ဖီဖာအေကာင္းဆံုးကစားသမားဆုအတြက္ စီေရာ္နယ္ဒိုကိုလည္း Vote ေပးခဲ့တဲ့ မက္ဆီ

ဖီဖာ့အေကာင္းဆံုးဆုေပးအပ္ပြဲအခမ္းအနားကို ျပီးခဲ့တဲ့ညက က်င္းပျပဳလုပ္ခဲ့ရာမွာ ဘာစီလိုနာအသင္းေခါင္းေဆာင္ လီယြန္နယ္မက္ဆီက လီဗာပူးလ္ေနာက္ခံလူ ဗန္ဒိုက္နဲ႔ ဂ်ဴဗင္တပ္တိုက္စစ္မွဴး စီေရာ္နယ္ဒိုတို႔ကိုေက်ာ္ျဖတ္ျပီး တစ္ႏွစ္တာအေကာင္းဆံုးေဘာလံုးသမားဆုကို ဆြတ္ခူးရရွိသြားခဲ့ပါတယ္။

လီဗာပူးလ္အသင္းကို ခ်န္ပီယံလိဂ္ဖလားရယူေပးႏိုင္ခဲ့တဲ့ နည္းျပၾကီးဂ်ာကင္ကေလာ့ကေတာ့ တစ္ႏွစ္တာအေကာင္းဆံုးနည္းျပဆုကို ရရွိသြားခဲ့တာပါ။ အေကာင္းဆံုးအမ်ိဳးသမီးေဘာလံုးသမားဆုကိုေတာ့ ယခုႏွစ္အေစာပိုင္းက ျပင္သစ္ေျမမွာ က်င္းပျပဳလုပ္ခဲ့တဲ့အမ်ိဳးသမီးကမာၻဖလားျပိဳင္ပြဲရဲ႕ခ်န္ပီယံ အေမရိကန္အမ်ိဳးသမီးအသင္းရဲ႕တိုက္စစ္မွဴး မီဂန္ရာပီႏိုးစ္က အသင္းေဖာ္ အဲလက္စ္ေမာ္ဂန္ကိုေက်ာ္ျဖတ္ျပီး ရရွိသြားခဲ့တာျဖစ္ပါတယ္။

ဖီဖာ့အေကာင္းဆံုးဆုေတြကိုေတာ့ ဖီဖာအဖြဲ႔ဝင္ႏိုင္ငံမ်ားရဲ႕အသင္းေခါင္းေဆာင္ေတြ၊ နည္းျပေတြကေပးတဲ့ မဲအေရအတြက္(၅၀)ရာခိုင္ႏႈန္းနဲ႔ဆံုးျဖတ္ခဲ့တာလည္းျဖစ္ပါတယ္။ က်န္ရွိတဲ့(၅၀)ရာခိုင္ႏႈန္းကိုေတာ့ ကမာၻအႏွံ႔က ေဘာလံုးပရိသတ္ေတြနဲ႔ အားကစားမီဒီယာေတြက မဲေပးခဲ့ၾကတာျဖစ္ပါတယ္။ နည္းျပေတြနဲ႔ အသင္းေခါင္းေဆာင္ေတြဟာ တစ္ဦးကို (၃)ေယာက္စီ မဲေပးခြင့္ရခဲ့တာျဖစ္ျပီး တစ္ခ်ိဳ႕ေသာနည္းျပေတြ၊ ကစားသမားေတြရဲ႕မဲေပးေရြးခ်ယ္မႈေတြဟာ စိတ္ဝင္စားစရာေကာင္းခဲ့ပါတယ္။

ဘာစီလိုနာအေက်ာ္အေမာ္ လီယြန္နယ္မက္ဆီကတာ့ လီဗာပူးလ္တိုက္စစ္မွဴး ဆာဒီယိုမာေနး၊ ေအဂ်က္လူငယ္ကင္းလယ္ကစားသမား ဖရန္႔ကီဒီေဂ်ာင္တို႔ကို မဲေပးေရြးခ်ယ္ခဲ့ျပီး၊ ျပိဳင္ဘက္ စီေရာ္နယ္ဒိုလည္းအံ့ဖြယ္ပါဝင္ခဲ့ပါတယ္။ ဒါေပမဲ့လည္း တစ္ဖက္မွာ စီေရာ္နယ္ဒိုကေတာ့ မက္ဆီကို မေရြးခ်ယ္ခဲ့ပဲ အသင္းေဖာ္ဒီလစ္၊ ဖရန္႔ကီဒီေဂ်ာင္နဲ႔ ပီအက္စ္ဂ်ီတိုက္စစ္မွဴး ကိုင္လီယန္ဘာေပတို႔ကိုသာ မဲေပးခဲ့တာျဖစ္ပါတယ္။

ဒီဆုကိုရရွိဖို႔ ေရပန္းစားခဲ့တဲ့ လီဗာပူးလ္ေနာက္ခံလူ ဗန္ဒိုက္ကေတာ့ အသင္းေဖာ္ႏွစ္ေယာက္ျဖစ္တဲ့ မိုဟာမက္ဆာလက္နဲ႔ဆာဒီယိုမာေနးတို႔အပါအဝင္ လီယြန္နယ္မက္ဆီကို မဲေပးေရြးခ်ယ္ခဲ့တယ္လို႔သိရပါတယ္။

