

(၂) လုကာမိုဒရစ္

ေဘာလြန္းဒီေအာ္ဆုကိုရယူႏိုင္ခဲ့တဲ့ ဒီခရိုေအးရွားသားရဲ႕ေျခစြမ္းအဆင့္အတန္းကိုေတာ့ အထူးေျပာေနစရာလိုမယ္မထင္ပါဘူး။ ဒါေပမဲ့လည္း အသက္အရြယ္အရ အက်ပိုင္းေရာက္လာတဲ့ မိုဒရစ္ဟာ ယခုႏွစ္မွာ ရီးရဲလ္အတြက္ ထင္သေလာက္ မစြမ္းေဆာင္ထားႏိုင္ခဲ့တာေၾကာင့္ နည္းျပ ဇီဒန္းရဲ႕ယံုၾကည္မႈနဲ႔လည္း ေဝးေနပါတယ္။ အသင္းေဟာင္းျဖစ္တဲ့ ပရီးမီးယားလိဂ္ကလပ္ စပါးကလည္း သူ႔ကိုေခၚယူဖို႔ စိတ္ဝင္စားမႈရွိေနသလို အဲရစ္ဆင္နဲ႔ အလဲအထပ္ျဖစ္လာခဲ့ရင္လည္း မထူးဆန္းပါဘူး။

(၁) အက္ဒီဆင္ကာဗာနီ

ေဘာလံုးေလာကရဲ႕ဗန္ပိုင္းယားလို႔တင္စားရမယ့္ ပီအက္စ္ဂ်ီတိုက္စစ္သမား ကာဗာနီဟာ အသက္(၃၂)ႏွစ္ရွိျပီျဖစ္ေပမဲ့ ၾကံ့ခိုင္မႈကေတာ့ ေဒါင္ေဒါင္မည္ဆဲျဖစ္ျပီး ဂိုးေတြလည္း တဒိုင္ဒိုင္းသြင္းယူႏိုင္ဆဲပါ။
သူ႔ကို လိုအပ္ေနတာကေတာ့ လက္ရွိ ပရီးမီးယားလိဂ္မွာ အေျခမလွျဖစ္ေနတဲ့ မန္ယူႏိုက္တက္အသင္းပဲျဖစ္ျပီး၊ ေနမာနဲ႔ ဘာေပတို႔ေၾကာင့္္ ဒီဥရုေဂြးသားၾကီးရဲ႕အေျပာင္းအေရႊ႕ကလည္း လႈပ္ခက္ေနလို႔ ဇလာတန္အီဗရာဟီမိုဗစ္ တုန္းကလို အေျပာင္းအေရႊ႕မ်ိဳး တစ္ဖန္ျပန္ျဖစ္လာဖို႔ ရာခိုင္ႏႈန္းမ်ားေနပါတယ္။

လူညိဳေခ်ာ@SportsGabar

unicode

ဇန်နဝါရီဈေးကွက်အတွင်းပရီးမီးယားလိဂ်ကိုရောက်လာနိုင်တဲ့ထိပ်တန်းကစားသမား(၅)ယောက်

ဥရောပဘောလုံးပြိုင်ပွဲကြီးေတွေရဲ့ရာသီဝက်ကျိုးချိန်ဖြစ်တဲ့ ဇန်နဝါရီကာလဟာဆိုရင် ဘောလုံးကလပ်တွေအနေနဲ့ ကစားသမားသစ်တွေကို အလုအယက်ခေါ်ယူလေ့ရှိတဲ့ကာလတစ်ခုဖြစ်ပါတယ်။ ခေါ်ယူခွင့်ရတဲ့ အချိန်သက်တမ်းကလည်း ရာသီကြိုမှာလို အချိန်အများကြီးမရတာကြောင့် အသင်းပြောင်းမယ့်ကစားသမားတွေဟာ မိမိတို့ရဲ့ဆုံးဖြတ်ချက်ကိုအလျင်အမြန်ချမှတ်ရပါတယ်။ ဒီကာလဟာ တိုတောင်းသလောက်ဘောလုံးပရိသတ်တွေ မထင်မှတ်ထားတဲ့ အပြောင်းအရွှေ့တွေလည်း မကြာခဏဖြစ်ပေါ်လေ့ရှိပါတယ်။

အခုဖော်ပြပေးမှာကတော့ ဇန်နဝါရီအပြောင်းအရွှေကာလအတွင်း ပရီးမီးယားလိဂ်ကို ပြောင်းရွှေ့ရောက်ရှိလာနိုင်တဲ့ ကမ္ဘာ့ထိပ်တန်း ကစားသမား(၅)ယောက်ပဲဖြစ်ပါတယ်။

(၅) အဲဗားဘီနီဂါ

ဆီဗီလာကွင်းလယ်လူ ဘီနီဂါကတော့ ပြီးခဲ့တဲ့ ဇန်နဝါရီတုန်းကလည်း အာဆင်နယ်ကိုရောက်ရှိဖို့ နီးစပ်ခဲ့ဖူးပါတယ်။ အာဆင်နယ်နည်းပြ အူနိုင်းအမ်မရီရဲ့စိတ်ကြိုက်ကစားသမားဖြစ်တဲ့ ဘီနီဂါရဲ့လက်ရှိတန်ကြေးက ပေါင်(၁၈)သန်းဖြစ်ပြီး၊ ဇန်နဝါရီဈေးကွက်အတွင်း လန်ဒန်မြေကို ရောက်လာနိုင်တဲ့သူအဖြစ် ခန့်မှန်းထားကြပါတယ်။

