ေပၚတူဂီနဲ႔ နယ္သာလန္တို႔ ေတြ႔ဆံုမယ့္ ေနရွင္လိဂ္ဗိုလ္လုပြဲအေၾကာင္း သိေကာင္းစရာမ်ား

အဂၤလန္အသင္းကို (၃-၁)ဆိုတဲ့ ရလဒ္နဲ႔ နယ္သာလန္တို႔ ေနာက္ေကာက္ခ်အျပီးမွာေတာ့ ဗိုလ္လုပြဲမွာ အသင္းႏွစ္သင္းက အတိအက် အေျဖေပၚခဲ့ပါျပီ။ စီေရာ္နယ္ဒို ဦးေဆာင္တဲ့ ေပၚတူဂီနဲ႔ တစ္ဘက္က ဗန္ဒိုက္၊ ဒီလိုက္၊ ဒီေဂ်ာင္တုိ႕ ပြဲထြက္လာမယ့္ နယ္သာလန္အသင္းတို႔က အေျဖရွာေတာ့မွာပါ။

ထူးျခားခ်က္အေနနဲ႔ ခ်န္ပီယံလိဂ္မွာ ေတြ႕ဆံုခဲ့တဲ့ ဒီလိုက္နဲ႔ စီေရာ္နယ္ဒိုတို႔ အားျပိဳင္မႈကို ျပန္ျမင္ရမွာျဖစ္ျပီး၊ အကောင္းဆံုး ကစားသမား စာရင္၀င္ေတြျဖစ္တဲ့ စီေရာ္နယ္ဒုိ၊ ဗန္ဒုိက္၊ ဒီလစ္၊ ဒီေဂ်ာင္၊ ၀ွစ္ခ်္နယ္ဒန္တို႕လို႔ ကစားသမားေတြ ျပန္ေတြ႕တာပါပဲ။ နယ္သာလန္လူစာရင္းက ပိုေတာင့္တင္းတယ္လို႔ေတာ့ ဆိုရမွာပါ။

ဗိုလ္လုပြဲ က်င္းပမယ့္ ႏိုင္ငံကေတာ့ ေပၚတူဂီႏိုင္ငံ၊ ေပၚတိုျမိဳ႕႔၊ အက္စတာရီဒို ဒရာေဂါင္ကြင္းမွာျဖစ္လို႔ ေပၚတူဂီတို႔ အိမ္ရွင္အားသာခ်က္ရထားပါတယ္။ လာမယ့္ တနဂၤေႏြေန႔ (၉)ရက္ေန႔၊ ည (၁)နာရီ (၁၅)အခ်ိန္မွာ ဗိုလ္လုပြဲကို ကစားသြားမွာျဖစ္ျပီး၊ တတိယလုပြဲ အဂၤလန္နဲ႔ ဆြစ္ဇာလန္ပြဲစဥ္ကိုေတာ့ (၉)ရက္ေန႔ည (၇)နာရီ (၃၀)မွာ ကစားသြားမွာပါ။

ဆုေၾကးအေနနဲ႔ ပထမဆုရသူကို ယူရုိ (၁၀.၅)သန္း၊ ဒုတိယဆု (၉)သန္း၊ တတိယဆို (၈)သန္း၊ စတုတၳဆု (၇)သန္းေပးအပ္မွာပါ။ ဆုေၾကးေငြပံုစံက ဆီးမီးဖိုင္နယ္ကို တက္ေရာ္ကလာတဲ့ ေလးသင္းကို စုစုေပါင္း (၄.၅)သန္းနဂိုကတည္းကပါျပီးသားနဲ႔ ေအအဆင့္မွာပါလာတဲ့ အသင္းေတြကို ယူရို (၂.၂၅)သန္း၊ ေအအုပ္စုကို အႏိုင္ရလာတဲ့အသင္းေတြကို ယူရို (၂.၂၅)သန္း ထပ္ေပါင္းေပးမွာပါ။

ဆုေၾကးေငြ စုစုေပါင္း (၇၆.၂၅)သန္းကို ပါ၀င္တဲ့ ႏုိင္ငံေပါင္း (၅၅)ႏုိင္ငံ အဖြဲ႔အစည္းေတြကေန ေပးအပ္မွာ ျဖစ္ပါတယ္။ အမ်ားထင္ေနတဲ့စည္းမ်ဥ္းျဖစ္တဲ့ အႏိုင္ရသူက ယူရို (၂၀၂၀)၀င္ခြင့္ရမွာ မဟုတ္ဘဲ သတ္သတ္စီရွိေနမွာပါ။ ဗီဒီယိုအကူလက္ေထာက္ဒိုင္ကိုသံုးမယ့္ ပထမဆံုး ေနရွင္လိဂ္ဗိုလ္လုပြဲ ျဖစ္လာမွာျဖစ္ျပီး၊ စိတ္၀င္စားစရာအခ်က္ေတြ အမ်ားၾကီးက ေစာင့္ၾကိဳေနတယ္လို႔ ဆိုရမွာပါပဲ။

