ဘာစီလိုနာကေန ထြက္ခြာဖို႔ မက္ဆီ ဘာေၾကာင့္ ဆံုးျဖတ္ခဲ့ဖူးတာလဲ?

BARCELONA, SPAIN - AUGUST 04: Lionel Messi of FC Barcelona waves to the crowd prior to the Joan Gamper trophy friendly match at Nou Camp on August 04, 2019 in Barcelona, Spain. (Photo by David Ramos/Getty Images)

လီယြန္နယ္မက္ဆီဆိုတဲ့ အသံၾကားလိုက္တာနဲ႔ ဒီဘဲၾကီးကို ဘာစီလိုနာအသင္းလိုဂိုနဲ႔ တြဲျမင္မိၾကမွာ အမွန္ပါပဲ။ ဘာေၾကာင့္လဲဆိုေတာ့ မက္ဆီဟာ ဘာစီလိုနာမွာပဲ ၾကီးျပင္းခဲ့တဲ့ ငယ္ေမြးျခံေပါက္ကစားသမားျဖစ္သလို၊ သူ႕ရဲ႕အေတာက္ပဆံုးေျခစြမ္းေတြဟာလည္း ဘာစီလိုနာနဲ႔သာ အလိုက္ဖက္ဆံုးျဖစ္ေနတဲ့အတြက္ပါ။

ဘာစီလိုနာဟာ မက္ဆီ၊ မက္ဆီဟာ ဘာစီလိုနာပါပဲ။ မိခင္ႏိုင္ငံျဖစ္တဲ့ အာဂ်င္တီးနားအသင္းမွာေတာင္ ဘာစီလိုနာမွာေလာက္ ေျခစြမ္းျပသႏိုင္ျခင္းမရွိခဲ့သလို ဘာစီလိုနာမဟုတ္တဲ့ အျခားေနရာမွာ မက္ဆီရဲ႕ ေအာင္ျမင္မႈမွတ္တမ္းဆိုတာဟာလည္း ရွာရခက္ၾကီးပါ။ ဘာစီလိုနာနဲ႔မက္ဆီကို ခြဲျခားျမင္ဖို႔ခက္သလို အကယ္လို႔ မက္ဆီသာ အျခားအသင္းတစ္သင္းကို ေျပာင္းေရႊ႕သြားခဲ့မယ္ဆိုရင္ ဒါဟာ အားလံုးအတြက္ ပါးစပ္အေဟာင္းသားျဖစ္သြားႏိုင္ေလာက္တဲ့ ကိစၥတစ္ခုလည္းျဖစ္လာမွာပါ။

ဒါေပမဲ့ လြန္ခဲ့တဲ့(၂၀၁၃)ခုႏွစ္တုန္းက ဒီျဖစ္ရပ္ျဖစ္ပြားဖို႔ နီးစပ္ခဲ့ဖူးျပီး၊ ေဘာလံုးပါရမီရွင္ မက္ဆီဟာ ဘာစီလိုနာကိုစြန္႔ခြာဖို႔ ဆံုးျဖတ္ခဲ့ဖူးတယ္လို႔ ဝန္ခံလိုက္ပါတယ္။ မက္ဆီက-

“ရိုးရိုးသားသားဝန္ခံရရင္၊ အဲဒီအခ်ိန္တုန္းက ကြ်န္ေတာ္ ဘာကာ ကေနထြက္ခြာဖို႔ စဥ္းစားခဲ့ဖူူးပါတယ္” ” ဒီလိုေတြးခဲ့တာဟာ ဘာစီလိုနာေၾကာင့္မဟုတ္ဘဲ စပိန္မွာ အခ်ိန္အၾကာၾကီးမေနလိုတဲ့အတြက္ေၾကာင့္သာျဖစ္ပါတယ္၊ ကြ်န္ေတာ္ေျပာင္းခ်င္တဲ့ ကလပ္အခ်ိဳ႕လည္းရွိခဲ့ေပမဲ့ သူတို႔ဘက္က တရားဝင္ကမ္းလွမ္းမႈမ်ိဳးေတာ့ မရရွိခဲ့ပါဘူး” လို႔ ေျပာခဲ့ပါတယ္။

မက္ဆီဟာ အသက္(၁၃)ႏွစ္အရြယ္မွာ ဘာစီလိုနာရဲ႕လာမာစီယာအကယ္ဒမီကိုေရာက္ရွိလာခဲ့သူျဖစ္ျပီး၊ (၁၆)ႏွစ္အရြယ္မွာေတာ့ ဘာစီလိုနာအသင္းၾကီးနဲ႔အတူ စတင္ပြဲထြက္ႏိုင္ခဲ့ပါတယ္။ ဘာစီလိုနာအတြက္ ဂိုးေပါင္း(၆၀၀)ေက်ာ္သြင္းေပးထားျပီး၊ ဇာဗီ ျပီးလို႔ရွိရင္ ဘာစီလိုနာအတြက္ ပြဲအမ်ားဆံုးကစားထားသူလည္းျဖစ္ပါတယ္။ ဆက္လက္ျပီး မက္ဆီက-

” ကြ်န္ေတာ့္စိတ္ကူးကေတာ့ ဒီမွာ ႏွစ္ေတြအၾကာၾကီးရွိေနခ်င္ပါေသးတယ္၊ ကြ်န္ေတာ္ကိုယ္တိုင္ေရာ ကြ်န္ေတာ့္မိသားစုပါ ဘာစီလိုနာမွာ အရမ္းေပ်ာ္ေနၾကတာလည္းပါတာေပါ့၊ ဒါေၾကာင့္ ကြ်န္ေတာ့္ရဲ႕ကစားသမားဘဝကိုလည္း ဘာကာမွာပဲ အဆံုးသတ္ခ်င္ပါတယ္ ” လို႔ ထုတ္ေဖာ္ေျပာၾကားသြားခဲ့ပါတယ္။

လူညိဳေခ်ာ@SportsGabar

Unicode

ဘာစီလိုနာကနေ ထွက်ခွာဖို့ မက်ဆီ ဘာကြောင့် ဆုံးဖြတ်ခဲ့ဖူးတာလဲ?

