နယူးကာဆယ္နည္းျပရာထူးအတြက္ စတီဗင္ဂ်ရက္ဘာေျပာခဲ့လဲ?

ဒီရက္ပိုင္းအတြင္းထြက္ေပၚေနတဲ့ သတင္းေတြအရ ပရီးမီးယားလိဂ္ကလပ္ နယူးကာဆယ္ယူႏိုက္တက္ အသင္းရဲ႕နည္းျပရာထူးအတြက္ လီဗာပူးလ္အသင္းေခါင္းေဆာင္ေဟာင္း စတီဗင္ဂ်ရက္က ေရပန္းအစားဆံုးျဖစ္ေနပါတယ္။

ကစားသမားဘ၀မွာ ဂ်ရက္ဟာ နယူးကာဆယ္အသင္းနဲ႔ ျပိဳင္ဘက္ေတြအျဖစ္ အၾကိမ္ၾကိမ္ရင္ဆိုင္ခဲ့ဖူးေပမဲ့ လက္ရွိအခ်ိန္မွာေတာ့ ငွက္ၾကားတို႔ရဲ႕နည္းျပသစ္ျဖစ္လာဖို႔ အေၾကာင္းဖန္လာခဲ့ပါျပီ။ ဘာေၾကာင့္လဲဆိုေတာ့ အဂၤလန္မွာရွိတဲ့ သတင္းမီဒီယာေတြက စတီဗင္ဂ်ရက္ဟာ နယူးကာဆယ္နည္းျပသစ္ျဖစ္လာဖို႔ ေရပန္းအစားဆံုးျဖစ္ေနတယ္လို႔ ေဖာ္ျပခဲ့ၾကတာေၾကာင့္ပါ။

ဒါ့ေၾကာင့္ လက္ရွိအခ်ိန္မွာ ရိန္းဂ်ားအသင္းကို နည္းျပအျဖစ္ကိုင္တြယ္ေနတဲ့ စတီဗင္ဂ်ရက္ဟာ ဘင္နီတက္ဇ္ထြက္ခြာသြားျပီးေနာက္ လစ္လပ္ေနတဲ့ နယူးကာဆယ္နည္းျပ ရာထူးေနရာမွာ အစားထိုးခံရဖို႔ ျဖစ္ႏိုင္ေျခအရွိဆံုးလို႔ယူဆေနၾကပါတယ္။ ဒါေပမဲ့ စတီဗင္ဂ်ရက္ကေတာ့ နယူးကာဆယ္ထံကေန သူ႔အတြက္ ကမ္းလွမ္းမႈတစ္စံုတစ္ရာ မရရွိေသးဘူးလို႔ ထုတ္ေဖာ္သြားခဲ့ပါတယ္။ ဂ်ရက္က-

” ကြ်န္ေတာ္ နယူးကာဆယ္အသင္းရဲ႕နည္းျပျဖစ္လာမယ္ဆိုတဲ့ သတင္းေတြက အတုအေယာင္ေတြပါ။ ကြ်န္ေတာ္ကိုယ္တိုင္ေတာင္ အဲတာကို မသိခဲ့ပါဘူး။ ကြ်န္ေတာ့္ဆီကို ဘာကမ္းလွမ္းမႈမွ ေရာက္မလာေသးပါဘူး “လို႔ ျငင္းဆန္သြားခဲ့တာပါ။

ပရီးမီးယားလိဂ္မွာ ၾကိဳးၾကာနီတို႔နဲ႔အတူ အျမင့္ပ်ံသန္းခဲ့ဖူးတဲ့ စတီဗင္ဂ်ရက္ဟာ လီဗာပူးလ္အကယ္ဒမီကေန ထြက္ေပၚလာခဲ့သူျဖစ္ျပီး၊ (၁၉၉၈)ခုႏွစ္မွာ အသင္းၾကီးအတြက္ စတင္ပြဲထြက္ကစားခဲ့သူပါ။ အဂၤလန္မွာ သူက်င္လည္ခဲ့တဲ့ ကစားသမားဘ၀တစ္ေလွ်ာက္ လီဗာပူးလ္တစ္သင္းတည္းအတြက္သာ ကစားေပးခဲ့တဲ့ သစၥာရွင္ၾကီးဟာ ပရီးမီးယားလိဂ္ပြဲေပါင္း (၅၀၄)ပြဲကစား၊ (၁၂၁)ဂိုးသြင္းကာ အၾကိမ္(၇၀)ဂိုးဖန္တီးေပးႏိုင္ခဲ့ပါတယ္။

လူညိဳေခ်ာ@SportsGabar

unicode

နယူးကာဆယ်နည်းပြရာထူးအတွက် စတီဗင်ဂျရက်ဘာပြောခဲ့လဲ?

