ဘရန္ဒန္ဗီရာနဲ႔ ထိုးသတ္ရမယ့္ ပြဲအတြက္ဂ်ပန္ႏိုင္ငံကိုေရာက္ရွိေနျပီျဖစ္တဲ့ေအာင္လအန္ဆန္း

လာမယ့္ေအာက္တိုဘာလ(၁၃)ရက္ေန႔မွာေတာ့ ျမန္မာ့စပါးအံုးေအာင္လအန္ဆန္းဟာ လိုက္ဟဲဗီးဝိတ္ခ်န္ပီယံခါးပတ္ကာကြယ္ပြဲအျဖစ္ စိန္ေခၚသူ ဖိလစ္ပိုင္ႏိုင္ငံသား ဘရန္ဒန္ဗီရာ နဲ႔ ထိုးသတ္သြားရေတာ့မွာျဖစ္ပါတယ္။

လက္ရွိမွာေတာ့ လိုအပ္တဲ့ေနာက္ဆံုးျပင္ဆင္မႈေတြကိုျပဳလုပ္ဖို႔အတြက္ ဂ်ပန္ႏိုင္ငံကို ေရာက္ရွိေနျပီျဖစ္တဲ့ ေအာင္လဟာ တိုက်ိဳျမိဳ႕ရဲ႕အထင္ကရေနရာတစ္ခုျဖစ္တဲ့ ရွီဘူရ လူကူးမ်ဥ္းက်ား ထက္က သူ႔ရဲ႕ပံုရိပ္ေတြကို ျပန္လည္မွ်ေဝခဲ့ပါတယ္။

ဒါနဲ႔ပတ္သက္လို႔ ေအာင္လက-

“Onechampionship ရဲ႕အစီအစဥ္နဲ႔တိုက်ိဳၿမိဳ႕ရဲ႕နာမည္ေက်ာ္ ရွီဘူရလူကူးမ်ဥ္းက်ားကိုေရာက္ရွိေနပါတယ္။ လြန္ခဲ့တဲ့သံုးႏွစ္အတြင္းဒီအဖြဲ႕အစည္းနဲ႔အတူတူ
ဘယ္ေလာက္အတိုင္းအတာအထိ..တိုးတက္ေအာင္ျမင္ခဲ့သလဲဆိုတာကိုအံဩမိေနတုန္းပါပဲ…”

“ၿပီးေတာ့ဒါဟာအစပဲရွိေသးတယ္ဆိုတာကိုကၽြန္ေတာ္သိပါတယ္….ခမ္းနားလွတဲ့ဒီအရာမွာအစိတ္အပိုင္းတခုအေနနဲ႔ပါဝင္ခြင့္ရတာဟာေကာင္းႀကီးခံစားရတာပါပဲ…” လို႔ ေျပာသြားခဲ့ပါတယ္။

ေအာင္လအန္ဆန္းအေနနဲ႔ေနာက္ဆံုးထိုးသတ္ခဲ့တဲ့(၄)ပြဲမွာ အလဲထိုးႏိုင္ပြဲေတြခ်ည္းပဲ ရယူထားႏိုင္ခဲ့သလို ျပိဳင္ဘက္ဘရန္ဒန္ဗီရာကလည္း ေအာင္လလိုပဲ သူ႕ရဲ႕ေနာက္ဆံုး(၄)ပြဲလံုးကို အလဲထိုးႏိုင္ပြဲေတြနဲ႔ပံုေဖာ္ထားႏိုင္ခဲ့သူပါ။ ဒါေၾကာင့္ ေအာက္တိုဘာလ(၁၃)ရက္ေန႔ညဟာ ျမန္မာပရိသတ္ေတြအတြက္သာမက ကမာၻတစ္ဝွမ္းက MMA ပရိသတ္ေတြအတြက္ပါ စိတ္လႈပ္ရွားစရာအျပည့္နဲ႔ ေစာင့္ၾကည့္သြားရမယ့္ ပြဲၾကီးပြဲေကာင္းတစ္ပြဲပါပဲ။

