မိုရီႏို လီဗာပူးလ္ကို စြန္႔ခြာျပီ

လီဗာပူးလ္အသင္းရဲ႕ဘယ္ေနာက္ခံလူ အဲလ္ဘက္တို မိုရီႏိုကေတာ့ (၅)ႏွစ္ၾကာက်င္လည္ခဲ့တဲ့ အန္ဖီးလ္ေျမကို စြန္႔ခြာေတာ့မယ္လို႔ ႏႈတ္ဆက္စကားေျပာၾကား လိုက္ပါတယ္။

လြန္ခဲ့တဲ့ (၅)ႏွစ္တာကာလျဖစ္တဲ့ (၂၀၁၄)ခုႏွစ္တုန္းက ဆီဗီလာအသင္းကေန ေျပာင္းေရႊ႕လာခဲ့တဲ့ မိုရီႏိုဟာ လီဗာပူးလ္အတြက္ စုစုေပါင္း (၁၄၁)ပြဲကစားခဲ့ျပီး၊ (၃)ဂိုးသြင္းယူေပးထားသူပါ။ ေနာက္ပိုင္းႏွစ္ေတြအတြင္း သူ႔ရဲ႕ဘယ္ေနာက္ခံေနရာမွာ ေရာ္ဘက္ဆန္က နည္းျပကေလာ့အားကိုးရေလာက္တဲ့ ေျခစြမ္းေတြထုတ္ျပႏိုင္ခဲ့လို႔ မိုရီႏိုအေနနဲ႔ အန္ဖီးလ္မွာ ပံုမွန္ကစားခြင့္ေပ်ာက္ဆံုးခဲ့ပါတယ္။

ဒါေၾကာင့္ လီဗာပူးလ္အသင္းမွာ လူပိုလိုျဖစ္ေနတဲ့ မိုရီႏိုဟာ အသင္းကေနထြက္ခြာဖို႔ ဆံုးျဖတ္ခဲ့တာျဖစ္ျပီး၊ ဒါနဲ႔ပတ္သက္လို႔ သူက-

” ဘ၀ဆိုတာ စက္၀ိုင္းလိုပဲ လည္ပတ္ေနပါတယ္၊ ကြ်န္ေတာ္ခ်စ္ျမတ္ႏိုးရတဲ့ လီဗာပူးလ္အသင္းကို စြန္႔ခြာဖို႔ အခ်ိန္က်ေေရာက္လာခဲ့ပါျပီ၊ ကြ်န္ေတာ့္ကို ပိုေကာင္းတဲ့ ကစားသမား၊ ပိုေကာင္းတဲ့လူသားတစ္ေယာက္ျဖစ္လာေအာင္ ပ်ိဳးေထာင္ေပးခဲ့တာေတြအတြက္ အသင္းကို ေက်းဇူးတင္ပါတယ္ ”

” ဆိုးသည္ျဖစ္ေစ ေကာင္းသည္ျဖစ္ေစ ကြ်န္ေတာ့္ကို အျမဲတမ္း အားေပးခဲ့ၾကတဲ့ လီဗာပူးလ္ပရိသတ္ေတြကိုလည္း ေနာက္ဆံုးအေနနဲ႔ အထူးေက်းဇူးတင္ေၾကာင္း ေျပာၾကားလိုပါတယ္ ” လို႔ ႏႈတ္ဆက္သြားခဲ့တာပါ။

အသက္(၂၆)ႏွစ္အရြယ္သာရွိေသးတဲ့ မိုရီႏိုဟာ လက္ရွိမွာေတာ့ အသင္းလက္မဲ့ျဖစ္ေနျပီး၊ အနာဂတ္မွာ သူ႔ကိုခ်ိတ္ဆက္လာမယ့္ အသင္းတစ္သင္းကို ေစာင့္ေမွ်ာ္ေနပါတယ္။

လူညိဳေခ်ာ@SportsGabar

unicode

မိုရီနို လီဗာပူးလ်ကို စွန့်ခွာပြီ

လီဗာပူးလ်အသင်းရဲ့ဘယ်နောက်ခံလူ အဲလ်ဘက်တို မိုရီနိုကတော့ (၅)နှစ်ကြာကျင်လည်ခဲ့တဲ့ အန်ဖီးလ်မြေကို စွန့်ခွာတော့မယ်လို့ နှုတ်ဆက်စကားပြောကြား လိုက်ပါတယ်။

လွန်ခဲ့တဲ့ (၅)နှစ်တာကာလဖြစ်တဲ့ (၂၀၁၄)ခုနှစ်တုန်းက ဆီဗီလာအသင်းကနေ ပြောင်းရွှေ့လာခဲ့တဲ့ မိုရီနိုဟာ လီဗာပူးလ်အတွက် စုစုပေါင်း (၁၄၁)ပွဲကစားခဲ့ပြီး၊ (၃)ဂိုးသွင်းယူပေးထားသူပါ။ နောက်ပိုင်းနှစ်တွေအတွင်း သူ့ရဲ့ဘယ်နောက်ခံနေရာမှာ ရော်ဘက်ဆန်က နည်းပြကလော့အားကိုးရလောက်တဲ့ ခြေစွမ်းတွေထုတ်ပြနိုင်ခဲ့လို့ မိုရီနိုအနေနဲ့ အန်ဖီးလ်မှာ ပုံမှန်ကစားခွင့်ပျောက်ဆုံးခဲ့ပါတယ်။

ဒါကြောင့် လီဗာပူးလ်အသင်းမှာ လူပိုလိုဖြစ်နေတဲ့ မိုရီနိုဟာ အသင်းကနေထွက်ခွာဖို့ ဆုံးဖြတ်ခဲ့တာဖြစ်ပြီး၊ ဒါနဲ့ပတ်သက်လို့ သူက-

” ဘဝဆိုတာ စက်ဝိုင်းလိုပဲ လည်ပတ်နေပါတယ်၊ ကျွန်တော်ချစ်မြတ်နိုးရတဲ့ လီဗာပူးလ်အသင်းကို စွန့်ခွာဖို့ အချိန်ကျေရောက်လာခဲ့ပါပြီ၊ ကျွန်တော့်ကို ပိုကောင်းတဲ့ ကစားသမား၊ ပိုကောင်းတဲ့လူသားတစ်ယောက်ဖြစ်လာအောင် ပျိုးထောင်ပေးခဲ့တာတွေအတွက် အသင်းကို ကျေးဇူးတင်ပါတယ် ”

” ဆိုးသည်ဖြစ်စေ ကောင်းသည်ဖြစ်စေ ကျွန်တော့်ကို အမြဲတမ်း အားပေးခဲ့ကြတဲ့ လီဗာပူးလ်ပရိသတ်တွေကိုလည်း နောက်ဆုံးအနေနဲ့ အထူးကျေးဇူးတင်ကြောင်း ပြောကြားလိုပါတယ် ” လို့ နှုတ်ဆက်သွားခဲ့တာပါ။

အသက်(၂၆)နှစ်အရွယ်သာရှိသေးတဲ့ မိုရီနိုဟာ လက်ရှိမှာတော့ အသင်းလက်မဲ့ဖြစ်နေပြီး၊ အနာဂတ်မှာ သူ့ကိုချိတ်ဆက်လာမယ့် အသင်းတစ်သင်းကို စောင့်မျှော်နေပါတယ်။

လူညိုချော@SportsGabar