ေပါင္(၄၅)သန္းတန္ လိုင္ယြန္ေနာက္ခံလူကို ရီးရဲလ္တို႔အရေခၚႏုိင္ဖို႔ ေျခလွမ္းသြက္ေန

လာလီဂါထိပ္သီး ရီးရဲလ္မက္ဒရစ္ကေတာ့ အေျပာင္းအေရႊ႕မွာ ေျခလွမ္းသြက္ေနတယ္လို႔ ဆိုရမွာပါပဲ။ ဖရန္႕ဖတ္တိုက္စစ္မွဴး လူကာဂ်ိဴဗစ္ကို အရေခၚယူႏိုင္ခဲ့ျပီျဖစ္သလို ဟာဇက္၊ အဲရစ္ဆင္တို႔လို ကမာၻ႕အဆင့္ ကစားသမားေတြအျပင္ ခ်ိတ္ဆက္မႈေတြ ျပဳလုပ္ေနတဲ့ ကစားသမားေတြနဲ႔ပါ အေျပာင္းအေရႊ႕က အလားအလာေကာင္းေနတယ္လို႔ ဆိုပါတယ္။

အခုလည္း စပိန္ကလာတဲ့ သတင္းေတြအရ အသင္းက ေခၚဖို႔ျပင္ဆင္ေနတဲ့ ေနာက္ခံလူ ဖာလန္မန္ဒီကို ကမ္းလွမ္းေငြ ေပါင္ (၄၅)သန္းနဲ႔ သေဘာတူညီခ်က္ရခဲ့ျပီလို ေ၀ေ၀ဆာဆာေဖာ္ျပေနပါတယ္။ အဆိုပါ လိုင္ယြန္ေနာက္ခံလူကို ေဆးစစ္မႈျပဳလုပ္ျပီးတာနဲ႔ ရီးရဲလ္နဲ႔ လိုင္ယြန္အသင္း တာ၀န္ရွိသူေတြက ေပါင္ (၄၅)သန္းနဲ႔ သေဘာတူခဲ့ျပီျဖစ္ေၾကာင္းကို ေၾကညာမယ္လို႔ သိရပါတယ္။

ဖာလန္မန္ဒီဟာ အသက္ (၂၃)ႏွစ္ပဲ ရွိေသးတဲ့အျပင္ လိုင္ယြန္အသင္း ရာသီကုန္မွာ အဆင့္ (၃)နဲ႔ ရပ္တည္ဖို႔ အဓိကက်တဲ့ ကစားသမားအေနနဲ႔ ပြဲထြက္ကစားခဲ့သူပါ။ ျပိဳင္ပြဲစံု (၃)ဂိုးသြင္း၊ (၃)ၾကိမ္ ပံ့ပိုးမႈနဲ႔ အသင္းကို အက်ိဳးျပဳထားတဲ့ မန္ဒီတစ္ေယာက္ ဘယ္ေနာက္ခံလူအေနနဲ႔ ရီးရဲလ္ကို ေရာက္လာဖို႔ အခ်ိန္မၾကာေတာ့ဘဲ ေဆးစစ္ဖို႔ပဲ လိုေတာ့တယ္လို႔ သတင္းေတြက ဆိုပါတယ္။

အေၾကာင္းကေတာ့ ကစားသမားရဲ႕ အဓိက ျပႆနာျဖစ္တဲ့ ဒဏ္ရာကိစၥဟာ ရီးရဲလ္ကို ဒုကၡေပးလာႏိုင္ျပီး၊ ေဆးစစ္မႈ က်ရံႈးရင္ အသင္းကို ေခၚယူဖို႔ ပ်က္ျပယ္သြားမွာပါ။ လိုင္ယြန္ကေတာ့ ေပါင္ (၄၅)သန္းနဲ႔ ကစားသမားကို လက္လႊတ္ဖို႔ ျပင္ဆင္ထားျပီး၊ မၾကာခင္မွာ တိက်တဲ့အေျဖတစ္ခုကို ႏွစ္သင္းလံုးေပးလိမ့္မယ္လို႔ ခန္႔မွန္းရပါတယ္။

