ျပႆနာကို မီးေမႊးလိုက္ျပန္တဲ့ ေနမာ

ဘရာဇီးလ္တိုက္စစ္မွဴးေနမာကေတာ့ ပီအက္စ္ဂ်ီနဲ႔သူ႔ၾကား ဆက္ဆံေရးကို ထိခိုက္ေစမယ့္ လုပ္ရပ္တစ္ခုကို လုပ္လိုက္ျပန္ပါျပီ။ အဲတာကေတာ့ ေနမာဟာ ပီအက္စ္ဂ်ီအသင္းရဲ႕ ရာသီၾကိဳေလ့က်င့္ခန္းအစီအစဥ္ကို လာေရာက္ပူးေပါင္းဖို႔ ပ်က္ကြက္ခဲ့တာပဲျဖစ္ပါတယ္။

ေနမာဟာ ေမြးရပ္ေျမျဖစ္တဲ့ ဘရာဇီးလ္မွာရွိေနစဥ္ ပီအက္စ္ဂ်ီကို မျပန္ခ်င္တဲ့သူ႔ဆႏၵကို ယတိျပတ္ ထုတ္ေဖာ္ေျပာၾကားထားခဲ့ျပီးျဖစ္ကာ အခုအခ်ိန္အထိလည္း ျပင္သစ္ကို ျပန္မလာေသးတာျဖစ္ပါတယ္။ ဒါနဲ႔ပတ္သက္ျပီး ပီအက္စ္ဂ်ီအသင္းကေတာ့ ေၾကျငာခ်က္တစ္ခုထုတ္ျပန္သြားခဲ့ပါတယ္။

” ဂ်ဴလိုင္လ(၈)ရက္၊ တနလၤာေန႔မွာ ေနမာဟာ ပီအက္စ္ဂ်ီထံျပန္လာျပီး အသင္းရဲ႕ရာသီၾကိဳလႈပ္ရွားမႈေတြကို လာေရာက္ပူးေပါင္းရမွာျဖစ္ပါတယ္။ ဒါေပမဲ့ သတ္မွတ္ထားတဲ့အခ်ိန္နဲ႔ေနရာကို ေနမာ ေရာက္မလာခဲ့ပါဘူး။ သူ ပ်က္ကြက္ခဲ့တာအတြက္လည္း ေနမာဟာ ပီအက္စ္ဂ်ီအသင္းထံ ခြင့္ေတာင္းခဲ့ျခင္းမရွိပါဘူး ”

” ဒီအေျခအေနအေပၚ ကလပ္အသင္းဘက္က မ်ားစြာစိတ္မေကာင္းျဖစ္ရျပီး၊ သင့္ေတာ္တဲ့ ဆံုးျဖတ္ခ်က္တစ္ခုကို မၾကာခင္ခ်မွတ္သြားပါမယ္ “လို႔ ထုတ္ျပန္သြားခဲ့ပါတယ္။

ေနမာဟာ ေျခခ်င္း၀တ္ဒဏ္ရာေၾကာင့္ ဘရာဇီးလ္အသင္းရဲ႕ ကိုပါအေမရိကျပိဳင္ပြဲကို ပါ၀င္ယွဥ္ျပိဳင္ခြင့္မရခဲ့သလို ဆုဖလားကိုင္ေျမာက္ရမယ့္ အခြင့္အေရးနဲ႔လည္း လြဲေခ်ာ္ခဲ့သူျဖစ္ပါတယ္။ ဒါေပမဲ့လည္း ေနမာဟာ အသင္းနဲ႔ ျပန္လည္ပူးေပါင္းရမယ့္အခ်ိန္မွာ အခုလို အေၾကာင္းမဲ့ ပ်က္ကြက္ခဲ့တာေၾကာင့္ သူနဲ႔ ပီအက္စ္ဂ်ီတို႔ရဲ႕ၾကားက ဆက္ဆံေရး အက္ေၾကာင္းေတြဟာ ပိုမိုကြဲအက္လာခဲ့ျပီလို႔ဆိုရမွာျဖစ္ပါတယ္။

