ကာဂ်စၥတန္ကို ႏိုင္ပါ့မလား ျမန္မာ???

ဒီေန႔ည ျမန္မာစံေတာ္ခ်ိန္(၉)နာရီတိတိမွာ ကာဂ်စၥတန္အသင္းနဲ႔ျမန္မာအသင္းတို႔ကစားၾကမယ့္ (၂၀၂၂) ကမာၻဖလားေျခစစ္ပြဲရွိတယ္။ လက္ရွိအခ်ိန္မွာေတာ့ ႏွစ္သင္းစလံုးဟာ ဘဝတူေတြျဖစ္ေနျပီး ႏိုင္ပြဲမရရွိၾကေသးဘဲ အုပ္စု ေအာက္ဆံုးမွာ ရပ္တည္ေနၾကပါတယ္။

တာဂ်စ္ကစၥတန္၊ မြန္ဂိုလီးယား၊ ကာဂ်စၥတန္၊ ဂ်ပန္ နဲ႔ ျမန္မာတို႔ပါဝင္တဲ့ အုပ္စု(F)မွာ တာဂ်စ္ကစၥတန္ အသင္းက (၂)ပြဲကစား၊ (၂)ပြဲးလံုးအႏိုင္ရရွိထားျပီး အုပ္စုထိပ္ဆံုးမွာ ရွိေနပါတယ္။ အာရွထိပ္သီး ဂ်ပန္ကေတာ့ ျမန္မာအသင္းနဲ႔ပြဲစဥ္တစ္ပြဲသာ ကစားထားရေသးျပီး ရမွတ္(၃)မွတ္နဲ႔ အုပ္စု ဒုတိယေနရာမွာ ရပ္တည္ေနတာပါ။ အားလံုးသိၾကတဲ့အတိုင္းပဲ ျမန္မာအသင္းကေတာ့ (၂)ပြဲကစားျပီးခ်ိန္မွာ ႏိုင္ပြဲမရရွိထားသလို၊ ရဂိုးလည္း တစ္ဂိုးမွ မရွိတဲ့အတြက္ အုပ္စုေအာက္ေျခမွာ ျပားျပားဝပ္ေနပါတယ္။

ကာဂ်စၥတန္ကေတာ့(၁)ပြဲသာကစားထားရေသးျပီး ရံႈးနိမ့္ခဲ့တာေၾကာင့္ ျမန္မာရဲ႕အထက္ မွာရပ္တည္ေနတာျဖစ္ပါတယ္။ ေျပာရမယ္ဆိုရင္ေတာ့ ျမန္မာအသင္းအတြက္က ႏိုင္ပြဲရဖို႔ ပိုမို အေရးၾကီးေနျပီး ရံႈးနိမ့္ခဲ့မယ္ဆိုရင္ေတာ့ ဖိအားေတြေအာက္ကို က်ေရာက္သြားဖို႔ရွိေနပါတယ္။ ခက္တာက လက္ရွိျမန္မာအသင္းရဲ႕လူစာရင္းဟာ ကာဂ်စၥတန္အသင္းကို အႏိုင္ရဖို႔ ေတာင့္တင္းတဲ့အေနအထားမွာ ရွိမေနတာပါပဲ။

အားကိုးရတဲ့တိုက္စစ္မွဴး ေက်ာ္ကိုကိုနဲ႔ေမာင္ေမာင္လြင္တို႔ ဒဏ္ရာအေျခအေနေတြေၾကာင့္ လြဲေခ်ာ္မွာျဖစ္သလို အဓိက ကစားသမားေအာင္သူကလည္း အကင္းမေသေသးတဲ့ ဒဏ္ရာနဲ႔ ကစားရမွာပါ။ ဒါေၾကာင့္ ျမန္မာအသင္းရဲ႕အေနအထားက မြန္ဂိုလီးယားနဲ႔ပြဲတုန္းကေလာက္ေတာင္ အေျခအေနမဟန္တဲ့ ကိန္းဆိုက္ေနပါတယ္။ ဒါ့အျပင္ ကစားရမွာကလည္း ကာဂ်စၥတန္ႏိုင္ငံ ဘစ္ရွ္ကပ္ ျမိဳ႕မွာဆိုေတာ့ ျပိဳင္ဘက္အသင္းအေနနဲ႔ အိမ္ရွင္ပရိသတ္ေ့ရွေမွာက္မွာ အႏိုင္ကစားဖို႔ကိုပဲ အားထုတ္လာမွာေသခ်ာပါတယ္။

