အာဆင္နယ္ေခၚယူရမယ့္ကစားသမားကိုေျပာျပလိုက္တ့ဲ ၀ီရႈိင္းယား

အာဆင္နယ္အသင္းရဲ႕ကစားသမားေဟာင္း ဂ်က္၀ီရိႈင္းယားက သူ႔ရဲ႕အသင္းေဟာင္းအေနနဲ႔ ဘုန္းေမာက္အသင္းရဲ႕ကြင္းလယ္လူ ရိုင္ယန္ ဖေရဇာကိုေခၚယူသင့္တယ္လို႔အၾကံေပးသြားခ့ဲပါတယ္။

ဖေရာဇဟာျပီးခ့ဲတ့ဲ(၂၀၁၈-၁၉)ေဘာလံုးရာသီမွာတုန္းက ဘုန္းေမာက္အသင္းနဲဲ႔အတူေျခစြမ္းျပႏိုင္ခ့ဲျပီးေတာ့၊ အသင္းအတြက္သြင္းဂိုး(၇)ဂိုးနဲ႔ ဂိုးဖန္တီးမႈ(၁၄)ၾကိမ္အထိျပဳလုပ္ေပးထားႏိုင္ခ့ဲတာပဲျဖစ္ပါတယ္။ ဖေရာဇာဟာ ကြင္းလယ္ကစာသမားတစ္ေယာက္ျဖစ္ျပီးေတာ့ ဂိ္ုးဖန္တီးႏိုင္မႈတကယ္ကိုေကာင္းမြန္တ့ဲကြင္းလယ္ကစားသမားတစ္ေယာက္ျဖစ္ပါတယ္။

ဖေရာဇာကိုေခၚယူဖို႔အသင္းၾကီးအခ်ိဳ႕ကမ်က္စိက်လ်က္ရွိေနတာျဖစ္ျပီး၊ ဒီထဲမွာအာဆင္နယ္အသင္းလည္း အပါအ၀င္ျဖစ္ေနတာျဖစ္ပါတယ္။ အသင္းရဲ႕ကစားသမားေဟာင္း၀ီရႈိင္းယားကေတာ့ဘုန္းေမာက္အသင္းမွာအတူကစားခ့ဲဖူးတ့ဲ ဖေရဇာကိုအရေခၚယူဖို႔အတြက္ အသင္းေဟာင္းကိုအခုလိုပဲတိုက္တြန္းသြားခ့ဲတာပဲျဖစ္ပါတယ္။ ၀ီရိႈင္းယားက ” သူက ကၽြန္ေတာ္နဲ႔အလုပ္တြဲလုပ္ဖူးသမ်ွ ကစားသမားေတြထဲမွာ အလုပ္အၾကိဳးစားဆံုးသူတစ္ေယာက္ပါ၊ အာဆင္နယ္အေနနဲ႔ သူ႔ကိုေခၚ

ယူႏိုင္ခ့ဲရင္တကယ္ကို ေကာင္းမြန္တ့ဲေခၚယူမႈတစ္ခုျဖစ္မွာပါ၊ ဖေရဇာလည္း အာဆင္နယ္ကိုသြားခ့ဲမယ္ဆိုရင္ သူ႔အေနနဲ႔ အေကာင္းဆံုးကစားသမားတစ္ေယာက္ျဖစ္လာျပီးေတာ့ ကမာၻေပၚမွာရွိတ့ဲ ကံေကာင္းျခင္ေတြအားလံုးကိုပိုင္ဆိုင္ႏိုင္ပါေစလို႔ ကၽြန္ေတာ္ဆုေတာင္းေပးပါတယ္ ” လို႔ ဂ်က္၀ီရိႈင္းယားက ေျပာၾကားသြားခ့ဲပါတယ္။

ဒီေႏြရာသီထဲမွာအေျပာင္းအေရႊ႕အသံုးစရိတ္ေပါင္(၄၅)သန္းနဲ႔ ကစားသမားအမ်ားအျပားေခၚယူဖို႔ပစ္မွတ္ထားေနတ့ဲ အာဆင္နယ္တို႔ ေစ်းကြက္ပိတ္ခ်ိန္မွာ ကစားသမားဘယ္ႏွစ္ေယာက္ကို ေခၚယူႏိုင္မလဲ ဆိုတာ ေစာင့္ၾကည့္သြားရမွာပဲျဖစ္ပါတယ္။