ေရႊရင္ေအး@SportsGabar

Unicode

ပေါ်တူဂီနဲ့ နယ်သာလန်တို့ တွေ့ဆုံမယ့် နေရှင်လိဂ်ဗိုလ်လုပွဲအကြောင်း သိကောင်းစရာများ

အင်္ဂလန်အသင်းကို (၃-၁)ဆိုတဲ့ ရလဒ်နဲ့ နယ်သာလန်တို့ နောက်ကောက်ချအပြီးမှာတော့ ဗိုလ်လုပွဲမှာ အသင်းနှစ်သင်းက အတိအကျ အဖြေပေါ်ခဲ့ပါပြီ။ စီရော်နယ်ဒို ဦးဆောင်တဲ့ ပေါ်တူဂီနဲ့ တစ်ဘက်က ဗန်ဒိုက်၊ ဒီလိုက်၊ ဒီဂျောင်တို့ ပွဲထွက်လာမယ့် နယ်သာလန်အသင်းတို့က အဖြေရှာတော့မှာပါ။

ထူးခြားချက်အနေနဲ့ ချန်ပီယံလိဂ်မှာ တွေ့ဆုံခဲ့တဲ့ ဒီလိုက်နဲ့ စီရော်နယ်ဒိုတို့ အားပြိုင်မှုကို ပြန်မြင်ရမှာဖြစ်ပြီး၊ အကောင်းဆုံး ကစားသမား စာရင်ဝင်တွေဖြစ်တဲ့ စီရော်နယ်ဒို၊ ဗန်ဒိုက်၊ ဒီလစ်၊ ဒီဂျောင်၊ ဝှစ်ချ်နယ်ဒန်တို့လို့ ကစားသမားတွေ ပြန်တွေ့တာပါပဲ။ နယ်သာလန်လူစာရင်းက ပိုတောင့်တင်းတယ်လို့တော့ ဆိုရမှာပါ။

ဗိုလ်လုပွဲ ကျင်းပမယ့် နိုင်ငံကတော့ ပေါ်တူဂီနိုင်ငံ၊ ပေါ်တိုမြို့၊ အက်စတာရီဒို ဒရာဂေါင်ကွင်းမှာဖြစ်လို့ ပေါ်တူဂီတို့ အိမ်ရှင်အားသာချက်ရထားပါတယ်။ လာမယ့် တနင်္ဂနွေနေ့ (၉)ရက်နေ့၊ ည (၁)နာရီ (၁၅)အချိန်မှာ ဗိုလ်လုပွဲကို ကစားသွားမှာဖြစ်ပြီး၊ တတိယလုပွဲ အင်္ဂလန်နဲ့ ဆွစ်ဇာလန်ပွဲစဉ်ကိုတော့ (၉)ရက်နေ့ည (၇)နာရီ (၃၀)မှာ ကစားသွားမှာပါ။

ဆုကြေးအနေနဲ့ ပထမဆုရသူကို ယူရို (၁၀.၅)သန်း၊ ဒုတိယဆု (၉)သန်း၊ တတိယဆို (၈)သန်း၊ စတုတ္ထဆု (၇)သန်းပေးအပ်မှာပါ။ ဆုကြေးငွေပုံစံက ဆီးမီးဖိုင်နယ်ကို တက်ရော်ကလာတဲ့ လေးသင်းကို စုစုပေါင်း (၄.၅)သန်းနဂိုကတည်းကပါပြီးသားနဲ့ အေအဆင့်မှာပါလာတဲ့ အသင်းတွေကို ယူရို (၂.၂၅)သန်း၊ အေအုပ်စုကို အနိုင်ရလာတဲ့အသင်းတွေကို ယူရို (၂.၂၅)သန်း ထပ်ပေါင်းပေးမှာပါ။

ဆုကြေးငွေ စုစုပေါင်း (၇၆.၂၅)သန်းကို ပါဝင်တဲ့ နိုင်ငံပေါင်း (၅၅)နိုင်ငံ အဖွဲ့အစည်းတွေကနေ ပေးအပ်မှာ ဖြစ်ပါတယ်။ အများထင်နေတဲ့စည်းမျဉ်းဖြစ်တဲ့ အနိုင်ရသူက ယူရို (၂၀၂၀)ဝင်ခွင့်ရမှာ မဟုတ်ဘဲ သတ်သတ်စီရှိနေမှာပါ။ ဗီဒီယိုအကူလက်ထောက်ဒိုင်ကိုသုံးမယ့် ပထမဆုံး နေရှင်လိဂ်ဗိုလ်လုပွဲ ဖြစ်လာမှာဖြစ်ပြီး၊ စိတ်ဝင်စားစရာအချက်တွေ အများကြီးက စောင့်ကြိုနေတယ်လို့ ဆိုရမှာပါပဲ။

ရွှေရင်အေး@SportsGabar