ပက္ဘ္လိုဆာရာဘီယာကို ပီအက္ဂ်ီလက္မွတ္ထိုးလိုက္ျပီ

ျပင္သစ္လီဂူးကလပ္ပီအက္ဂ်ီအသင္းဟာ စပိ္န္ကလပ္ဆီဗီလာကြင္းလယ္ကစားသမား ပက္ဘ္လိုဆာရာဘီယာကို လက္မွတ္ထိုးေခၚယူလိုက္ပါျပီ။ သူ႔ရဲ႕ေျပာင္းေရႊ႕ေၾကးကေတာ့ ယူရို(၁၈)သန္းျဖစ္တယ္လို႔သိရပါတယ္။

အသက္(၂၇)ႏွစ္အရြယ္ ကစားသမားဟာ စပိန္ေဘာလံုးေလာကမွာ ႏွစ္အတန္ၾကာျဖတ္သန္းခဲ့ျပီးတဲ့အေတြအၾကံဳရင့္ ကြင္းလယ္ကစားသမားတစ္ဦးလည္းျဖစ္ပါတယ္။ ဆာရာဘီယာဟာ ဆီဗီလာကိုမေရာက္ခင္ ဂီတာေဖးအသင္းမွာ (၅)ႏွစ္ၾကာကစားခဲ့တဲ့သူျဖစ္ျပီး၊ (၂၀၁၆)ခုႏွစ္မွာေတာ့ ဆီဗီလာကို ေျပာင္းေရႊ႕ခဲ့ပါတယ္။

သက္တမ္းအလိုက္ စပိိန္လက္ေရြးစင္ ယူ (၁၆)၊ (၁၇)၊ (၁၈)၊ (၁၉)နဲ႔ (၂၁) အသင္းေတြမွာလည္း ေရြးခ်ယ္ခံခဲ့ရတဲ့ ဆာရာဘီယာဟာ ႏိုင္ငံအသင္းအတြက္ စုစုေပါင္း (၇၄)ပြဲကစားထားခဲ့ျပီး၊ (၁၉)ဂိုးသြင္းယူထားႏိုင္ခဲ့ပါတယ္။

ဆာရာဘီယာဟာျပီးခဲ့တဲ့ရာသီတုန္းက ဆီဗီလာအတြက္ကစားခဲ့တဲ့ ပြဲေပါင္း (၄၆)ပြဲမွာ မိနစ္ေပါင္း (၃၁၇၃)မိနစ္အထိ ၀င္ေရာက္ကစားထားခဲ့ကာ (၁၆)ဂိုးသြင္းယူႏိုင္ခဲ့ျပီး၊ (၁၄)ၾကိမ္ ဂိုးဖန္တီးမႈျပဳလုပ္ႏိုင္ခဲ့ပါတယ္။ ျပီးခဲ့တဲ့ႏွစ္အတြင္း သူ႔ထက္ပိုျပီး စြမ္းေဆာင္ႏိုင္တဲ့ကစားသမား လာလီဂါမွာ သိပ္မရွိခဲ့ပါဘူး။

ဒါေၾကာင့္ ပီအက္စ္ဂ်ီနည္းျပ တူခ်ယ္က ဆာရာဘီယာရဲ႕ေျခစြမ္းကို သေဘာက်ႏွစ္ျခိဳက္ခဲ့ျပီး၊ ျပိဳင္ဘက္အသင္းေတြထက္ လက္ဦးမႈယူကာ အရေခၚယူသြားခဲ့တာျဖစ္ပါတယ္။ ပီအက္စ္ဂ်ီက ဆာရာဘီယာကို (၅)ႏွစ္သက္တမ္းရွိစာခ်ဳပ္တစ္ရပ္ ခ်ဳပ္ဆိုခဲ့တာေၾကာင့္ လာမယ့္(၂၀၂၄)ခုႏွစ္အထိ ျပင္သစ္မွာရွိေနေတာ့မွာလည္း ျဖစ္ပါတယ္။