(၄) ဘိုဘက်ခရီဆိုမဲ

ပီအက်စ်ဂျီလူငယ်အသင်းကနေ ထွက်ပေါ်လာတဲ့ ဆိုမဲဟာ အသက်(၂၀)သာရှိသေးပြီး၊ ပြင်သစ်ကလပ် လိုင်လီမှာကစားနေပါတယ်။ ပေါင်(၃၅)သန်း တန်တဲ့ ဒီချာတိတ်ကို မန်စီးတီး အပါအဝင် အဲဗာတန်၊ ဝုတ်၊ လက်စတာ၊ စပါး အစရှိတဲ့ အသင်းတွေက မျက်စိကျနေတာကြောင့် ပရီးမီးယားလိဂ်ကို ရောက်လာနိုင်တဲ့စာရင်းထဲ သူလည်းပါလာတာပါ။

(၃) မာရီယိုဂေါ့ဇီ

ဂျာမနီအသင်း (၂၀၁၄)ကမ္ဘာ့ဖလားမှာ အာဂျင်တီးနားကို အနိုင်ရပြီး ဗိုလ်စွဲခဲ့စဉ်က တစ်လုံးတည်းသော အနိုင်ဂိုးကို ဂေါ့ဇီကသွင်းယူပေးခဲ့တာပါ။ ဥရောပဘောလုံးလောကမှာ သူ့ရဲ့ပုံရိပ်က မသေးလှပေမဲ့ ပုံမှန်ခြေစွမ်းကို မထိန်းနိုင်ခဲ့တာကြောင့် အခုတော့ ဂေါ့ဇီတစ်ယောက် ဒေါ့မွန်မှာ နေရာမရဖြစ်နေပါတယ်။ နွေရာသီကတည်းက ဂေါ့ဇီကို ချိတ်ဆက်နေတဲ့ အဲဗာတန်ဟာ ဒီအခြေအနေကို အခွင့်ကောင်းယူပြီး ပရီးမီးမီးယားလိဂ်ကို အရောက်ခေါ်ယူပါလိမ့်မယ်။

(၂) လုကာမိုဒရစ်

ဘောလွန်းဒီအော်ဆုကိုရယူနိုင်ခဲ့တဲ့ ဒီခရိုအေးရှားသားရဲ့ခြေစွမ်းအဆင့်အတန်းကိုတော့ အထူးပြောနေစရာလိုမယ်မထင်ပါဘူး။ ဒါပေမဲ့လည်း အသက်အရွယ်အရ အကျပိုင်းရောက်လာတဲ့ မိုဒရစ်ဟာ ယခုနှစ်မှာ ရီးရဲလ်အတွက် ထင်သလောက် မစွမ်းဆောင်ထားနိုင်ခဲ့တာကြောင့် နည်းပြ ဇီဒန်းရဲ့ယုံကြည်မှုနဲ့လည်း ဝေးနေပါတယ်။ အသင်းဟောင်းဖြစ်တဲ့ ပရီးမီးယားလိဂ်ကလပ် စပါးကလည်း သူ့ကိုခေါ်ယူဖို့ စိတ်ဝင်စားမှုရှိနေသလို အဲရစ်ဆင်နဲ့ အလဲအထပ်ဖြစ်လာခဲ့ရင်လည်း မထူးဆန်းပါဘူး။

(၁) အက်ဒီဆင်ကာဗာနီ

ဘောလုံးလောကရဲ့ဗန်ပိုင်းယားလို့တင်စားရမယ့် ပီအက်စ်ဂျီတိုက်စစ်သမား ကာဗာနီဟာ အသက်(၃၂)နှစ်ရှိပြီဖြစ်ပေမဲ့ ကြံ့ခိုင်မှုကတော့ ဒေါင်ဒေါင်မည်ဆဲဖြစ်ပြီး ဂိုးတွေလည်း တဒိုင်ဒိုင်းသွင်းယူနိုင်ဆဲပါ။
သူ့ကို လိုအပ်နေတာကတော့ လက်ရှိ ပရီးမီးယားလိဂ်မှာ အခြေမလှဖြစ်နေတဲ့ မန်ယူနိုက်တက်အသင်းပဲဖြစ်ပြီး၊ နေမာနဲ့ ဘာပေတို့ကြောင့်် ဒီဥရုဂွေးသားကြီးရဲ့အပြောင်းအရွှေ့ကလည်း လှုပ်ခက်နေလို့ ဇလာတန်အီဗရာဟီမိုဗစ် တုန်းကလို အပြောင်းအရွှေ့မျိုး တစ်ဖန်ပြန်ဖြစ်လာဖို့ ရာခိုင်နှုန်းများနေပါတယ်။

လူညိုချော@SportsGabar