ေဘာလံုးသမိုင္းမွာဂိုး(၇၀၀)ျပည့္တဲ့(၆)ေယာက္ေျမာက္ေဘာလံုးသမားျဖစ္လာတဲ့ေရာ္နယ္ဒို

မေန႔ညက ယွဥ္ျပိဳင္ကစားခဲ့ၾကတဲ့ ေပၚတူဂီအသင္းနဲ႔ယူကရိန္းတို႔ရဲ႕ ယူရိုေျခစစ္ပြဲမွာ ဥေရာပခ်န္ပီယံ ေပၚတူဂီဟာ ယူကရိန္းကို (၂)ဂိုး (၁)ဂိုးနဲ႔ ရံႈးနိမ့္သြားခဲ့ပါတယ္။ ဒါေပမဲ့လည္း ေပၚတူဂီစတား ေရာ္နယ္ဒိုကေတာ့ လက္ဖ်ားခါေလာက္စရာ တစ္ဦးခ်င္းစံခ်ိန္တစ္ခုကို ထပ္မံရရွိခဲ့ပါတယ္။

ေရာ္နယ္ဒိုဟာ ပြဲကစားခ်ိန္(၇၂)မိနစ္မွာ ယူကရိန္းဘက္ကို ပင္နယ္တီကတစ္ဆင့္ ေျခပဂိုးတစ္ဂိုးသြင္းယူခဲ့ျပီးေနာက္ ကစားသမားဘဝတစ္ေလွ်ာက္ ဂိုးေပါင္း (၇၀၀)ျပည့္ေျမာက္သြားခဲ့တာလည္းျဖစ္ပါတယ္။ ဒါေၾကာင့္ ေရာ္နယ္ဒိုဟာ ကမာၻ႕ေဘာလံုးသမိုင္းမွာဆိုရင္ လက္ခ်ိဳးေရလို႔ရတဲ့ ဂိုး(၇၀၀)ျပည့္ ကစားသမားအနည္းစုထဲမွာ ေျခာက္ဦးေျမာက္ ျဖစ္လာခဲ့တာပါ။ အသက္(၃၄)ႏွစ္အရြယ္ရွိျပီျဖစ္တဲ့ ေဘာလြန္းဒီေအာ္ (၅)ဆုပိုင္ရွင္ဟာ ကလပ္အသင္းနဲ႔ႏိုင္ငံအတြက္ ပြဲေပါင္း(၉၇၃)ပြဲမွာ အခုလို စံခ်ိန္တင္ သြင္းဂိုးအေရအတြက္ကို သြင္းယူႏိုင္ခဲ့တာျဖစ္ပါတယ္။

ေရာ္နယ္ဒိုရဲ႕အရင္ ဂိုး(၇၀၀)နဲ႔အထက္ သြင္းယူထားႏိုင္တဲ့ ဂႏၳဝင္ကစားသမားၾကီးေတြကေတာ့ ခ်က္-ၾသစေၾတးလ်ကျပား ဂ်ိဳးဆက္ဘီကမ္ (၈၀၅)ဂိုး၊ ဘရာဇီးလ္ေဘာလံုးသူရဲေကာင္းေတြျဖစ္တဲ့ ရိုမာရီယို (၇၇၂)ဂိုး နဲ႔ ပီလီ(၇၆၇)ဂိုး၊ ဟန္ေဂရီသူရဲေကာင္း ဖီးရန္႔ပြတ္ရွ္ကပ္ (၇၄၆)ဂိုး နဲ႔ ဂ်ာမနီတိုက္စစ္ဘီလူးၾကီး ဂတ္မူလာ(၇၃၅)ဂိုး တို႔ပဲျဖစ္ပါတယ္။ ေရာ္နယ္ဒိုရဲ႕တစ္ဦးတည္းေသာေခတ္ေပၚျပိဳင္ဘက္ျဖစ္တဲ့ လီယြန္နယ္မက္ဆီကေတာ့ အာဂ်င္တီးနားအသင္းနဲ႔ ဘာစီလိုနာအသင္းတို႔အတြက္ ဂိုးေပါင္း (၆၇၂)ဂိုး သြင္းယူေပးထားျပီးျဖစ္ပါတယ္။