လီယွန်နယ်မက်ဆီဆိုတဲ့ အသံကြားလိုက်တာနဲ့ ဒီဘဲကြီးကို ဘာစီလိုနာအသင်းလိုဂိုနဲ့ တွဲမြင်မိကြမှာ အမှန်ပါပဲ။ ဘာကြောင့်လဲဆိုတော့ မက်ဆီဟာ ဘာစီလိုနာမှာပဲ ကြီးပြင်းခဲ့တဲ့ ငယ်မွေးခြံပေါက်ကစားသမားဖြစ်သလို၊ သူ့ရဲ့အတောက်ပဆုံးခြေစွမ်းတွေဟာလည်း ဘာစီလိုနာနဲ့သာ အလိုက်ဖက်ဆုံးဖြစ်နေတဲ့အတွက်ပါ။

ဘာစီလိုနာဟာ မက်ဆီ၊ မက်ဆီဟာ ဘာစီလိုနာပါပဲ။ မိခင်နိုင်ငံဖြစ်တဲ့ အာဂျင်တီးနားအသင်းမှာတောင် ဘာစီလိုနာမှာလောက် ခြေစွမ်းပြသနိုင်ခြင်းမရှိခဲ့သလို ဘာစီလိုနာမဟုတ်တဲ့ အခြားနေရာမှာ မက်ဆီရဲ့ အောင်မြင်မှုမှတ်တမ်းဆိုတာဟာလည်း ရှာရခက်ကြီးပါ။ ဘာစီလိုနာနဲ့မက်ဆီကို ခွဲခြားမြင်ဖို့ခက်သလို အကယ်လို့ မက်ဆီသာ အခြားအသင်းတစ်သင်းကို ပြောင်းရွှေ့သွားခဲ့မယ်ဆိုရင် ဒါဟာ အားလုံးအတွက် ပါးစပ်အဟောင်းသားဖြစ်သွားနိုင်လောက်တဲ့ ကိစ္စတစ်ခုလည်းဖြစ်လာမှာပါ။

ဒါပေမဲ့ လွန်ခဲ့တဲ့(၂၀၁၃)ခုနှစ်တုန်းက ဒီဖြစ်ရပ်ဖြစ်ပွားဖို့ နီးစပ်ခဲ့ဖူးပြီး၊ ဘောလုံးပါရမီရှင် မက်ဆီဟာ ဘာစီလိုနာကိုစွန့်ခွာဖို့ ဆုံးဖြတ်ခဲ့ဖူးတယ်လို့ ဝန်ခံလိုက်ပါတယ်။ မက်ဆီက-

“ရိုးရိုးသားသားဝန်ခံရရင်၊ အဲဒီအချိန်တုန်းက ကျွန်တော် ဘာကာ ကနေထွက်ခွာဖို့ စဉ်းစားခဲ့ဖူူးပါတယ်” ” ဒီလိုတွေးခဲ့တာဟာ ဘာစီလိုနာကြောင့်မဟုတ်ဘဲ စပိန်မှာ အချိန်အကြာကြီးမနေလိုတဲ့အတွက်ကြောင့်သာဖြစ်ပါတယ်၊ ကျွန်တော်ပြောင်းချင်တဲ့ ကလပ်အချို့လည်းရှိခဲ့ပေမဲ့ သူတို့ဘက်က တရားဝင်ကမ်းလှမ်းမှုမျိုးတော့ မရရှိခဲ့ပါဘူး” လို့ ပြောခဲ့ပါတယ်။

မက်ဆီဟာ အသက်(၁၃)နှစ်အရွယ်မှာ ဘာစီလိုနာရဲ့လာမာစီယာအကယ်ဒမီကိုရောက်ရှိလာခဲ့သူဖြစ်ပြီး၊ (၁၆)နှစ်အရွယ်မှာတော့ ဘာစီလိုနာအသင်းကြီးနဲ့အတူ စတင်ပွဲထွက်နိုင်ခဲ့ပါတယ်။ ဘာစီလိုနာအတွက် ဂိုးပေါင်း(၆၀၀)ကျော်သွင်းပေးထားပြီး၊ ဇာဗီ ပြီးလို့ရှိရင် ဘာစီလိုနာအတွက် ပွဲအများဆုံးကစားထားသူလည်းဖြစ်ပါတယ်။ ဆက်လက်ပြီး မက်ဆီက-

” ကျွန်တော့်စိတ်ကူးကတော့ ဒီမှာ နှစ်တွေအကြာကြီးရှိနေချင်ပါသေးတယ်၊ ကျွန်တော်ကိုယ်တိုင်ရော ကျွန်တော့်မိသားစုပါ ဘာစီလိုနာမှာ အရမ်းပျော်နေကြတာလည်းပါတာပေါ့၊ ဒါကြောင့် ကျွန်တော့်ရဲ့ကစားသမားဘဝကိုလည်း ဘာကာမှာပဲ အဆုံးသတ်ချင်ပါတယ် ” လို့ ထုတ်ဖော်ပြောကြားသွားခဲ့ပါတယ်။

လူညိုချော@SportsGabar