ဂ်ာအိုဖိလစ္ကို ေခၚယူႏိုင္ခဲ့ျပီျဖစ္တဲ့ စပိန္ကလပ္

စပိန္ကလပ္ အက္သလက္တီကို မက္ဒရစ္အသင္းဟာ ဘင္ဖီကာအသင္းရဲ႕ေပၚတူဂီတိုက္စစ္မွဴး ဂ်ာအိုဖိလစ္ကို ေျပာင္းေရႊ႕ေၾကးယူရိုသန္း(၁၂၀)နဲ႔ေခၚယူႏိုင္ခဲ့ျပီလို႔ သိရပါတယ္။

အေျပာင္းအေရႊ႕ကာလအတြင္း ဥေရာပအသင္းၾကီးေတာ္ေတာ္မ်ားမ်ားနဲ႔ သတင္းထြက္ခဲ့တဲ့ ဂ်ာအုိဖိလစ္ဟာ ေနာက္ဆံုးမွာေတာ့ ေရပန္းစားေနတဲ့အသင္းေတြျဖစ္တဲ့ မန္ခ်က္စတာယူႏိုက္တက္နဲ႔ မန္ခ်က္စတာစီးတီးအသင္းေတြကို ေက်ာ္လြန္ျပီး အက္သလက္တီကိုအသင္းထံ ေရာက္ရွိလာခဲ့တာျဖစ္ပါတယ္။ ေဘာလံုးသမိုင္းမွာ ေနမာ၊ ဘာေပ၊ ေကာ္တင္ဟို၊ ဒမ္ဘီလီတိ္ု႔ေနာက္ပိုင္း ဂ်ာအိုဖိလစ္ဟာ (၅)ေယာက္ေျမာက္ ေစ်းအၾကီးဆံုး ကစားသမားလည္းျဖစ္လာခဲ့ပါတယ္။

လြန္းခဲ့တဲ့(၂၀၁၈)ခုႏွစ္မွာ မိုနာကိုအသင္းကေန ပီအက္စ္ဂ်ီအသင္းထံ ေျပာင္းေရႊ႕ေၾကးယူရိုသန္း(၁၈၀)နဲ႔ ေျပာင္းေရႊ႕လာခဲ့တဲ့ ဘာေပျပီးတဲ့ေနာက္ ဖိလစ္ဟာ ဒုတိယေျမာက္ ေစ်းအျမင့္ဆံုး ဆယ္ေက်ာ္သက္ကစားသမားျဖစ္လာခဲ့ပါတယ္။

ျပီးခဲ့တဲ့ ၾသဂုတ္လတုန္းကမွ ဘင္ဖီကာ စီနီယာအသင္းၾကီးအတြက္ ပြဲထြက္ခြင့္ စတင္ရရွိခဲ့တဲ့ ဒီလူငယ္ကစားသမားေလးဟာ အသင္းအတြက္ (၁၅)ဂိုးသြင္းယူေပးႏိုင္ခဲ့ျပီး၊ ေပၚတူဂီျပည္တြင္းအမွတ္ေပးခ်န္ပီယံဆုဖလားကိုပါ အရယူႏိုင္ခဲ့ပါတယ္။ ဒါေၾကာင့္ အက္သလက္တီကိုအသင္းက ဒီ(၁၉)ႏွစ္အရြယ္ကစားသမားေလးရဲ႕ေျပာင္းေရႊ႕ေၾကးအတြက္ လက္တြန္႔မေနပဲ (၆)ႏွစ္စာခ်ဳပ္ခဲ့တာလည္းျဖစ္ပါတယ္။

ေပၚတိုလူငယ္အသင္းကေန ေပၚထြက္လာခဲ့တဲ့ ဖိလစ္ဟာ ဧပရယ္လအတြင္းက ကစားခဲ့တဲ့ ဖရန္႕ဖက္အသင္းနဲ႔ ယူရိုပါလိဂ္ပြဲစဥ္မွာ ဟက္ထရစ္သြင္းယူႏိုင္ခဲ့ျပီးေနာက္ ေပၚတူဂီရဲ႕အသက္အငယ္ဆံုး ဟက္ထရစ္ရွင္အျဖစ္လည္း စံခ်ိန္တင္ႏိုင္ခဲ့တာပါ။ အက္သလက္ဟာ ဖိလစ္ရဲ႕အမည္ရိုက္ႏွိပ္ထားတဲ့ ေက်ာနံပါတ္(၇)ဂ်ာစီကို ေဖာ္ျပခဲ့တာေၾကာင့္ လက္ရွိအက္သလက္မွာ ဒီနံပါတ္ကို ၀တ္ဆင္ေနတဲ့ ဂေရ႕ဇ္မန္းအေနနဲ႔လည္း ထြက္ခြာဖို႔ ေသခ်ာသြားခဲ့ပါျပီ။