လူညိဳေခ်ာ@SportsGabar

unicode

ပြဿနာကို မီးမွှေးလိုက်ပြန်တဲ့ နေမာ

ဘရာဇီးလ်တိုက်စစ်မှူးနေမာကတော့ ပီအက်စ်ဂျီနဲ့သူ့ကြား ဆက်ဆံရေးကို ထိခိုက်စေမယ့် လုပ်ရပ်တစ်ခုကို လုပ်လိုက်ပြန်ပါပြီ။ အဲတာကတော့ နေမာဟာ ပီအက်စ်ဂျီအသင်းရဲ့ ရာသီကြိုလေ့ကျင့်ခန်းအစီအစဉ်ကို လာရောက်ပူးပေါင်းဖို့ ပျက်ကွက်ခဲ့တာပဲဖြစ်ပါတယ်။

နေမာဟာ မွေးရပ်မြေဖြစ်တဲ့ ဘရာဇီးလ်မှာရှိနေစဉ် ပီအက်စ်ဂျီကို မပြန်ချင်တဲ့သူ့ဆန္ဒကို ယတိပြတ် ထုတ်ဖော်ပြောကြားထားခဲ့ပြီးဖြစ်ကာ အခုအချိန်အထိလည်း ပြင်သစ်ကို ပြန်မလာသေးတာဖြစ်ပါတယ်။ ဒါနဲ့ပတ်သက်ပြီး ပီအက်စ်ဂျီအသင်းကတော့ ကြေငြာချက်တစ်ခုထုတ်ပြန်သွားခဲ့ပါတယ်။

” ဂျူလိုင်လ(၈)ရက်၊ တနင်္လာနေ့မှာ နေမာဟာ ပီအက်စ်ဂျီထံပြန်လာပြီး အသင်းရဲ့ရာသီကြိုလှုပ်ရှားမှုတွေကို လာရောက်ပူးပေါင်းရမှာဖြစ်ပါတယ်။ ဒါပေမဲ့ သတ်မှတ်ထားတဲ့အချိန်နဲ့နေရာကို နေမာ ရောက်မလာခဲ့ပါဘူး။ သူ ပျက်ကွက်ခဲ့တာအတွက်လည်း နေမာဟာ ပီအက်စ်ဂျီအသင်းထံ ခွင့်တောင်းခဲ့ခြင်းမရှိပါဘူး ”

” ဒီအခြေအနေအပေါ် ကလပ်အသင်းဘက်က များစွာစိတ်မကောင်းဖြစ်ရပြီး၊ သင့်တော်တဲ့ ဆုံးဖြတ်ချက်တစ်ခုကို မကြာခင်ချမှတ်သွားပါမယ် “လို့ ထုတ်ပြန်သွားခဲ့ပါတယ်။

နေမာဟာ ခြေချင်းဝတ်ဒဏ်ရာကြောင့် ဘရာဇီးလ်အသင်းရဲ့ ကိုပါအမေရိကပြိုင်ပွဲကို ပါဝင်ယှဉ်ပြိုင်ခွင့်မရခဲ့သလို ဆုဖလားကိုင်မြောက်ရမယ့် အခွင့်အရေးနဲ့လည်း လွဲချော်ခဲ့သူဖြစ်ပါတယ်။ ဒါပေမဲ့လည်း နေမာဟာ အသင်းနဲ့ ပြန်လည်ပူးပေါင်းရမယ့်အချိန်မှာ အခုလို အကြောင်းမဲ့ ပျက်ကွက်ခဲ့တာကြောင့် သူနဲ့ ပီအက်စ်ဂျီတို့ရဲ့ကြားက ဆက်ဆံရေး အက်ကြောင်းတွေဟာ ပိုမိုကွဲအက်လာခဲ့ပြီလို့ဆိုရမှာဖြစ်ပါတယ်။

လူညိုချော@SportsGabar