အထည္ၾကီးပ်က္ႏွစ္သင္းရဲ႕ထိပ္တိုက္ေတြ႔ဆံုမႈမွာဘယ္အသင္းကအသာရသြားမလဲ?

ဒီတစ္ပတ္ တနဂၤေႏြေန႔မွာေတာ့ ပရီးမီးယားလိဂ္ရဲ႕စိတ္ဝင္စားစရာအေကာင္းဆံုးပြဲလို႔ ဆိုရမယ့္ မန္ခက္စတာယူႏိုက္တက္နဲ႔အာဆင္နယ္အသင္းတို႔ ေတြ႔ဆံုမယ့္ပြဲက ပရိသတ္ေတြကို ေစာင့္ၾကိဳလို႔ေနပါတယ္။

ႏွစ္သင္းစလံုးဟာ တစ္ခ်ိန္တုန္းက ခမ္းနားတဲ့ျပိဳင္ဆိုင္မႈေတြနဲ႔အတူ ခ်န္ပီယံဆုအတြက္ အဓိကျပိဳင္ဘက္ေတြအျဖစ္ ရင္ဆိုင္ခဲ့ၾကဖူးေပမဲ့ အခုအခ်ိန္မွာေတာ့ အဆင့္(၄)အတြင္း ဝင္ေရာက္ႏိုင္ေရးကသာ အဓိကပစ္မွတ္တစ္ခုလိုျဖစ္ေနျပီး ေရႊေရာင္မ်ိဳးဆက္ေတြ ျပတ္ေတာက္ေနခ်ိန္ျဖစ္ပါတယ္။ ဒါေပမဲ့လည္း ေပါ့ဘာ၊ ဒီဂီယာ၊ မက္ဂြဲယား ဘစ္ဆာခါ တို႔ရွိေနေသးတဲ့ ယူႏိုက္တက္အသင္းနဲ႔ အူဘာမီယန္၊ ပီပီ၊ ဇာခါ၊ မီခီတာရန္တို႔ဝန္းရံထားတဲ့ အာဆင္နယ္ အသင္းတို႔ရဲ႕ျပိဳင္ဆိုင္မႈဟာ စိတ္လႈပ္ရွားစရာေတာ့ေကာင္းေနပါေသးတယ္။

လက္ရွိအေျခအေနအရ ႏွစ္သင္းစလံုးဟာ ကြာဟခ်က္ၾကီးၾကီးမားမးမရွိေပမဲ့ ယူႏိုက္တက္အသင္းထက္စာရင္ အာဆင္နယ္အသင္းက အနည္းငယ္ စုစည္းမႈအားေကာင္းေနပါတယ္။ အာဆင္နယ္ဟာ ကစားျပီးခဲ့တဲ့ ပရီးမီးယားလိဂ္(၆)ပြဲမွာ ယူႏိုက္တက္ထက္ ႏိုင္ပြဲလည္းပိုမိုရွာေဖြထားႏိုင္ျပီးေတာ့ (၁၁)မွတ္ရေအာင္ စုေဆာင္းထားႏိုင္ပါတယ္။ ကစားပံုလည္းေကာင္းမြန္ေနျပီးေတာ့ ေနာက္ဆံုးပြဲမွာလည္း အက္စတြန္ဗီလာကို (၃)ဂိုး(၂)ဂိုးနဲ႔အႏိုင္ရထားပါတယ္။

ယူႏိုက္တက္အသင္းကေတာ့ လက္ရွိအခ်ိန္မွာ ေျခစြမ္းက အက်ဘက္ေရာက္ေနျပီး၊ လူကာကူနဲ႔ဆန္းခ်က္တို႔ထြက္ခြာသြားျပီးေနာက္ တိုက္စစ္မွဴးစစ္စစ္ရွားပါးတဲ့ ဒဏ္ကို အလူးအလဲခံေနရပါတယ္။ မက္ဂြဲယားနဲ႔ဘစ္ဆာခါတို႔လို ကစားသမားေတြကို ေခၚယူႏိုင္ခဲ့လို႔ ခံစစ္ပိုင္းမွာ မႏွစ္ကထက္စာရင္ ေပးဂိုးနည္းသြားေပမဲ့ တိုက္စစ္နဲ႔ကြင္းလယ္မွာ ကစားသမားအင္အားက အလံုအေလာက္မရွိဘူးျဖစ္ေနပါတယ္။ ပရီးမီးယားလိဂ္(၆)ပြဲမွာ(၂)ပြဲသာအႏိုင္ရထားျပီး ေနာက္ဆံုးပြဲမွာလည္း ဝက္စ္ဟမ္းအသင္းကို(၂)ဂိုးျပတ္ ရံႈနိမ့္ထားပါတယ္။

ဒါေၾကာင့္ အိမ္ကြင္းအားသာခ်က္တစ္ခုသာရွိေနတဲ့ ယူႏိုက္တက္တို႔ အာဆင္နယ္ကို အသာစီးရယူႏိုင္ဖို႔ မလြယ္သလို၊ အာဆင္နယ္အသင္းအေနနဲ႔လည္း အိုးထရက္ဖို႔မွာ ခါးသီးလွတဲ့ အစဥ္အလာဆိုးေတြရွိေနလို႔ လြယ္ကူတဲ့ပြဲေတာ့ ျဖစ္လာမွာမဟုတ္ပါဘူး။ သေရက်ဖို႔မ်ားေနျပီး အႏိုင္ဆိုရင္ေတာ့ အာဆင္နယ္ဘက္မွာ ခပ္ပါးပါးေလးရွိေနပါတယ္။

လူညိဳေခ်ာ@SportsGabar

Unicode

အထည်ကြီးပျက်နှစ်သင်းရဲ့ထိပ်တိုက်တွေ့ဆုံမှုမှာဘယ်အသင်းကအသာရသွားမလဲ?