ဒီရက်ပိုင်းအတွင်းထွက်ပေါ်နေတဲ့ သတင်းတွေအရ ပရီးမီးယားလိဂ်ကလပ် နယူးကာဆယ်ယူနိုက်တက် အသင်းရဲ့နည်းပြရာထူးအတွက် လီဗာပူးလ်အသင်းခေါင်းဆောင်ဟောင်း စတီဗင်ဂျရက်က ရေပန်းအစားဆုံးဖြစ်နေပါတယ်။

ကစားသမားဘဝမှာ ဂျရက်ဟာ နယူးကာဆယ်အသင်းနဲ့ ပြိုင်ဘက်တွေအဖြစ် အကြိမ်ကြိမ်ရင်ဆိုင်ခဲ့ဖူးပေမဲ့ လက်ရှိအချိန်မှာတော့ ငှက်ကြားတို့ရဲ့နည်းပြသစ်ဖြစ်လာဖို့ အကြောင်းဖန်လာခဲ့ပါပြီ။ ဘာကြောင့်လဲဆိုတော့ အင်္ဂလန်မှာရှိတဲ့ သတင်းမီဒီယာတွေက စတီဗင်ဂျရက်ဟာ နယူးကာဆယ်နည်းပြသစ်ဖြစ်လာဖို့ ရေပန်းအစားဆုံးဖြစ်နေတယ်လို့ ဖော်ပြခဲ့ကြတာကြောင့်ပါ။

ဒါ့ကြောင့် လက်ရှိအချိန်မှာ ရိန်းဂျားအသင်းကို နည်းပြအဖြစ်ကိုင်တွယ်နေတဲ့ စတီဗင်ဂျရက်ဟာ ဘင်နီတက်ဇ်ထွက်ခွာသွားပြီးနောက် လစ်လပ်နေတဲ့ နယူးကာဆယ်နည်းပြ ရာထူးနေရာမှာ အစားထိုးခံရဖို့ ဖြစ်နိုင်ခြေအရှိဆုံးလို့ယူဆနေကြပါတယ်။ ဒါပေမဲ့ စတီဗင်ဂျရက်ကတော့ နယူးကာဆယ်ထံကနေ သူ့အတွက် ကမ်းလှမ်းမှုတစ်စုံတစ်ရာ မရရှိသေးဘူးလို့ ထုတ်ဖော်သွားခဲ့ပါတယ်။ ဂျရက်က-

” ကျွန်တော် နယူးကာဆယ်အသင်းရဲ့နည်းပြဖြစ်လာမယ်ဆိုတဲ့ သတင်းတွေက အတုအယောင်တွေပါ။ ကျွန်တော်ကိုယ်တိုင်တောင် အဲတာကို မသိခဲ့ပါဘူး။ ကျွန်တော့်ဆီကို ဘာကမ်းလှမ်းမှုမှ ရောက်မလာသေးပါဘူး “လို့ ငြင်းဆန်သွားခဲ့တာပါ။

ပရီးမီးယားလိဂ်မှာ ကြိုးကြာနီတို့နဲ့အတူ အမြင့်ပျံသန်းခဲ့ဖူးတဲ့ စတီဗင်ဂျရက်ဟာ လီဗာပူးလ်အကယ်ဒမီကနေ ထွက်ပေါ်လာခဲ့သူဖြစ်ပြီး၊ (၁၉၉၈)ခုနှစ်မှာ အသင်းကြီးအတွက် စတင်ပွဲထွက်ကစားခဲ့သူပါ။ အင်္ဂလန်မှာ သူကျင်လည်ခဲ့တဲ့ ကစားသမားဘဝတစ်လျှောက် လီဗာပူးလ်တစ်သင်းတည်းအတွက်သာ ကစားပေးခဲ့တဲ့ သစ္စာရှင်ကြီးဟာ ပရီးမီးယားလိဂ်ပွဲပေါင်း (၅၀၄)ပွဲကစား၊ (၁၂၁)ဂိုးသွင်းကာ အကြိမ်(၇၀)ဂိုးဖန်တီးပေးနိုင်ခဲ့ပါတယ်။

လူညိုချော@SportsGabar