ျမန္မာနည္းျပၾကီး မီယိုဒရက္ ကေတာ့ ကာဂ်စၥတန္နဲ႔ပြဲမွာ တိုက္စစ္ဖြင့္ကစားသြားမယ္လို႔ေျပာၾကားထားေပမဲ့ တကယ္တမ္းက်ေတာ့ ေအာင္သူတစ္ဦးတည္းကိုသာ အားကိုးေနရတဲ့ အစုအဖြဲ႔နဲ႔ ျမန္မာရဲ႕တိုက္စစ္ အလုပ္ျဖစ္ပါ့မလားဆိုတာ စိုးရိမ္စရာေကာင္းေနတာေတာ့အမွန္ပါ။ ဒါေပမဲ့ ေျခစြမ္းပိုင္းအရေတာ့ ျမန္မာဟာ ကာဂ်စၥတန္နဲ႔ ကြာဟမႈသိပ္မရွိသလို အႏိုင္ကန္မယ္ဆိုရင္လည္း မျဖစ္ႏိုင္စရာအေၾကာင္းေတာ့မရွိပါဘူး။ အဓိက စကားေျပာသြားမွာက နည္းျပၾကီး မီယိုဂရက္ရဲ႕နည္းဗ်ဴဟာျဖစ္ျပီး ျမန္မာကစားသမားေတြရဲ႕ႏိုင္လိုစိတ္ျပင္းျပမႈကလည္း ပြဲရဲ႕အေျဖျဖစ္သြားႏိုင္ပါတယ္။

လူညိဳေခ်ာ@SportsGabar

Unicode
ကာဂျစ္စတန်ကို နိုင်ပါ့မလား မြန်မာ???

ဒီနေ့ည မြန်မာစံတော်ချိန်(၉)နာရီတိတိမှာ ကာဂျစ္စတန်အသင်းနဲ့မြန်မာအသင်းတို့ကစားကြမယ့် (၂၀၂၂) ကမ္ဘာဖလားခြေစစ်ပွဲရှိတယ်။ လက်ရှိအချိန်မှာတော့ နှစ်သင်းစလုံးဟာ ဘဝတူတွေဖြစ်နေပြီး နိုင်ပွဲမရရှိကြသေးဘဲ အုပ်စု အောက်ဆုံးမှာ ရပ်တည်နေကြပါတယ်။

တာဂျစ်ကစ္စတန်၊ မွန်ဂိုလီးယား၊ ကာဂျစ္စတန်၊ ဂျပန် နဲ့ မြန်မာတို့ပါဝင်တဲ့ အုပ်စု(F)မှာ တာဂျစ်ကစ္စတန် အသင်းက (၂)ပွဲကစား၊ (၂)ပွဲးလုံးအနိုင်ရရှိထားပြီး အုပ်စုထိပ်ဆုံးမှာ ရှိနေပါတယ်။ အာရှထိပ်သီး ဂျပန်ကတော့ မြန်မာအသင်းနဲ့ပွဲစဉ်တစ်ပွဲသာ ကစားထားရသေးပြီး ရမှတ်(၃)မှတ်နဲ့ အုပ်စု ဒုတိယနေရာမှာ ရပ်တည်နေတာပါ။ အားလုံးသိကြတဲ့အတိုင်းပဲ မြန်မာအသင်းကတော့ (၂)ပွဲကစားပြီးချိန်မှာ နိုင်ပွဲမရရှိထားသလို၊ ရဂိုးလည်း တစ်ဂိုးမှ မရှိတဲ့အတွက် အုပ်စုအောက်ခြေမှာ ပြားပြားဝပ်နေပါတယ်။