ေရႊရင္ေအး@SportsGabar

Unicode

ပေါင်(၄၅)သန်းတန် လိုင်ယွန်နောက်ခံလူကို ရီးရဲလ်တို့အရခေါ်နိုင်ဖို့ ခြေလှမ်းသွက်နေ

လာလီဂါထိပ်သီး ရီးရဲလ်မက်ဒရစ်ကတော့ အပြောင်းအရွှေ့မှာ ခြေလှမ်းသွက်နေတယ်လို့ ဆိုရမှာပါပဲ။ ဖရန့်ဖတ်တိုက်စစ်မှူး လူကာဂျိူဗစ်ကို အရခေါ်ယူနိုင်ခဲ့ပြီဖြစ်သလို ဟာဇက်၊ အဲရစ်ဆင်တို့လို ကမ္ဘာ့အဆင့် ကစားသမားတွေအပြင် ချိတ်ဆက်မှုတွေ ပြုလုပ်နေတဲ့ ကစားသမားတွေနဲ့ပါ အပြောင်းအရွှေ့က အလားအလာကောင်းနေတယ်လို့ ဆိုပါတယ်။

အခုလည်း စပိန်ကလာတဲ့ သတင်းတွေအရ အသင်းက ခေါ်ဖို့ပြင်ဆင်နေတဲ့ နောက်ခံလူ ဖာလန်မန်ဒီကို ကမ်းလှမ်းငွေ ပေါင် (၄၅)သန်းနဲ့ သဘောတူညီချက်ရခဲ့ပြီလို ဝေေ၀ဆာဆာဖော်ပြနေပါတယ်။ အဆိုပါ လိုင်ယွန်နောက်ခံလူကို ဆေးစစ်မှုပြုလုပ်ပြီးတာနဲ့ ရီးရဲလ်နဲ့ လိုင်ယွန်အသင်း တာဝန်ရှိသူတွေက ပေါင် (၄၅)သန်းနဲ့ သဘောတူခဲ့ပြီဖြစ်ကြောင်းကို ကြေညာမယ်လို့ သိရပါတယ်။

ဖာလန်မန်ဒီဟာ အသက် (၂၃)နှစ်ပဲ ရှိသေးတဲ့အပြင် လိုင်ယွန်အသင်း ရာသီကုန်မှာ အဆင့် (၃)နဲ့ ရပ်တည်ဖို့ အဓိကကျတဲ့ ကစားသမားအနေနဲ့ ပွဲထွက်ကစားခဲ့သူပါ။ ပြိုင်ပွဲစုံ (၃)ဂိုးသွင်း၊ (၃)ကြိမ် ပံ့ပိုးမှုနဲ့ အသင်းကို အကျိုးပြုထားတဲ့ မန်ဒီတစ်ယောက် ဘယ်နောက်ခံလူအနေနဲ့ ရီးရဲလ်ကို ရောက်လာဖို့ အချိန်မကြာတော့ဘဲ ဆေးစစ်ဖို့ပဲ လိုတော့တယ်လို့ သတင်းတွေက ဆိုပါတယ်။

အကြောင်းကတော့ ကစားသမားရဲ့ အဓိက ပြဿနာဖြစ်တဲ့ ဒဏ်ရာကိစ္စဟာ ရီးရဲလ်ကို ဒုက္ခပေးလာနိုင်ပြီး၊ ဆေးစစ်မှု ကျရှုံးရင် အသင်းကို ခေါ်ယူဖို့ ပျက်ပြယ်သွားမှာပါ။ လိုင်ယွန်ကတော့ ပေါင် (၄၅)သန်းနဲ့ ကစားသမားကို လက်လွှတ်ဖို့ ပြင်ဆင်ထားပြီး၊ မကြာခင်မှာ တိကျတဲ့အဖြေတစ်ခုကို နှစ်သင်းလုံးပေးလိမ့်မယ်လို့ ခန့်မှန်းရပါတယ်။

ရွှေရင်အေး@SportsGabar