ဒီတစ်ပတ် တနင်္ဂနွေနေ့မှာတော့ ပရီးမီးယားလိဂ်ရဲ့စိတ်ဝင်စားစရာအကောင်းဆုံးပွဲလို့ ဆိုရမယ့် မန်ချက်စတာယူနိုက်တက်နဲ့အာဆင်နယ်အသင်းတို့ တွေ့ဆုံမယ့်ပွဲက ပရိသတ်တွေကို စောင့်ကြိုလို့နေပါတယ်။

နှစ်သင်းစလုံးဟာ တစ်ချိန်တုန်းက ခမ်းနားတဲ့ပြိုင်ဆိုင်မှုတွေနဲ့အတူ ချန်ပီယံဆုအတွက် အဓိကပြိုင်ဘက်တွေအဖြစ် ရင်ဆိုင်ခဲ့ကြဖူးပေမဲ့ အခုအချိန်မှာတော့ အဆင့်(၄)အတွင်း ဝင်ရောက်နိုင်ရေးကသာ အဓိကပစ်မှတ်တစ်ခုလိုဖြစ်နေပြီး ရွှေရောင်မျိုးဆက်တွေ ပြတ်တောက်နေချိန်ဖြစ်ပါတယ်။ ဒါပေမဲ့လည်း ပေါ့ဘာ၊ ဒီဂီယာ၊ မက်ဂွဲယား ဘစ်ဆာခါ တို့ရှိနေသေးတဲ့ ယူနိုက်တက်အသင်းနဲ့ အူဘာမီယန်၊ ပီပီ၊ ဇာခါ၊ မီခီတာရန်တို့ဝန်းရံထားတဲ့ အာဆင်နယ် အသင်းတို့ရဲ့ပြိုင်ဆိုင်မှုဟာ စိတ်လှုပ်ရှားစရာတော့ကောင်းနေပါသေးတယ်။

လက်ရှိအခြေအနေအရ နှစ်သင်းစလုံးဟာ ကွာဟချက်ကြီးကြီးမားမးမရှိပေမဲ့ ယူနိုက်တက်အသင်းထက်စာရင် အာဆင်နယ်အသင်းက အနည်းငယ် စုစည်းမှုအားကောင်းနေပါတယ်။ အာဆင်နယ်ဟာ ကစားပြီးခဲ့တဲ့ ပရီးမီးယားလိဂ်(၆)ပွဲမှာ ယူနိုက်တက်ထက် နိုင်ပွဲလည်းပိုမိုရှာဖွေထားနိုင်ပြီးတော့ (၁၁)မှတ်ရအောင် စုဆောင်းထားနိုင်ပါတယ်။ ကစားပုံလည်းကောင်းမွန်နေပြီးတော့ နောက်ဆုံးပွဲမှာလည်း အက်စတွန်ဗီလာကို (၃)ဂိုး(၂)ဂိုးနဲ့အနိုင်ရထားပါတယ်။

ယူနိုက်တက်အသင်းကတော့ လက်ရှိအချိန်မှာ ခြေစွမ်းက အကျဘက်ရောက်နေပြီး၊ လူကာကူနဲ့ဆန်းချက်တို့ထွက်ခွာသွားပြီးနောက် တိုက်စစ်မှူးစစ်စစ်ရှားပါးတဲ့ ဒဏ်ကို အလူးအလဲခံနေရပါတယ်။ မက်ဂွဲယားနဲ့ဘစ်ဆာခါတို့လို ကစားသမားတွေကို ခေါ်ယူနိုင်ခဲ့လို့ ခံစစ်ပိုင်းမှာ မနှစ်ကထက်စာရင် ပေးဂိုးနည်းသွားပေမဲ့ တိုက်စစ်နဲ့ကွင်းလယ်မှာ ကစားသမားအင်အားက အလုံအလောက်မရှိဘူးဖြစ်နေပါတယ်။ ပရီးမီးယားလိဂ်(၆)ပွဲမှာ(၂)ပွဲသာအနိုင်ရထားပြီး နောက်ဆုံးပွဲမှာလည်း ဝက်စ်ဟမ်းအသင်းကို(၂)ဂိုးပြတ် ရှုံနိမ့်ထားပါတယ်။

ဒါကြောင့် အိမ်ကွင်းအားသာချက်တစ်ခုသာရှိနေတဲ့ ယူနိုက်တက်တို့ အာဆင်နယ်ကို အသာစီးရယူနိုင်ဖို့ မလွယ်သလို၊ အာဆင်နယ်အသင်းအနေနဲ့လည်း အိုးထရက်ဖို့မှာ ခါးသီးလှတဲ့ အစဉ်အလာဆိုးတွေရှိနေလို့ လွယ်ကူတဲ့ပွဲတော့ ဖြစ်လာမှာမဟုတ်ပါဘူး။ သရေကျဖို့များနေပြီး အနိုင်ဆိုရင်တော့ အာဆင်နယ်ဘက်မှာ ခပ်ပါးပါးလေးရှိနေပါတယ်။

လူညိုချော@SportsGabar