ကာဂျစ္စတန်ကတော့(၁)ပွဲသာကစားထားရသေးပြီး ရှုံးနိမ့်ခဲ့တာကြောင့် မြန်မာရဲ့အထက် မှာရပ်တည်နေတာဖြစ်ပါတယ်။ ပြောရမယ်ဆိုရင်တော့ မြန်မာအသင်းအတွက်က နိုင်ပွဲရဖို့ ပိုမို အရေးကြီးနေပြီး ရှုံးနိမ့်ခဲ့မယ်ဆိုရင်တော့ ဖိအားတွေအောက်ကို ကျရောက်သွားဖို့ရှိနေပါတယ်။ ခက်တာက လက်ရှိမြန်မာအသင်းရဲ့လူစာရင်းဟာ ကာဂျစ္စတန်အသင်းကို အနိုင်ရဖို့ တောင့်တင်းတဲ့အနေအထားမှာ ရှိမနေတာပါပဲ။

အားကိုးရတဲ့တိုက်စစ်မှူး ကျော်ကိုကိုနဲ့မောင်မောင်လွင်တို့ ဒဏ်ရာအခြေအနေတွေကြောင့် လွဲချော်မှာဖြစ်သလို အဓိက ကစားသမားအောင်သူကလည်း အကင်းမသေသေးတဲ့ ဒဏ်ရာနဲ့ ကစားရမှာပါ။ ဒါကြောင့် မြန်မာအသင်းရဲ့အနေအထားက မွန်ဂိုလီးယားနဲ့ပွဲတုန်းကလောက်တောင် အခြေအနေမဟန်တဲ့ ကိန်းဆိုက်နေပါတယ်။ ဒါ့အပြင် ကစားရမှာကလည်း ကာဂျစ္စတန်နိုင်ငံ ဘစ်ရှ်ကပ် မြို့မှာဆိုတော့ ပြိုင်ဘက်အသင်းအနေနဲ့ အိမ်ရှင်ပရိသတ်ေ့ရှမှောက်မှာ အနိုင်ကစားဖို့ကိုပဲ အားထုတ်လာမှာသေချာပါတယ်။

မြန်မာနည်းပြကြီး မီယိုဒရက် ကတော့ ကာဂျစ္စတန်နဲ့ပွဲမှာ တိုက်စစ်ဖွင့်ကစားသွားမယ်လို့ပြောကြားထားပေမဲ့ တကယ်တမ်းကျတော့ အောင်သူတစ်ဦးတည်းကိုသာ အားကိုးနေရတဲ့ အစုအဖွဲ့နဲ့ မြန်မာရဲ့တိုက်စစ် အလုပ်ဖြစ်ပါ့မလားဆိုတာ စိုးရိမ်စရာကောင်းနေတာတော့အမှန်ပါ။ ဒါပေမဲ့ ခြေစွမ်းပိုင်းအရတော့ မြန်မာဟာ ကာဂျစ္စတန်နဲ့ ကွာဟမှုသိပ်မရှိသလို အနိုင်ကန်မယ်ဆိုရင်လည်း မဖြစ်နိုင်စရာအကြောင်းတော့မရှိပါဘူး။ အဓိက စကားပြောသွားမှာက နည်းပြကြီး မီယိုဂရက်ရဲ့နည်းဗျူဟာဖြစ်ပြီး မြန်မာကစားသမားတွေရဲ့နိုင်လိုစိတ်ပြင်းပြမှုကလည်း ပွဲရဲ့အဖြေဖြစ်သွားနိုင်ပါတယ်။

လူညိုချော@SportsGabar