အီးအက္ဖ္အယ္လ္ (EFL) Cup Round Four မွာ ပရီးမီးယားလိဂ္အသင္းၾကီးေတြထိပ္တိုက္ေတြ႔ဆံုေန

ျပီးခဲ့တဲ့ညက ယွဥ္ျပိဳင္ကစားခဲ့ၾကတဲ့ ပရီးမီးယားလိဂ္ကလပ္ မန္ခ်က္စတာယူႏိုက္တက္အသင္းနဲ႔ လိဂ္ဝမ္းကလပ္ ေရာ့ခ်္ဒဲလ္အသင္းတို႔ရဲ႕ အီးအက္ဖ္အယ္လ္ဖလားျပိဳင္ပြဲမွာ အိမ္ရွင္မန္ခ်က္စတာယူႏိုက္တက္အသင္းက ေရာ့ခ်္ဒဲလ္အသင္းကို အႏိုင္ယူျပီး ေနာက္တစ္ဆင့္ကို တက္ေရာက္သြားႏိုင္ခဲ့ပါတယ္။

အိုးထရက္ဖို႔ဒ္ကြင္းၾကီးအတြင္း ကစားခဲ့ၾကတဲ့ ဒီပြဲစဥ္မွာ အသင္းႏွစ္သင္းၾကား ကြာဟခ်က္ၾကီးမားခဲ့ေပမဲ့ အသင္းၾကီးျဖစ္တဲ့ ယူႏိုက္တက္ဟာ အသင္းငယ္ေလးျဖစ္တဲ့ ေရာ့ခ်္ဒဲလ္အသင္းအေပၚ အသာစီးမယူႏိုင္ခဲ့ပါဘူး။ ပြဲခ်ိန္မိနစ္(၉၀)အတြင္း (၁)ဂိုးစီ သေရက်ေနခဲ့တာေၾကာင့္ ပင္နယ္တီအဆံုးအျဖတ္ခံယူခဲ့ရာမွာေတာ့ မန္ယူႏိုက္တက္က (၅)ဂိုး(၃)ဂိုးနဲ႔ အႏိုင္ရရွိခဲ့ျပီး အသက္ရႈေခ်ာင္သြားခဲ့ရတာျဖစ္ပါတယ္။

ဒါေၾကာင့္ ယူႏိုက္တက္တို႔ဟာ ေနာက္တစ္ဆင့္မွာေတာ့ ဂရင္စဘီေတာင္းအသင္းကို (၇)ဂိုး၊ (၁)ဂိုးနဲ႔အႏိုင္ယူေက်ာ္ျဖတ္လာခဲ့တဲ့ ခ်ဲလ္ဆီးအသင္းနဲ႔ ထိပ္တိုက္ေတြ႔ဆံုခဲ့တာျဖစ္ပါတယ္။ ခ်ဲလ္ဆီးနဲ႔မန္ယူႏိုက္တက္တို႔ဟာ ပရီးမီးယးလိဂ္ အဖြင့္ပြဲမွာတုန္းက ထိပ္တိုက္ေတြ႔ဆံုထားျပီး မန္ယူႏိုက္တက္အသင္းက (၄)ဂိုးျပတ္နဲ႔ အႏိုင္ရရွိထားပါတယ္။ အခုတစ္ခါမွာေတာ့ ခ်ဲလ္ဆီးဟာ ယူႏိုက္တက္ကို အိမ္ကြင္းမွာ လက္ခံကစားရမွာျဖစ္တာေၾကာင့္ (၄)ဂိုးျပတ္အရံႈးကို ကလဲ့စားေခ်ႏိုင္မလားေစာင့္ၾကည့္သြားရမွာပါ။

တစ္ဖက္မွာေတာ့ ဂ်ာကင္ကေလာ့ရဲ႕လီဗာပူးလ္အသင္းက အမ္ေကဒြန္းအသင္းကို (၂)ဂိုးျပတ္ရလဒ္နဲ႔ သက္ေတာင့္သက္သာအႏိုင္ရခဲ့တာေၾကာင့္ ေနာက္တစ္ဆင့္မွာ ပရီးမီးယားလိဂ္ျပိဳင္ဘက္ အာဆင္နယ္အသင္းနဲ႔ ထိပ္တိုက္ေတြ႔ဆံုဖို႔ျဖစ္လာပါတယ္။ အာဆင္နယ္အသင္းကေတာ့ ျပီးခဲ့တဲ့ အဂၤါေန႔က ေနာ္တင္ဟမ္ေဖာရက္အသင္းကို(၅)ဂိုးျပတ္နဲ႔အႏိုင္ရခဲ့ျပီး ေနာက္တစ္ဆင့္ကို တက္ေရာက္ထားႏိုင္ခဲ့တာပါ။

လီဗာပူးလ္အသင္းနဲ႔အာဆင္နယ္အသင္းတို႔ဟာ ယခုႏွစ္ရာသီပရီးမီးယားလိဂ္ပြဲစဥ္(၃)မွာ ထိပ္တိုက္ေတြ႔ဆံုထားျပီး လီဗာပူးလ္အသင္းက (၃)ဂိုး၊(၁)ဂိုးနဲ႔ အႏိုင္ရရွိထားခဲ့ပါတယ္။ ဒါေၾကာင့္ ယခုတစ္ၾကိမ္ သူတို႔ႏွစ္သင္းရဲ႕ထိပ္တိုက္ေတြ႕ဆံုမႈမွာ အာဆင္နယ္အသင္းကပဲ ရံႈးေၾကြးျပန္ဆပ္ႏိုင္မလား၊ လီဗာပူးလ္အသင္းကပဲ ထပ္မံ အသာရသြားမလားဆိုတာ စိတ္ဝင္စားစရာေကာင္းေနပါတယ္။

