ယူႏိုက္တက္မွာဆက္ေနဖို႔ ေပါ့ဘာကိုစည္းရံုးမယ့္ဆိုးလ္ရွားရဲ႕အၾကံ

မန္ခ်က္စတာယူႏိုက္တက္နည္းျပ အိုလီဂန္နာဆိုးလ္ရွားကေတာ့ အသင္းကေန ထြက္ခြာေတာ့မယ္လို႔ ထုတ္ေဖာ္ေျပာၾကားထားတဲ့ ပေါ့ဘာကို အိုးထရက္ဖို႔မွာ ဆက္ေနဖို႔ စည္းရံုးႏိုင္မယ္လို႔ ယံုၾကည္ေနပါတယ္။

ျပင္သစ္ကြင္းလယ္ကစားသမား ေပါ့ဘာဟာ မန္ယူႏိုက္တက္အသင္းမွာ (၃)ႏွစ္ၾကာကစားခဲ့ျပီးေနာက္ စိန္ေခၚမႈအသစ္ေတြကို ရင္ဆိုင္ခ်င္တယ္ဆိုတဲ့ အေၾကာင္းျပခ်က္နဲ႔ သရဲနီအေရခြံကို ဆြဲခြာဖို႔ ၾကိဳးစားေနသူပါ။ သူ႔ရဲ႕ေနာက္ထပ္ကလပ္အသင္းျဖစ္လာႏိုင္တဲ့ ဂ်ဴဗင္တပ္နဲ႔ ရီးရဲလ္မက္ဒရစ္အသင္းေတြဟာ သူ႔အတြက္ ေပါင္သန္း(၁၅၀)အထိေပးျပီး ေခၚယူဖို႔ အသင့္ျဖစ္ေနၾကတာလည္းျဖစ္ပါတယ္။

ဒါေပမဲ့ မန္ယူႏိုက္တက္ နည္းျပ ဆိုးလ္ရွားကေတာ့ ေပါ့ဘာကို အသင္းမွာဆက္ရွိေနေစဖို႔ စည္းရံုးမယ့္ အစီအစဥ္ေတြ သူ႔မွာရွိေနတယ္လို႔ သိရပါတယ္။ ယူႏိုက္တက္နည္းျပရာထူးကို ရယူအျပီးမွာ ဆိုးလ္ရွားဟာ ေပါ့ဘာကို အေျခတည္ျပီး အသင္းကိုတည္ေဆာက္သြားမယ္လို႔ ေျပာၾကားထားတဲ့အတြက္ သူ႔အေနနဲ႔ အဓိကကစားသမားလို႔ သတ္မွတ္ထားတဲ့ ေပါ့ဘာကို လြယ္လြယ္နဲ႔ လက္လႊတ္ခံမွာမဟုတ္ဘူးလို႔လည္း ေျပာထားပါတယ္။

ေအးဂ်င့္ျဖစ္သူ ရြိဳင္အိုလာက မီးေလာင္ရာေလပင့္ဆိုသလို သူ႔ကစားသမားဟာ ေႏြေစ်းကြက္အတြင္း ယူႏိုက္တက္ကေန ထြက္ခြာမွာျဖစ္ေၾကာင္း တြင္တြင္ေျပာေနေပမဲ့ ေပါ့ဘာကေတာ့ ယူႏိုက္တက္နဲ႔ စာခ်ဳပ္သက္တမ္း (၂)ႏွစ္က်န္ရွိေနပါေသးတယ္။ ဒီအခ်က္ဟာ ေပါ့ဘာကို ဆက္ထိန္းႏိုင္ေရးမွာ ဆုိးလ္ရွားအတြက္ အဓိကက်လာမွာျဖစ္ျပီး၊ ကစားသမားရဲ႕လစာကို ထပ္တိုးေပးဖို႔ ျပင္ဆင္လာဖြယ္လည္း ရွိေနပါတယ္။

အသင္းရဲ႕အဓိက အခန္းက႑အေနနဲ႔လည္း ဦးစားေပးခံရမယ္၊ လုပ္ခလစာကိုလည္း တိုးျမွင့္ရရွိမယ္ ဆိုရင္ေတာ့ ေပါ့ဘာအေနနဲ႔ ဆံုးျဖတ္ခ်က္ေျပာင္းလဲလာႏိုင္ျပီး၊ ရာသီသစ္အတြက္ ဆိုးလ္ရွားရဲ႕ ပထမဆံုး တာ၀န္ျဖစ္တဲ့ ေပါ့ဘာကို အိုးထရက္ဖို႔မွာ ဆက္ထိန္းႏိုင္ေရး ဟာလည္း ေအာင္ျမင္ျမင္ျပီးေျမာက္ႏိုင္ဖြယ္ရွိေနပါတယ္။

