ပရီးမီးယားလိဂ္ကလပ္အသင္းထံ ကန္ဆယ္လိုကို ေရာင္းမယ့္ ဂ်ဴဗင္တပ္

ကစားသမားအ၀င္ေတြပဲမ်ားေနတဲ့ ဂ်ဴဗင္တပ္တို႔ဟာ အသင္းရဲ႕လူအ၀င္အထြက္ဟန္ခ်က္ကိုထိန္းဖို႔အတြက္ ကစားသမားျပန္လည္ေရာင္းခ်မႈအေနနဲ႔ ဥေရာပအသင္းေတြက မ်က္စိက်ေနတဲ့ အသင္းရဲ႕ေနာက္ခံလူ ကန္ဆယ္လိုကို ေရာင္းထုတ္ဖို႔ ျပင္ဆင္ေနပါတယ္။

ကန္ဆယ္လိုကို ပရီးမီးယားလိဂ္ကလပ္ မန္စီးတီးအသင္းကလည္း ေခၚယူဖို႔ လိုက္ေနတာၾကာျပီျဖစ္ျပီး၊ ဆာရီ ဂ်ဴဗီနည္းျပသစ္ ျဖစ္လာျပီးေနာက္မွာေတာ့ ကန္ဆယ္လိုကို ေရာင္းဖို႔ ဆံုးျဖတ္ခဲ့ပါတယ္။ မန္စီးတီးဟာ အက္သလက္ကြင္းလယ္ခံစစ္သမား ရိုဒရီနဲ႔ ပီအက္စ္ဗီအသင္း ဘယ္ေနာက္ခံလူ အိန္ဂ်လီႏို တို႔ကိုေခၚယူထားျပီးျဖစ္ေပမဲ့ နည္းျပဂြာဒီယိုလာအေနနဲ႔ အသင္းရဲ႕ ညာေနာက္ခံေနရာအတြက္ ကန္ဆယ္လိုကို ေခၚယူအားျဖည့္ဖို႔ေမွ်ာ္လင့္ေနတာပါ။

ဂ်ဴဗင္တပ္က ေရာင္းဖို႔ ျပင္ေနေပမဲ့လည္း ကန္ဆယ္လိုရဲ႕ ေျခစြမ္းေျခစဟာ အထင္ၾကီးစရာအေနအထားမွာေတာ့ရွိေနပါတယ္။ ဒီအသက္(၂၅)ႏွစ္အရြယ္ ေနာက္ခံလူဟာ ျပီးခဲ့တဲ့ရာသီက စီးရီးေအခ်န္ပီယံဆုကို ဂ်ဴဗင္တပ္ရယူရာမွာ ကူညီေပးႏိုင္ခဲ့သူျဖစ္သလို၊ ႏိုင္ငံအသင္းျဖစ္တဲ့ ေပၚတူဂီအတြက္လည္း ေနရွင္လိဂ္ခ်န္ပီယံဆုဆြတ္ခူးႏိုင္ေအာင္ ပံ့ပိုးေပးႏိုင္ခဲ့ပါတယ္။

ဘင္ဖီကာ၊ ဗလင္စီယာ၊ အင္တာမီလန္အသင္းေတြမွာလည္း အခ်ိန္အေတာ္ၾကာ ကစားခဲ့ဖူးတဲ့ ကန္ဆယ္လိုဟာ နည္းစနစ္ပိုင္းအားျပဳတဲ့ ကစားသမားတစ္ေယာက္ျဖစ္ျပီး၊ ဥေရာပတစ္လႊားက နည္းျပေတြ စိတ္ၾကိဳက္ ကစားသမားလည္းျဖစ္ပါတယ္။ မန္စီးတီးကေတာ့ ကန္ဆယ္လိုအတြက္ ယူရိုသန္း(၆၀)ေပးဖို႔ျပင္ဆင္ထားျပီး ဂ်ဴဗင္တပ္တာ၀န္ရွိသူေတြနဲ႔ ေဆြးေႏြးရာမွာ ခရီးအေတာ္ေပါက္ေနျပီလို႔လည္း သိရပါတယ္။

