တန္းဆင္းဇုန္တိုက္ပြဲမွာဖ်ာဝင္ခင္းေနတဲ့ ယူႏိုက္တက္တို႔ ဘာေတြမွားေနလဲ???

ပရီးမီးယားလိဂ္(၈)ပြဲကစားျပီးခ်ိန္မွာပဲ ၾကီး(၆)ၾကီးျဖစ္တဲ့ လီဗာပူးလ္၊ ခ်ဲလ္ဆီး၊ အာဆင္နယ္၊ မန္စီးတီး၊ စပါး နဲ႔ မန္ယူႏိုက္တက္ အသင္းေတြၾကားမွာ ရမွတ္ကြာဟခ်က္ေတြကလည္း မထင္မွတ္ေလာက္ေအာင္ ၾကီးမားလာခဲ့ပါတယ္။

အဆင့္(၂)ကေန (၅)အတြင္းရွိေနတဲ့ မန္စီးတီး၊ အာဆင္နယ္နဲ႔ခ်ဲလ္ဆီးတို႔ဟာ ရမွတ္ကြာဟခ်က္က်ဥ္းေျမာင္းေနေပမဲ့၊ ထိပ္ဆံုးကေျပးေနတဲ့ လီဗာပူးလ္အသင္းကေတာ့ ကစားခဲ့တဲ့(၈)ပြဲစလံုးကို အႏိုင္ယူထားျပီး ဒုတိယေနရာက လက္ရွိခ်န္ပီယံကို (၈)မွတ္အထိ ျဖတ္ေတာက္ထားပါတယ္။ ျပီးခဲ့တဲ့ရာသီက ခ်န္ပီယံလိဂ္ ဗိုလ္လုပြဲတက္ႏိုင္ခဲ့တဲ့ စပါးအသင္းရဲ႕ ေျခစြမ္းပိုင္းတည္ျငိမ္မႈကေတာ့ တစ္ေန႔ေရႊ တစ္ေန႔ေငြျဖစ္ေနျပီး အဆင့္(၉)မွာ ေရာက္ေနတာပါ။

ၾကီး(၆)ၾကီးမွာ အေျခအေန အဆိုးရြားဆံုးလို႔ဆိုရမယ့္ မန္ယူႏိုက္တက္အသင္းကေတာ့ အေဝးကြင္းႏိုင္ပြဲေပ်ာက္ဆံုးမႈနဲ႔အတူ အိမ္ကြင္းျဖစ္တဲ့ အိုးထရက္ဖို႔ မွာလည္း ႏိုင္ပြဲတစ္ပြဲရဖို႔ကို ေတာ္ေတာ္ေလး ရုန္းကန္ေနရပါတယ္။ ရမွတ္အားျဖင့္လည္း (၉)မွတ္သာ ရထားသလို ဂိုးကြာျခားခ်က္ကလည္း အေပါင္း(၁)သာ ရွိထားပါတယ္။ ပြဲစဥ္(၁)တုန္းက ခ်ဲလ္ဆီးအသင္းကို(၄)ဂိုးျပတ္နဲ႔ အႏိုင္ရခဲ့လို႔ အားလံုးက ယူႏိုက္တက္ျပန္လာျပီလို႔ ထင္မွတ္ခဲ့ၾကေပမဲ့ အဲဒီေနာက္ပိုင္းမွာေတာ့ ႏိုင္ပြဲေတြနဲ႔ေဝးခဲ့ျပီး ယူႏိုက္တက္ရဲ႕အားနည္းခ်က္ေတြကလည္း တစ္ပြဲထက္တစ္ပြဲ သိသာထင္ရွားလာခဲ့ပါတယ္။

တစ္ခ်ိန္တုန္းက မိနစ္(၇၀)ေက်ာ္လာရင္ စိတ္လႈပ္ရွားစရာ သြင္းဂိုးေတြနဲ႔ႏိုင္ပြဲေတြရယူတက္တဲ့ ယူႏိုက္တက္ဟာ အခုအခ်ိန္မွာေတာ့ မိနစ္(၇၀)ေက်ာ္တာနဲ႔ အသင္းရဲ႕လူငယ္ အကယ္ဒမီထြက္ ကစားသမားေလးေတြကိုသာ လူစားလဲအသံုးျပဳေနရျပီး မရံႈးဖို႔ ဆုေတာင္းေနရတဲ့ အျဖစ္ကို ေရာက္ရွိေနပါျပီ။ ရာသီအၾကိဳတုန္းက လံုေလာက္တဲ့ ကစားသမားအင္အားျဖည့္တင္းမႈမလုပ္ခဲ့တဲ့အက်ိဳးဆက္အေနနဲ႔ အသင္းရဲ႕အဓိက ကစားသမားအခ်ိဳ႕ဒဏ္ရာေၾကာင့္ မကစားႏိုင္ခ်ိန္မွာ လက္ရွိယူႏိုက္တက္ရဲ႕လူစာရင္းကို အသင္းငယ္ေလးေတြကေတာင္ ပမာမခန္႔လုပ္ခ်င္လာၾကပါတယ္။