လူညိဳေခ်ာ@SportsGabar

unicode

ဂျာအိုဖိလစ်ကို ခေါ်ယူနိုင်ခဲ့ပြီဖြစ်တဲ့ စပိန်ကလပ်

စပိန်ကလပ် အက်သလက်တီကို မက်ဒရစ်အသင်းဟာ ဘင်ဖီကာအသင်းရဲ့ပေါ်တူဂီတိုက်စစ်မှူး ဂျာအိုဖိလစ်ကို ပြောင်းရွှေ့ကြေးယူရိုသန်း(၁၂၀)နဲ့ခေါ်ယူနိုင်ခဲ့ပြီလို့ သိရပါတယ်။

အပြောင်းအရွှေ့ကာလအတွင်း ဥရောပအသင်းကြီးတော်တော်များများနဲ့ သတင်းထွက်ခဲ့တဲ့ ဂျာအိုဖိလစ်ဟာ နောက်ဆုံးမှာတော့ ရေပန်းစားနေတဲ့အသင်းတွေဖြစ်တဲ့ မန်ချက်စတာယူနိုက်တက်နဲ့ မန်ချက်စတာစီးတီးအသင်းတွေကို ကျော်လွန်ပြီး အက်သလက်တီကိုအသင်းထံ ရောက်ရှိလာခဲ့တာဖြစ်ပါတယ်။ ဘောလုံးသမိုင်းမှာ နေမာ၊ ဘာပေ၊ ကော်တင်ဟို၊ ဒမ်ဘီလီတို့နောက်ပိုင်း ဂျာအိုဖိလစ်ဟာ (၅)ယောက်မြောက် ဈေးအကြီးဆုံး ကစားသမားလည်းဖြစ်လာခဲ့ပါတယ်။

လွန်းခဲ့တဲ့(၂၀၁၈)ခုနှစ်မှာ မိုနာကိုအသင်းကနေ ပီအက်စ်ဂျီအသင်းထံ ပြောင်းရွှေ့ကြေးယူရိုသန်း(၁၈၀)နဲ့ ပြောင်းရွှေ့လာခဲ့တဲ့ ဘာပေပြီးတဲ့နောက် ဖိလစ်ဟာ ဒုတိယမြောက် ဈေးအမြင့်ဆုံး ဆယ်ကျော်သက်ကစားသမားဖြစ်လာခဲ့ပါတယ်။

ပြီးခဲ့တဲ့ သြဂုတ်လတုန်းကမှ ဘင်ဖီကာ စီနီယာအသင်းကြီးအတွက် ပွဲထွက်ခွင့် စတင်ရရှိခဲ့တဲ့ ဒီလူငယ်ကစားသမားလေးဟာ အသင်းအတွက် (၁၅)ဂိုးသွင်းယူပေးနိုင်ခဲ့ပြီး၊ ပေါ်တူဂီပြည်တွင်းအမှတ်ပေးချန်ပီယံဆုဖလားကိုပါ အရယူနိုင်ခဲ့ပါတယ်။ ဒါကြောင့် အက်သလက်တီကိုအသင်းက ဒီ(၁၉)နှစ်အရွယ်ကစားသမားလေးရဲ့ပြောင်းရွှေ့ကြေးအတွက် လက်တွန့်မနေပဲ (၆)နှစ်စာချုပ်ခဲ့တာလည်းဖြစ်ပါတယ်။

ပေါ်တိုလူငယ်အသင်းကနေ ပေါ်ထွက်လာခဲ့တဲ့ ဖိလစ်ဟာ ဧပရယ်လအတွင်းက ကစားခဲ့တဲ့ ဖရန့်ဖက်အသင်းနဲ့ ယူရိုပါလိဂ်ပွဲစဉ်မှာ ဟက်ထရစ်သွင်းယူနိုင်ခဲ့ပြီးနောက် ပေါ်တူဂီရဲ့အသက်အငယ်ဆုံး ဟက်ထရစ်ရှင်အဖြစ်လည်း စံချိန်တင်နိုင်ခဲ့တာပါ။ အက်သလက်ဟာ ဖိလစ်ရဲ့အမည်ရိုက်နှိပ်ထားတဲ့ ကျောနံပါတ်(၇)ဂျာစီကို ဖော်ပြခဲ့တာကြောင့် လက်ရှိအက်သလက်မှာ ဒီနံပါတ်ကို ဝတ်ဆင်နေတဲ့ ဂရေ့ဇ်မန်းအနေနဲ့လည်း ထွက်ခွာဖို့ သေချာသွားခဲ့ပါပြီ။

လူညိုချော@SportsGabar