ဒါေၾကာင့္ မက္ဆီဟာ ေရာ္နယ္ဒိုရဲ႕စံခ်ိန္ကို လိုက္မီႏိုင္မယ့္ ေနာက္ထပ္ကစားသမားအျဖစ္ အနီးကပ္ဆံုးအေျခအေနမွာရွိေနတာျဖစ္ပါတယ္။ ေရာ္နယ္ဒိုဟာ ႏိုင္ငံအသင္းအတြက္ဂိုးအမ်ားဆံုး သြင္းယူထားတဲ့ ကစားသမားေတြထဲမွာ ဒုတိယေျမာက္ကစားသမားျဖစ္ျပီး၊ သူ႔အထက္မွာေတာ့ (၁၀၉)ဂိုးသြင္းယူထားတဲ့ အီရန္ကစားသမား အလီဒါအီတစ္ဦးတည္းသာ ရွိေနပါတယ္။ လက္ရွိမွာ ေရာ္နယ္ဒိုအေနနဲ႔ ေပၚတူဂီအတြက္ (၉၅)သြင္းယူထားျပီးျဖစ္လို႔ အလီဒါအီရဲ႕စံခ်ိန္ကို ခ်ိဳးျဖတ္ႏိုင္ဖို႔ ေနာက္ထပ္(၁၅)ဂိုးသာ လိုေတာ့တာလည္းျဖစ္ပါတယ္။

ေရာ္နယ္ဒိုဟာ ဒီလိုစံခ်ိန္ေကာင္းေတြကို ပိုင္ဆိုင္ခဲ့ေပမဲ့လည္း ေပၚတူဂီအသင္းကေတာ့ ယူကရိန္းကို ရံႈးနိမ့္ခဲ့အျပီး ရမွတ္(၁၁)မွတ္သာ ရရွိထားတာေၾကာင့္ ယူရိုေျခစစ္ပြဲေအာင္ဖို႔ ရုန္းကန္ရဦးမွာျဖစ္သလို တတိယေနရာက ဆားဘီးယားအသင္းကလည္း (၁)မွတ္ကြာအေနအထားကေန ေရာ္နယ္ဒိုရဲ႕ေပၚတူဂီကို ေတာက္ေလွ်ာက္ဖိအားေပးေနပါတယ္။

လူညိဳေခ်ာ@SportsGabar

unicode

ဘောလုံးသမိုင်းမှာ ဂိုး(၇၀၀)ပြည့်တဲ့(၆)ယောက်မြောက်ဘောလုံးသမားဖြစ်လာတဲ့ရော်နယ်ဒို

မနေ့ညက ယှဉ်ပြိုင်ကစားခဲ့ကြတဲ့ ပေါ်တူဂီအသင်းနဲ့ယူကရိန်းတို့ရဲ့ ယူရိုခြေစစ်ပွဲမှာ ဥရောပချန်ပီယံ ပေါ်တူဂီဟာ ယူကရိန်းကို (၂)ဂိုး (၁)ဂိုးနဲ့ ရှုံးနိမ့်သွားခဲ့ပါတယ်။ ဒါပေမဲ့လည်း ပေါ်တူဂီစတား ရော်နယ်ဒိုကတော့ လက်ဖျားခါလောက်စရာ တစ်ဦးချင်းစံချိန်တစ်ခုကို ထပ်မံရရှိခဲ့ပါတယ်။

ရော်နယ်ဒိုဟာ ပွဲကစားချိန်(၇၂)မိနစ်မှာ ယူကရိန်းဘက်ကို ပင်နယ်တီကတစ်ဆင့် ခြေပဂိုးတစ်ဂိုးသွင်းယူခဲ့ပြီးနောက် ကစားသမားဘဝတစ်လျှောက် ဂိုးပေါင်း (၇၀၀)ပြည့်မြောက်သွားခဲ့တာလည်းဖြစ်ပါတယ်။ ဒါကြောင့် ရော်နယ်ဒိုဟာ ကမ္ဘာ့ဘောလုံးသမိုင်းမှာဆိုရင် လက်ချိုးရေလို့ရတဲ့ ဂိုး(၇၀၀)ပြည့် ကစားသမားအနည်းစုထဲမှာ ခြောက်ဦးမြောက် ဖြစ်လာခဲ့တာပါ။ အသက်(၃၄)နှစ်အရွယ်ရှိပြီဖြစ်တဲ့ ဘောလွန်းဒီအော် (၅)ဆုပိုင်ရှင်ဟာ ကလပ်အသင်းနဲ့နိုင်ငံအတွက် ပွဲပေါင်း(၉၇၃)ပွဲမှာ အခုလို စံချိန်တင် သွင်းဂိုးအရေအတွက်ကို သွင်းယူနိုင်ခဲ့တာဖြစ်ပါတယ်။