ဂိုးသမား ဒီဂီယာလက္စြမ္းက်ဆင္းေနမႈက ေမးခြန္းထုတ္စရာျဖစ္ျပီး အဓိကျပႆနာကေတာ့ ဆိုးလ္ရွားရဲ႕ လူငယ္ေတြအေပၚ အလြန္အမင္းယံုၾကည္မႈနဲ႔ ကြင္းလယ္နဲ႔တိုက္စစ္မွာ လူသစ္ေတြျဖည့္တင္းဖို႔အတြက္ အသင္းဘုတ္အဖြဲ႔ကို အပူတျပင္း မတိုက္တြန္းခဲ့တာပါပဲ။ နည္းစနစ္ပိုင္းအရလည္း ယူႏိုက္တက္ဟာ တိုက္စစ္ကစားေနသလား၊ ခံစစ္ကစားေနသလားဆိုတာကိုေတာင္ ေဝခြဲရခက္တဲ့အထိ ေရရာေသခ်ာတဲ့ ကစားကြက္မရွိဘဲ ေလ်ာ့တိေလ်ာ့ရဲ ျဖစ္ေနတာပါ။

ေသခ်ာတာကေတာ့ ဆိုးလ္ရွားနဲ႔သူ႕ရဲ႕ကေလးေတြ ပရီးမီးယားလိဂ္လိုျပိဳင္ပြဲၾကီးမွာ ဒီအတိုင္းသာဆက္သြားေနရင္ေတာ့ လက္ရွိတန္းဆင္းဇုန္အတြင္းဖ်ာဝင္ခင္းေနရတဲ့ အေျခအေနကေန ေနာက္ဆို ဖ်ာပါေရာင္းရေတာ့မယ့္ကိန္း ဆိုက္ေနျပီပဲျဖစ္ပါေၾကာင္း…။

လူညိဳေခ်ာ@SportsGabar

unicode

တန်းဆင်းဇုန်တိုက်ပွဲမှာဖျာဝင်ခင်းနေတဲ့ ယူနိုက်တက်တို့ ဘာတွေမှားနေလဲ???

ပရီးမီးယားလိဂ်(၈)ပွဲကစားပြီးချိန်မှာပဲ ကြီး(၆)ကြီးဖြစ်တဲ့ လီဗာပူးလ်၊ ချဲလ်ဆီး၊ အာဆင်နယ်၊ မန်စီးတီး၊ စပါး နဲ့ မန်ယူနိုက်တက် အသင်းတွေကြားမှာ ရမှတ်ကွာဟချက်တွေကလည်း မထင်မှတ်လောက်အောင် ကြီးမားလာခဲ့ပါတယ်။

အဆင့်(၂)ကနေ (၅)အတွင်းရှိနေတဲ့ မန်စီးတီး၊ အာဆင်နယ်နဲ့ချဲလ်ဆီးတို့ဟာ ရမှတ်ကွာဟချက်ကျဉ်းမြောင်းနေပေမဲ့၊ ထိပ်ဆုံးကပြေးနေတဲ့ လီဗာပူးလ်အသင်းကတော့ ကစားခဲ့တဲ့(၈)ပွဲစလုံးကို အနိုင်ယူထားပြီး ဒုတိယနေရာက လက်ရှိချန်ပီယံကို (၈)မှတ်အထိ ဖြတ်တောက်ထားပါတယ်။ ပြီးခဲ့တဲ့ရာသီက ချန်ပီယံလိဂ် ဗိုလ်လုပွဲတက်နိုင်ခဲ့တဲ့ စပါးအသင်းရဲ့ ခြေစွမ်းပိုင်းတည်ငြိမ်မှုကတော့ တစ်နေ့ရွှေ တစ်နေ့ငွေဖြစ်နေပြီး အဆင့်(၉)မှာ ရောက်နေတာပါ။