Sirေဇာ္ၾကီး@SportsGabar

unicode

အာဆင်နယ်ခေါ်ယူရမယ့်ကစားသမားကိုပြောပြလိုက်တဲ့ ဝီရှိုင်းယား

အာဆင်နယ်အသင်းရဲ့ကစားသမားဟောင်း ဂျက်ဝီရှိုင်းယားက သူ့ရဲ့အသင်းဟောင်းအနေနဲ့ ဘုန်းမောက်အသင်းရဲ့ကွင်းလယ်လူ ရိုင်ယန် ဖရေဇာကိုခေါ်ယူသင့်တယ်လို့အကြံပေးသွားခဲ့ပါတယ်။

ဖရောဇဟာပြီးခဲ့တဲ့(၂၀၁၈-၁၉)ဘောလုံးရာသီမှာတုန်းက ဘုန်းမောက်အသင်းနဲ့အတူခြေစွမ်းပြနိုင်ခဲ့ပြီးတော့၊ အသင်းအတွက်သွင်းဂိုး(၇)ဂိုးနဲ့ ဂိုးဖန်တီးမှု(၁၄)ကြိမ်အထိပြုလုပ်ပေးထားနိုင်ခဲ့တာပဲဖြစ်ပါတယ်။ ဖရောဇာဟာ ကွင်းလယ်ကစာသမားတစ်ယောက်ဖြစ်ပြီးတော့ ဂိုးဖန်တီးနိုင်မှုတကယ်ကိုကောင်းမွန်တဲ့ကွင်းလယ်ကစားသမားတစ်ယောက်ဖြစ်ပါတယ်။

ဖရောဇာကိုခေါ်ယူဖို့အသင်းကြီးအချို့ကမျက်စိကျလျက်ရှိနေတာဖြစ်ပြီး၊ ဒီထဲမှာအာဆင်နယ်အသင်းလည်း အပါအဝင်ဖြစ်နေတာဖြစ်ပါတယ်။ အသင်းရဲ့ကစားသမားဟောင်းဝီရှိုင်းယားကတော့ဘုန်းမောက်အသင်းမှာအတူကစားခဲ့ဖူးတဲ့ ဖရေဇာကိုအရခေါ်ယူဖို့အတွက် အသင်းဟောင်းကိုအခုလိုပဲတိုက်တွန်းသွားခဲ့တာပဲဖြစ်ပါတယ်။ ဝီရှိုင်းယားက ” သူက ကျွန်တော်နဲ့အလုပ်တွဲလုပ်ဖူးသမျှ ကစားသမားတွေထဲမှာ အလုပ်အကြိုးစားဆုံးသူတစ်ယောက်ပါ၊ အာဆင်နယ်အနေနဲ့ သူ့ကိုခေါ်

ယူနိုင်ခဲ့ရင်တကယ်ကို ကောင်းမွန်တဲ့ခေါ်ယူမှုတစ်ခုဖြစ်မှာပါ၊ ဖရေဇာလည်း အာဆင်နယ်ကိုသွားခဲ့မယ်ဆိုရင် သူ့အနေနဲ့ အကောင်းဆုံးကစားသမားတစ်ယောက်ဖြစ်လာပြီးတော့ ကမ္ဘာပေါ်မှာရှိတဲ့ ကံကောင်းခြင်တွေအားလုံးကိုပိုင်ဆိုင်နိုင်ပါစေလို့ ကျွန်တော်ဆုတောင်းပေးပါတယ် ” လို့ ဂျက်ဝီရှိုင်းယားက ပြောကြားသွားခဲ့ပါတယ်။

ဒီနွေရာသီထဲမှာအပြောင်းအရွှေ့အသုံးစရိတ်ပေါင်(၄၅)သန်းနဲ့ ကစားသမားအများအပြားခေါ်ယူဖို့ပစ်မှတ်ထားနေတဲ့ အာဆင်နယ်တို့ ဈေးကွက်ပိတ်ချိန်မှာ ကစားသမားဘယ်နှစ်ယောက်ကို ခေါ်ယူနိုင်မလဲ ဆိုတာ စောင့်ကြည့်သွားရမှာပဲဖြစ်ပါတယ်။

Sirဇော်ကြီး@SportsGabar