လူညိဳေခ်ာ@SportsGabar

unicode

ဖီဖာအကောင်းဆုံးကစားသမားဆုအတွက် စီရော်နယ်ဒိုကိုလည်း Vote ပေးခဲ့တဲ့ မက်ဆီ

ဖီဖာ့အကောင်းဆုံးဆုပေးအပ်ပွဲအခမ်းအနားကို ပြီးခဲ့တဲ့ညက ကျင်းပပြုလုပ်ခဲ့ရာမှာ ဘာစီလိုနာအသင်းခေါင်းဆောင် လီယွန်နယ်မက်ဆီက လီဗာပူးလ်နောက်ခံလူ ဗန်ဒိုက်နဲ့ ဂျူဗင်တပ်တိုက်စစ်မှူး စီရော်နယ်ဒိုတို့ကိုကျော်ဖြတ်ပြီး တစ်နှစ်တာအကောင်းဆုံးဘောလုံးသမားဆုကို ဆွတ်ခူးရရှိသွားခဲ့ပါတယ်။

လီဗာပူးလ်အသင်းကို ချန်ပီယံလိဂ်ဖလားရယူပေးနိုင်ခဲ့တဲ့ နည်းပြကြီးဂျာကင်ကလော့ကတော့ တစ်နှစ်တာအကောင်းဆုံးနည်းပြဆုကို ရရှိသွားခဲ့တာပါ။ အကောင်းဆုံးအမျိုးသမီးဘောလုံးသမားဆုကိုတော့ ယခုနှစ်အစောပိုင်းက ပြင်သစ်မြေမှာ ကျင်းပပြုလုပ်ခဲ့တဲ့အမျိုးသမီးကမ္ဘာဖလားပြိုင်ပွဲရဲ့ချန်ပီယံ အမေရိကန်အမျိုးသမီးအသင်းရဲ့တိုက်စစ်မှူး မီဂန်ရာပီနိုးစ်က အသင်းဖော် အဲလက်စ်မော်ဂန်ကိုကျော်ဖြတ်ပြီး ရရှိသွားခဲ့တာဖြစ်ပါတယ်။

ဖီဖာ့အကောင်းဆုံးဆုတွေကိုတော့ ဖီဖာအဖွဲ့ဝင်နိုင်ငံများရဲ့အသင်းခေါင်းဆောင်တွေ၊ နည်းပြတွေကပေးတဲ့ မဲအရေအတွက်(၅၀)ရာခိုင်နှုန်းနဲ့ဆုံးဖြတ်ခဲ့တာလည်းဖြစ်ပါတယ်။ ကျန်ရှိတဲ့(၅၀)ရာခိုင်နှုန်းကိုတော့ ကမ္ဘာအနှံ့က ဘောလုံးပရိသတ်တွေနဲ့ အားကစားမီဒီယာတွေက မဲပေးခဲ့ကြတာဖြစ်ပါတယ်။ နည်းပြတွေနဲ့ အသင်းခေါင်းဆောင်တွေဟာ တစ်ဦးကို (၃)ယောက်စီ မဲပေးခွင့်ရခဲ့တာဖြစ်ပြီး တစ်ချို့သောနည်းပြတွေ၊ ကစားသမားတွေရဲ့မဲပေးရွေးချယ်မှုတွေဟာ စိတ်ဝင်စားစရာကောင်းခဲ့ပါတယ်။

ဘာစီလိုနာအကျော်အမော် လီယွန်နယ်မက်ဆီကတာ့ လီဗာပူးလ်တိုက်စစ်မှူး ဆာဒီယိုမာနေး၊ အေဂျက်လူငယ်ကင်းလယ်ကစားသမား ဖရန့်ကီဒီဂျောင်တို့ကို မဲပေးရွေးချယ်ခဲ့ပြီး၊ ပြိုင်ဘက် စီရော်နယ်ဒိုလည်းအံ့ဖွယ်ပါဝင်ခဲ့ပါတယ်။ ဒါပေမဲ့လည်း တစ်ဖက်မှာ စီရော်နယ်ဒိုကတော့ မက်ဆီကို မရွေးချယ်ခဲ့ပဲ အသင်းဖော်ဒီလစ်၊ ဖရန့်ကီဒီဂျောင်နဲ့ ပီအက်စ်ဂျီတိုက်စစ်မှူး ကိုင်လီယန်ဘာပေတို့ကိုသာ မဲပေးခဲ့တာဖြစ်ပါတယ်။

ဒီဆုကိုရရှိဖို့ ရေပန်းစားခဲ့တဲ့ လီဗာပူးလ်နောက်ခံလူ ဗန်ဒိုက်ကတော့ အသင်းဖော်နှစ်ယောက်ဖြစ်တဲ့ မိုဟာမက်ဆာလက်နဲ့ဆာဒီယိုမာနေးတို့အပါအဝင် လီယွန်နယ်မက်ဆီကို မဲပေးရွေးချယ်ခဲ့တယ်လို့သိရပါတယ်။

လူညိုချော@SportsGabar