ရော်နယ်ဒိုရဲ့အရင် ဂိုး(၇၀၀)နဲ့အထက် သွင်းယူထားနိုင်တဲ့ ဂန္ထဝင်ကစားသမားကြီးတွေကတော့ ချက်-သြစတြေးလျကပြား ဂျိုးဆက်ဘီကမ် (၈၀၅)ဂိုး၊ ဘရာဇီးလ်ဘောလုံးသူရဲကောင်းတွေဖြစ်တဲ့ ရိုမာရီယို (၇၇၂)ဂိုး နဲ့ ပီလီ(၇၆၇)ဂိုး၊ ဟန်ဂေရီသူရဲကောင်း ဖီးရန့်ပွတ်ရှ်ကပ် (၇၄၆)ဂိုး နဲ့ ဂျာမနီတိုက်စစ်ဘီလူးကြီး ဂတ်မူလာ(၇၃၅)ဂိုး တို့ပဲဖြစ်ပါတယ်။ ရော်နယ်ဒိုရဲ့တစ်ဦးတည်းသောခေတ်ပေါ်ပြိုင်ဘက်ဖြစ်တဲ့ လီယွန်နယ်မက်ဆီကတော့ အာဂျင်တီးနားအသင်းနဲ့ ဘာစီလိုနာအသင်းတို့အတွက် ဂိုးပေါင်း (၆၇၂)ဂိုး သွင်းယူပေးထားပြီးဖြစ်ပါတယ်။

ဒါကြောင့် မက်ဆီဟာ ရော်နယ်ဒိုရဲ့စံချိန်ကို လိုက်မီနိုင်မယ့် နောက်ထပ်ကစားသမားအဖြစ် အနီးကပ်ဆုံးအခြေအနေမှာရှိနေတာဖြစ်ပါတယ်။ ရော်နယ်ဒိုဟာ နိုင်ငံအသင်းအတွက်ဂိုးအများဆုံး သွင်းယူထားတဲ့ ကစားသမားတွေထဲမှာ ဒုတိယမြောက်ကစားသမားဖြစ်ပြီး၊ သူ့အထက်မှာတော့ (၁၀၉)ဂိုးသွင်းယူထားတဲ့ အီရန်ကစားသမား အလီဒါအီတစ်ဦးတည်းသာ ရှိနေပါတယ်။ လက်ရှိမှာ ရော်နယ်ဒိုအနေနဲ့ ပေါ်တူဂီအတွက် (၉၅)သွင်းယူထားပြီးဖြစ်လို့ အလီဒါအီရဲ့စံချိန်ကို ချိုးဖြတ်နိုင်ဖို့ နောက်ထပ်(၁၅)ဂိုးသာ လိုတော့တာလည်းဖြစ်ပါတယ်။

ရော်နယ်ဒိုဟာ ဒီလိုစံချိန်ကောင်းတွေကို ပိုင်ဆိုင်ခဲ့ပေမဲ့လည်း ပေါ်တူဂီအသင်းကတော့ ယူကရိန်းကို ရှုံးနိမ့်ခဲ့အပြီး ရမှတ်(၁၁)မှတ်သာ ရရှိထားတာကြောင့် ယူရိုခြေစစ်ပွဲအောင်ဖို့ ရုန်းကန်ရဦးမှာဖြစ်သလို တတိယနေရာက ဆားဘီးယားအသင်းကလည်း (၁)မှတ်ကွာအနေအထားကနေ ရော်နယ်ဒိုရဲ့ပေါ်တူဂီကို တောက်လျှောက်ဖိအားပေးနေပါတယ်။

လူညိုချော@SportsGabar