ကြီး(၆)ကြီးမှာ အခြေအနေ အဆိုးရွားဆုံးလို့ဆိုရမယ့် မန်ယူနိုက်တက်အသင်းကတော့ အဝေးကွင်းနိုင်ပွဲပျောက်ဆုံးမှုနဲ့အတူ အိမ်ကွင်းဖြစ်တဲ့ အိုးထရက်ဖို့ မှာလည်း နိုင်ပွဲတစ်ပွဲရဖို့ကို တော်တော်လေး ရုန်းကန်နေရပါတယ်။ ရမှတ်အားဖြင့်လည်း (၉)မှတ်သာ ရထားသလို ဂိုးကွာခြားချက်ကလည်း အပေါင်း(၁)သာ ရှိထားပါတယ်။ ပွဲစဉ်(၁)တုန်းက ချဲလ်ဆီးအသင်းကို(၄)ဂိုးပြတ်နဲ့ အနိုင်ရခဲ့လို့ အားလုံးက ယူနိုက်တက်ပြန်လာပြီလို့ ထင်မှတ်ခဲ့ကြပေမဲ့ အဲဒီနောက်ပိုင်းမှာတော့ နိုင်ပွဲတွေနဲ့ဝေးခဲ့ပြီး ယူနိုက်တက်ရဲ့အားနည်းချက်တွေကလည်း တစ်ပွဲထက်တစ်ပွဲ သိသာထင်ရှားလာခဲ့ပါတယ်။

တစ်ချိန်တုန်းက မိနစ်(၇၀)ကျော်လာရင် စိတ်လှုပ်ရှားစရာ သွင်းဂိုးတွေနဲ့နိုင်ပွဲတွေရယူတက်တဲ့ ယူနိုက်တက်ဟာ အခုအချိန်မှာတော့ မိနစ်(၇၀)ကျော်တာနဲ့ အသင်းရဲ့လူငယ် အကယ်ဒမီထွက် ကစားသမားလေးတွေကိုသာ လူစားလဲအသုံးပြုနေရပြီး မရှုံးဖို့ ဆုတောင်းနေရတဲ့ အဖြစ်ကို ရောက်ရှိနေပါပြီ။ ရာသီအကြိုတုန်းက လုံလောက်တဲ့ ကစားသမားအင်အားဖြည့်တင်းမှုမလုပ်ခဲ့တဲ့အကျိုးဆက်အနေနဲ့ အသင်းရဲ့အဓိက ကစားသမားအချို့ဒဏ်ရာကြောင့် မကစားနိုင်ချိန်မှာ လက်ရှိယူနိုက်တက်ရဲ့လူစာရင်းကို အသင်းငယ်လေးတွေကတောင် ပမာမခန့်လုပ်ချင်လာကြပါတယ်။

ဂိုးသမား ဒီဂီယာလက်စွမ်းကျဆင်းနေမှုက မေးခွန်းထုတ်စရာဖြစ်ပြီး အဓိကပြဿနာကတော့ ဆိုးလ်ရှားရဲ့ လူငယ်တွေအပေါ် အလွန်အမင်းယုံကြည်မှုနဲ့ ကွင်းလယ်နဲ့တိုက်စစ်မှာ လူသစ်တွေဖြည့်တင်းဖို့အတွက် အသင်းဘုတ်အဖွဲ့ကို အပူတပြင်း မတိုက်တွန်းခဲ့တာပါပဲ။ နည်းစနစ်ပိုင်းအရလည်း ယူနိုက်တက်ဟာ တိုက်စစ်ကစားနေသလား၊ ခံစစ်ကစားနေသလားဆိုတာကိုတောင် ဝေခွဲရခက်တဲ့အထိ ရေရာသေချာတဲ့ ကစားကွက်မရှိဘဲ လျော့တိလျော့ရဲ ဖြစ်နေတာပါ။

သေချာတာကတော့ ဆိုးလ်ရှားနဲ့သူ့ရဲ့ကလေးတွေ ပရီးမီးယားလိဂ်လိုပြိုင်ပွဲကြီးမှာ ဒီအတိုင်းသာဆက်သွားနေရင်တော့ လက်ရှိတန်းဆင်းဇုန်အတွင်းဖျာဝင်ခင်းနေရတဲ့ အခြေအနေကနေ နောက်ဆို ဖျာပါရောင်းရတော့မယ့်ကိန်း ဆိုက်နေပြီပဲဖြစ်ပါကြောင်း…။

လူညိုချော@SportsGabar