လူညိဳေခ်ာ@SportsGabar

unicode

ယူနိုက်တက်မှာဆက်နေဖို့ ပေါ့ဘာကိုစည်းရုံးမယ့်ဆိုးလ်ရှားရဲ့အကြံ

မန်ချက်စတာယူနိုက်တက်နည်းပြ အိုလီဂန်နာဆိုးလ်ရှားကတော့ အသင်းကနေ ထွက်ခွာတော့မယ်လို့ ထုတ်ဖော်ပြောကြားထားတဲ့ ပေါ့ဘာကို အိုးထရက်ဖို့မှာ ဆက်နေဖို့ စည်းရုံးနိုင်မယ်လို့ ယုံကြည်နေပါတယ်။

ပြင်သစ်ကွင်းလယ်ကစားသမား ပေါ့ဘာဟာ မန်ယူနိုက်တက်အသင်းမှာ (၃)နှစ်ကြာကစားခဲ့ပြီးနောက် စိန်ခေါ်မှုအသစ်တွေကို ရင်ဆိုင်ချင်တယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ သရဲနီအရေခွံကို ဆွဲခွာဖို့ ကြိုးစားနေသူပါ။ သူ့ရဲ့နောက်ထပ်ကလပ်အသင်းဖြစ်လာနိုင်တဲ့ ဂျူဗင်တပ်နဲ့ ရီးရဲလ်မက်ဒရစ်အသင်းတွေဟာ သူ့အတွက် ပေါင်သန်း(၁၅၀)အထိပေးပြီး ခေါ်ယူဖို့ အသင့်ဖြစ်နေကြတာလည်းဖြစ်ပါတယ်။

ဒါပေမဲ့ မန်ယူနိုက်တက် နည်းပြ ဆိုးလ်ရှားကတော့ ပေါ့ဘာကို အသင်းမှာဆက်ရှိနေစေဖို့ စည်းရုံးမယ့် အစီအစဉ်တွေ သူ့မှာရှိနေတယ်လို့ သိရပါတယ်။ ယူနိုက်တက်နည်းပြရာထူးကို ရယူအပြီးမှာ ဆိုးလ်ရှားဟာ ပေါ့ဘာကို အခြေတည်ပြီး အသင်းကိုတည်ဆောက်သွားမယ်လို့ ပြောကြားထားတဲ့အတွက် သူ့အနေနဲ့ အဓိကကစားသမားလို့ သတ်မှတ်ထားတဲ့ ပေါ့ဘာကို လွယ်လွယ်နဲ့ လက်လွှတ်ခံမှာမဟုတ်ဘူးလို့လည်း ပြောထားပါတယ်။

အေးဂျင့်ဖြစ်သူ ရွိုင်အိုလာက မီးလောင်ရာလေပင့်ဆိုသလို သူ့ကစားသမားဟာ နွေဈေးကွက်အတွင်း ယူနိုက်တက်ကနေ ထွက်ခွာမှာဖြစ်ကြောင်း တွင်တွင်ပြောနေပေမဲ့ ပေါ့ဘာကတော့ ယူနိုက်တက်နဲ့ စာချုပ်သက်တမ်း (၂)နှစ်ကျန်ရှိနေပါသေးတယ်။ ဒီအချက်ဟာ ပေါ့ဘာကို ဆက်ထိန်းနိုင်ရေးမှာ ဆိုးလ်ရှားအတွက် အဓိကကျလာမှာဖြစ်ပြီး၊ ကစားသမားရဲ့လစာကို ထပ်တိုးပေးဖို့ ပြင်ဆင်လာဖွယ်လည်း ရှိနေပါတယ်။

အသင်းရဲ့အဓိက အခန်းကဏ္ဍအနေနဲ့လည်း ဦးစားပေးခံရမယ်၊ လုပ်ခလစာကိုလည်း တိုးမြှင့်ရရှိမယ် ဆိုရင်တော့ ပေါ့ဘာအနေနဲ့ ဆုံးဖြတ်ချက်ပြောင်းလဲလာနိုင်ပြီး၊ ရာသီသစ်အတွက် ဆိုးလ်ရှားရဲ့ ပထမဆုံး တာဝန်ဖြစ်တဲ့ ပေါ့ဘာကို အိုးထရက်ဖို့မှာ ဆက်ထိန်းနိုင်ရေး ဟာလည်း အောင်မြင်မြင်ပြီးမြောက်နိုင်ဖွယ်ရှိနေပါတယ်။

လူညိုချော@SportsGabar