လူညိဳေခ်ာ#SportsGabar

unicode

အီးအက်ဖ်အယ်လ် (EFL) Cup Round Four မှာ ပရီးမီးယားလိဂ်အသင်းကြီးတွေထိပ်တိုက်တွေ့ဆုံနေ

ပြီးခဲ့တဲ့ညက ယှဉ်ပြိုင်ကစားခဲ့ကြတဲ့ ပရီးမီးယားလိဂ်ကလပ် မန်ချက်စတာယူနိုက်တက်အသင်းနဲ့ လိဂ်ဝမ်းကလပ် ရော့ချ်ဒဲလ်အသင်းတို့ရဲ့ အီးအက်ဖ်အယ်လ်ဖလားပြိုင်ပွဲမှာ အိမ်ရှင်မန်ချက်စတာယူနိုက်တက်အသင်းက ရော့ချ်ဒဲလ်အသင်းကို အနိုင်ယူပြီး နောက်တစ်ဆင့်ကို တက်ရောက်သွားနိုင်ခဲ့ပါတယ်။

အိုးထရက်ဖို့ဒ်ကွင်းကြီးအတွင်း ကစားခဲ့ကြတဲ့ ဒီပွဲစဉ်မှာ အသင်းနှစ်သင်းကြား ကွာဟချက်ကြီးမားခဲ့ပေမဲ့ အသင်းကြီးဖြစ်တဲ့ ယူနိုက်တက်ဟာ အသင်းငယ်လေးဖြစ်တဲ့ ရော့ချ်ဒဲလ်အသင်းအပေါ် အသာစီးမယူနိုင်ခဲ့ပါဘူး။ ပွဲချိန်မိနစ်(၉၀)အတွင်း (၁)ဂိုးစီ သရေကျနေခဲ့တာကြောင့် ပင်နယ်တီအဆုံးအဖြတ်ခံယူခဲ့ရာမှာတော့ မန်ယူနိုက်တက်က (၅)ဂိုး(၃)ဂိုးနဲ့ အနိုင်ရရှိခဲ့ပြီး အသက်ရှုချောင်သွားခဲ့ရတာဖြစ်ပါတယ်။

ဒါကြောင့် ယူနိုက်တက်တို့ဟာ နောက်တစ်ဆင့်မှာတော့ ဂရင်စဘီတောင်းအသင်းကို (၇)ဂိုး၊ (၁)ဂိုးနဲ့အနိုင်ယူကျော်ဖြတ်လာခဲ့တဲ့ ချဲလ်ဆီးအသင်းနဲ့ ထိပ်တိုက်တွေ့ဆုံခဲ့တာဖြစ်ပါတယ်။ ချဲလ်ဆီးနဲ့မန်ယူနိုက်တက်တို့ဟာ ပရီးမီးယးလိဂ် အဖွင့်ပွဲမှာတုန်းက ထိပ်တိုက်တွေ့ဆုံထားပြီး မန်ယူနိုက်တက်အသင်းက (၄)ဂိုးပြတ်နဲ့ အနိုင်ရရှိထားပါတယ်။ အခုတစ်ခါမှာတော့ ချဲလ်ဆီးဟာ ယူနိုက်တက်ကို အိမ်ကွင်းမှာ လက်ခံကစားရမှာဖြစ်တာကြောင့် (၄)ဂိုးပြတ်အရှုံးကို ကလဲ့စားချေနိုင်မလားစောင့်ကြည့်သွားရမှာပါ။

တစ်ဖက်မှာတော့ ဂျာကင်ကလော့ရဲ့လီဗာပူးလ်အသင်းက အမ်ကေဒွန်းအသင်းကို (၂)ဂိုးပြတ်ရလဒ်နဲ့ သက်တောင့်သက်သာအနိုင်ရခဲ့တာကြောင့် နောက်တစ်ဆင့်မှာ ပရီးမီးယားလိဂ်ပြိုင်ဘက် အာဆင်နယ်အသင်းနဲ့ ထိပ်တိုက်တွေ့ဆုံဖို့ဖြစ်လာပါတယ်။ အာဆင်နယ်အသင်းကတော့ ပြီးခဲ့တဲ့ အင်္ဂါနေ့က နော်တင်ဟမ်ဖောရက်အသင်းကို(၅)ဂိုးပြတ်နဲ့အနိုင်ရခဲ့ပြီး နောက်တစ်ဆင့်ကို တက်ရောက်ထားနိုင်ခဲ့တာပါ။

လီဗာပူးလ်အသင်းနဲ့အာဆင်နယ်အသင်းတို့ဟာ ယခုနှစ်ရာသီပရီးမီးယားလိဂ်ပွဲစဉ်(၃)မှာ ထိပ်တိုက်တွေ့ဆုံထားပြီး လီဗာပူးလ်အသင်းက (၃)ဂိုး၊(၁)ဂိုးနဲ့ အနိုင်ရရှိထားခဲ့ပါတယ်။ ဒါကြောင့် ယခုတစ်ကြိမ် သူတို့နှစ်သင်းရဲ့ထိပ်တိုက်တွေ့ဆုံမှုမှာ အာဆင်နယ်အသင်းကပဲ ရှုံးကြွေးပြန်ဆပ်နိုင်မလား၊ လီဗာပူးလ်အသင်းကပဲ ထပ်မံ အသာရသွားမလားဆိုတာ စိတ်ဝင်စားစရာကောင်းနေပါတယ်။

လူညိုချော#SportsGabar