လူညိဳေခ်ာ@SportsGabar

unicode

ပက်ဘ်လိုဆာရာဘီယာကို ပီအက်ဂျီလက်မှတ်ထိုးလိုက်ပြီ

ပြင်သစ်လီဂူးကလပ်ပီအက်ဂျီအသင်းဟာ စပိန်ကလပ်ဆီဗီလာကွင်းလယ်ကစားသမား ပက်ဘ်လိုဆာရာဘီယာကို လက်မှတ်ထိုးခေါ်ယူလိုက်ပါပြီ။ သူ့ရဲ့ပြောင်းရွှေ့ကြေးကတော့ ယူရို(၁၈)သန်းဖြစ်တယ်လို့သိရပါတယ်။

အသက်(၂၇)နှစ်အရွယ် ကစားသမားဟာ စပိန်ဘောလုံးလောကမှာ နှစ်အတန်ကြာဖြတ်သန်းခဲ့ပြီးတဲ့အတွေအကြုံရင့် ကွင်းလယ်ကစားသမားတစ်ဦးလည်းဖြစ်ပါတယ်။ ဆာရာဘီယာဟာ ဆီဗီလာကိုမရောက်ခင် ဂီတာဖေးအသင်းမှာ (၅)နှစ်ကြာကစားခဲ့တဲ့သူဖြစ်ပြီး၊ (၂၀၁၆)ခုနှစ်မှာတော့ ဆီဗီလာကို ပြောင်းရွှေ့ခဲ့ပါတယ်။

သက်တမ်းအလိုက် စပိန်လက်ရွေးစင် ယူ (၁၆)၊ (၁၇)၊ (၁၈)၊ (၁၉)နဲ့ (၂၁) အသင်းတွေမှာလည်း ရွေးချယ်ခံခဲ့ရတဲ့ ဆာရာဘီယာဟာ နိုင်ငံအသင်းအတွက် စုစုပေါင်း (၇၄)ပွဲကစားထားခဲ့ပြီး၊ (၁၉)ဂိုးသွင်းယူထားနိုင်ခဲ့ပါတယ်။

ဆာရာဘီယာဟာပြီးခဲ့တဲ့ရာသီတုန်းက ဆီဗီလာအတွက်ကစားခဲ့တဲ့ ပွဲပေါင်း (၄၆)ပွဲမှာ မိနစ်ပေါင်း (၃၁၇၃)မိနစ်အထိ ဝင်ရောက်ကစားထားခဲ့ကာ (၁၆)ဂိုးသွင်းယူနိုင်ခဲ့ပြီး၊ (၁၄)ကြိမ် ဂိုးဖန်တီးမှုပြုလုပ်နိုင်ခဲ့ပါတယ်။ ပြီးခဲ့တဲ့နှစ်အတွင်း သူ့ထက်ပိုပြီး စွမ်းဆောင်နိုင်တဲ့ကစားသမား လာလီဂါမှာ သိပ်မရှိခဲ့ပါဘူး။

ဒါကြောင့် ပီအက်စ်ဂျီနည်းပြ တူချယ်က ဆာရာဘီယာရဲ့ခြေစွမ်းကို သဘောကျနှစ်ခြိုက်ခဲ့ပြီး၊ ပြိုင်ဘက်အသင်းတွေထက် လက်ဦးမှုယူကာ အရခေါ်ယူသွားခဲ့တာဖြစ်ပါတယ်။ ပီအက်စ်ဂျီက ဆာရာဘီယာကို (၅)နှစ်သက်တမ်းရှိစာချုပ်တစ်ရပ် ချုပ်ဆိုခဲ့တာကြောင့် လာမယ့်(၂၀၂၄)ခုနှစ်အထိ ပြင်သစ်မှာရှိနေတော့မှာလည်း ဖြစ်ပါတယ်။

လူညိုချော@SportsGabar