ကိုဗာဆစ္ကို အပိုင္၀ယ္လိုက္တဲ့ ခ်ဲလ္ဆီး

ခ်ဲလ္ဆီးဟာ ျပီးခဲ့တဲ့ေဘာလံုးရာသီတုန္းက ရီးရဲလ္မက္ဒရစ္အသင္းထံကေန အငွားနဲ႔လာေရာက္ကစားေနတဲ့ ခရိုေအးရွားကြင္းလယ္လူ ကိုဗာဆစ္ကို အျပီးအပိုင္ ၀ယ္ယူလိုက္ျပီျဖစ္ပါတယ္။

အသက္(၁၈)ႏွစ္ေအာက္ ကစားသမားေတြကို အေရာင္းအ၀ယ္ျပဳလုပ္ခဲ့တယ္ဆိုတဲ့ စြဲခ်က္နဲ႔ အေျပာင္းအေရႊ႕ကာလ(၂)ခုအထိ ပိတ္ပင္ခံထားရတဲ့ခ်ဲလ္ဆီးဟာ ကစားသမားသစ္ေခၚယူခြင့္မရွိေပမဲ့ ရွိရင္းစြဲကစားသမားေတြကိုပဲ စာခ်ဳပ္သက္တမ္းတိုးမလား၊ အငွားလာေရာက္ကစားေနတဲ့ ကစားသမားေတြကိုပဲ သက္တမ္းထပ္တိုး၊ ဒါမွမဟုတ္ အပိုင္၀ယ္မလား ေရြးလို႔ရတဲ့ အခြင့္အေရးေတြေတာ့ ရွိေနပါတယ္။

ဒါေၾကာင့္ ခ်ဲလ္ဆီးက ဒီအခြင့္အေရးကို ေကာင္းေကာင္းအသံုးခ်လိုက္ျပီး၊ အငွားကစားသမားကိုဗာဆစ္ကို ေပါင္သန္း(၄၀)နဲ႔ အပိုင္၀ယ္ယူလိုက္တာျဖစ္ပါတယ္။ အသက္(၂၅)ႏွစ္အရြယ္သာရွိေသးတဲ့ ကိုဗာဆစ္အေနနဲ႔ ခ်ဲလ္ဆီးမွာ ကစားသမားမွတ္ပံုတင္ျပီးသားျဖစ္တာေၾကာင့္ ေနာက္ထပ္ မွတ္ပံုတင္ျပဳလုပ္စရာမလိုေတာ့ဘူးလို႔လည္းသိရပါတယ္။

နည္းျပမာရီယို ဆာရီက ကိုဗာဆစ္ကို အဂၤလန္ကြင္းလယ္လူ ဘာကေလေလာက္ ပြဲထြက္ခြင့္မေပးခဲ့ေပမဲ့လည္း ျပီးခဲ့တဲ့ရာသီက ကိုဗာဆစ္ဟာ ခ်ဲလ္ဆီးအတြက္ (၃၂)႔ပြဲအထိ ကစားခြင့္ရခဲ့သူျဖစ္ပါတယ္။

ျပီးခဲ့တဲ့ႏွစ္က ယူရိုပါလိဂ္ဖလားကို သိမ္းပိုက္ႏိုင္ခဲ့တဲ့ ကိုဗာဆစ္နဲ႔ခ်ဲလ္ဆီးတို႔ဟာ (၅)ႏွစ္စာခ်ဳပ္ ခ်ဳပ္ဆိုခဲ့တာျဖစ္လို႔ ဒီ ခရိုေအးရွားသားကို စတန္းဖို႔ဘရစ္မွာ လာမယ့္(၂၀၂၄)ခုႏွစ္အထိျမင္ေတြ႔ရဖို႔ ရွိပါတယ္။

လူညိဳေခ်ာ@SportsGabar

unicode

ကိုဗာဆစ်ကို အပိုင်ဝယ်လိုက်တဲ့ ချဲလ်ဆီး

ချဲလ်ဆီးဟာ ပြီးခဲ့တဲ့ဘောလုံးရာသီတုန်းက ရီးရဲလ်မက်ဒရစ်အသင်းထံကနေ အငှားနဲ့လာရောက်ကစားနေတဲ့ ခရိုအေးရှားကွင်းလယ်လူ ကိုဗာဆစ်ကို အပြီးအပိုင် ဝယ်ယူလိုက်ပြီဖြစ်ပါတယ်။

အသက်(၁၈)နှစ်အောက် ကစားသမားတွေကို အရောင်းအဝယ်ပြုလုပ်ခဲ့တယ်ဆိုတဲ့ စွဲချက်နဲ့ အပြောင်းအရွှေ့ကာလ(၂)ခုအထိ ပိတ်ပင်ခံထားရတဲ့ချဲလ်ဆီးဟာ ကစားသမားသစ်ခေါ်ယူခွင့်မရှိပေမဲ့ ရှိရင်းစွဲကစားသမားတွေကိုပဲ စာချုပ်သက်တမ်းတိုးမလား၊ အငှားလာရောက်ကစားနေတဲ့ ကစားသမားတွေကိုပဲ သက်တမ်းထပ်တိုး၊ ဒါမှမဟုတ် အပိုင်ဝယ်မလား ရွေးလို့ရတဲ့ အခွင့်အရေးတွေတော့ ရှိနေပါတယ်။

ဒါကြောင့် ချဲလ်ဆီးက ဒီအခွင့်အရေးကို ကောင်းကောင်းအသုံးချလိုက်ပြီး၊ အငှားကစားသမားကိုဗာဆစ်ကို ပေါင်သန်း(၄၀)နဲ့ အပိုင်ဝယ်ယူလိုက်တာဖြစ်ပါတယ်။ အသက်(၂၅)နှစ်အရွယ်သာရှိသေးတဲ့ ကိုဗာဆစ်အနေနဲ့ ချဲလ်ဆီးမှာ ကစားသမားမှတ်ပုံတင်ပြီးသားဖြစ်တာကြောင့် နောက်ထပ် မှတ်ပုံတင်ပြုလုပ်စရာမလိုတော့ဘူးလို့လည်းသိရပါတယ်။

နည်းပြမာရီယို ဆာရီက ကိုဗာဆစ်ကို အင်္ဂလန်ကွင်းလယ်လူ ဘာကလေလောက် ပွဲထွက်ခွင့်မပေးခဲ့ပေမဲ့လည်း ပြီးခဲ့တဲ့ရာသီက ကိုဗာဆစ်ဟာ ချဲလ်ဆီးအတွက် (၃၂)့ပွဲအထိ ကစားခွင့်ရခဲ့သူဖြစ်ပါတယ်။

ပြီးခဲ့တဲ့နှစ်က ယူရိုပါလိဂ်ဖလားကို သိမ်းပိုက်နိုင်ခဲ့တဲ့ ကိုဗာဆစ်နဲ့ချဲလ်ဆီးတို့ဟာ (၅)နှစ်စာချုပ် ချုပ်ဆိုခဲ့တာဖြစ်လို့ ဒီ ခရိုအေးရှားသားကို စတန်းဖို့ဘရစ်မှာ လာမယ့်(၂၀၂၄)ခုနှစ်အထိမြင်တွေ့ရဖို့ ရှိပါတယ်။

လူညိုချော@SportsGabar