လူညိဳေခ်ာ@SportsGabar

unicode

ပရီးမီးယားလိဂ်ကလပ်အသင်းထံ ကန်ဆယ်လိုကို ရောင်းမယ့် ဂျူဗင်တပ်

ကစားသမားအဝင်တွေပဲများနေတဲ့ ဂျူဗင်တပ်တို့ဟာ အသင်းရဲ့လူအဝင်အထွက်ဟန်ချက်ကိုထိန်းဖို့အတွက် ကစားသမားပြန်လည်ရောင်းချမှုအနေနဲ့ ဥရောပအသင်းတွေက မျက်စိကျနေတဲ့ အသင်းရဲ့နောက်ခံလူ ကန်ဆယ်လိုကို ရောင်းထုတ်ဖို့ ပြင်ဆင်နေပါတယ်။

ကန်ဆယ်လိုကို ပရီးမီးယားလိဂ်ကလပ် မန်စီးတီးအသင်းကလည်း ခေါ်ယူဖို့ လိုက်နေတာကြာပြီဖြစ်ပြီး၊ ဆာရီ ဂျူဗီနည်းပြသစ် ဖြစ်လာပြီးနောက်မှာတော့ ကန်ဆယ်လိုကို ရောင်းဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ မန်စီးတီးဟာ အက်သလက်ကွင်းလယ်ခံစစ်သမား ရိုဒရီနဲ့ ပီအက်စ်ဗီအသင်း ဘယ်နောက်ခံလူ အိန်ဂျလီနို တို့ကိုခေါ်ယူထားပြီးဖြစ်ပေမဲ့ နည်းပြဂွာဒီယိုလာအနေနဲ့ အသင်းရဲ့ ညာနောက်ခံနေရာအတွက် ကန်ဆယ်လိုကို ခေါ်ယူအားဖြည့်ဖို့မျှော်လင့်နေတာပါ။

ဂျူဗင်တပ်က ရောင်းဖို့ ပြင်နေပေမဲ့လည်း ကန်ဆယ်လိုရဲ့ ခြေစွမ်းခြေစဟာ အထင်ကြီးစရာအနေအထားမှာတော့ရှိနေပါတယ်။ ဒီအသက်(၂၅)နှစ်အရွယ် နောက်ခံလူဟာ ပြီးခဲ့တဲ့ရာသီက စီးရီးအေချန်ပီယံဆုကို ဂျူဗင်တပ်ရယူရာမှာ ကူညီပေးနိုင်ခဲ့သူဖြစ်သလို၊ နိုင်ငံအသင်းဖြစ်တဲ့ ပေါ်တူဂီအတွက်လည်း နေရှင်လိဂ်ချန်ပီယံဆုဆွတ်ခူးနိုင်အောင် ပံ့ပိုးပေးနိုင်ခဲ့ပါတယ်။

ဘင်ဖီကာ၊ ဗလင်စီယာ၊ အင်တာမီလန်အသင်းတွေမှာလည်း အချိန်အတော်ကြာ ကစားခဲ့ဖူးတဲ့ ကန်ဆယ်လိုဟာ နည်းစနစ်ပိုင်းအားပြုတဲ့ ကစားသမားတစ်ယောက်ဖြစ်ပြီး၊ ဥရောပတစ်လွှားက နည်းပြတွေ စိတ်ကြိုက် ကစားသမားလည်းဖြစ်ပါတယ်။ မန်စီးတီးကတော့ ကန်ဆယ်လိုအတွက် ယူရိုသန်း(၆၀)ပေးဖို့ပြင်ဆင်ထားပြီး ဂျူဗင်တပ်တာဝန်ရှိသူတွေနဲ့ ဆွေးနွေးရာမှာ ခရီးအတော်ပေါက်နေပြီလို့လည်း သိရပါတယ်။

လူညိုချော@SportsGabar