လူညိဳေခ်ာ@SportsGabar

unicode

ဘရန်ဒန်ဗီရာနဲ့ ထိုးသတ်ရမယ့် ပွဲအတွက်ဂျပန်နိုင်ငံကိုရောက်ရှိနေပြီဖြစ်တဲ့အောင်လအန်ဆန်း

လာမယ့်အောက်တိုဘာလ(၁၃)ရက်နေ့မှာတော့ မြန်မာ့စပါးအုံးအောင်လအန်ဆန်းဟာ လိုက်ဟဲဗီးဝိတ်ချန်ပီယံခါးပတ်ကာကွယ်ပွဲအဖြစ် စိန်ခေါ်သူ ဖိလစ်ပိုင်နိုင်ငံသား ဘရန်ဒန်ဗီရာ နဲ့ ထိုးသတ်သွားရတော့မှာဖြစ်ပါတယ်။

လက်ရှိမှာတော့ လိုအပ်တဲ့ပြင်ဆင်မှုတွေကိုပြုလုပ်ဖို့အတွက် ဂျပန်နိုင်ငံကို ရောက်ရှိနေပြီဖြစ်တဲ့ အောင်လဟာ တိုကျိုမြို့ရဲ့အထင်ကရနေရာတစ်ခုဖြစ်တဲ့ ရှီဘူရ လူကူးမျဉ်းကျား ထက်က သူ့ရဲ့ပုံရိပ်တွေကို ပြန်လည်မျှဝေခဲ့ပါတယ်။

ဒါနဲ့ပတ်သက်လို့ အောင်လက-

“Onechampionship ရဲ့အစီအစဉ်နဲ့တိုကျိုမြို့ရဲ့နာမည်ကျော် ရှီဘူရလူကူးမျဉ်းကျားကိုရောက်ရှိနေပါတယ်။ လွန်ခဲ့တဲ့သုံးနှစ်အတွင်းဒီအဖွဲ့အစည်းနဲ့အတူတူ
ဘယ်လောက်အတိုင်းအတာအထိ..တိုးတက်အောင်မြင်ခဲ့သလဲဆိုတာကိုအံဩမိနေတုန်းပါပဲ…”

“ပြီးတော့ဒါဟာအစပဲရှိသေးတယ်ဆိုတာကိုကျွန်တော်သိပါတယ်….ခမ်းနားလှတဲ့ဒီအရာမှာအစိတ်အပိုင်းတခုအနေနဲ့ပါဝင်ခွင့်ရတာဟာကောင်းကြီးခံစားရတာပါပဲ…” လို့ ပြောသွားခဲ့ပါတယ်။

အောင်လအန်ဆန်းအနေနဲ့နောက်ဆုံးထိုးသတ်ခဲ့တဲ့(၄)ပွဲမှာ အလဲထိုးနိုင်ပွဲတွေချည်းပဲ ရယူထားနိုင်ခဲ့သလို ပြိုင်ဘက်ဘရန်ဒန်ဗီရာကလည်း အောင်လလိုပဲ သူ့ရဲ့နောက်ဆုံး(၄)ပွဲလုံးကို အလဲထိုးနိုင်ပွဲတွေနဲ့ပုံဖော်ထားနိုင်ခဲ့သူပါ။ ဒါကြောင့် အောက်တိုဘာလ(၁၃)ရက်နေ့ညဟာ မြန်မာပရိသတ်တွေအတွက်သာမက ကမ္ဘာတစ်ဝှမ်းက MMA ပရိသတ်တွေအတွက်ပါ စိတ်လှုပ်ရှားစရာအပြည့်နဲ့ စောင့်ကြည့်သွားရမယ့် ပွဲကြီးပွဲကောင်းတစ်ပွဲပါပဲ။

လူညိုချော@SportsGabar