ေပါင္သန္း(၈၀)တန္ဇာဟာကို တစ္၀က္ေစ်းနဲ႔ေခၚယူဖို႔ၾကိဳးစားေနတ့ဲ အာဆင္နယ္

ပရီးမီးယားလိဂ္ျပိဳင္ဘက္အသင္းေတြက အေျပာင္းအေရႊ႕ေစ်းကြက္ထဲမွာေငြေၾကးအျမာက္အမ်ားသံုးျပီး၊ ထိပ္တန္းကစားသမားေတြကိုေခၚယူဖို႔ ၾကိဳးစားေနတ့ဲအခ်ိန္မွာ အာဆင္နယ္တို႔ကေတာ့ အေျပာင္းအေရႊ႕အသံုးစရိတ္ေပါင္(၄၅)သန္းနဲ႔ တိုင္ပတ္ေနတာျဖစ္ပါတယ္။

လက္ရွိမွာလည္း ခရစၥတယ္ပဲေလ့တိုက္စစ္မွဳး ဇာဟာကို ေပါင္သန္း(၄၀)နဲ႔ေခၚယူဖို႔ၾကိဳးစားေနတာျဖစ္ပါတယ္။ အာဆင္နယ္ဟာ လာမယ့္ရာသီမွာအသင္းရဲ႕တိုက္စစ္ပိုင္းကိုျဖည့္တင္းမႈေတြျပဳလုပ္ဖို႔အတြက္ ခရစၥတယ္ပဲေလ့တိုက္စစ္မွဴးဇာဟာကိုစိတ္၀င္စားမႈေတြရွိေနတာျဖစ္ျပီး၊ အာဆင္နယ္ရဲ႕ကမ္းလွမ္းမႈကို ခရစၥတယ္ပဲေလ့အသင္းဘက္ကလည္း ပယ္ခ်သြားခ့ဲတယ္လို႔သတင္းေတြအရသိရပါတယ္။

အခုလိုျငင္းပယ္သြားခ့ဲရတ့ဲအေၾကာင္းျပခ်က္ကေတာ့ ခရစၥတယ္ပဲေလ့အသင္းဟာ ဇာဟာအတြက္ေျပာင္းေရႊ႕ေၾကးကိုေပါင္သန္း(၈၀)သက္မွတ္ထားတာျဖစ္ျပီးေတာ့၊ ဇာဟာအတြက္ အာဆင္နယ္အသင္းကမ္းလွမ္းခ့ဲတ့ဲ ေျပာင္းေရႊ႕နဲ႔ဆိုရင္ တစ္၀က္ေတာင္ကြာဟေနတာျဖစ္ပါတယ္။ ဒါ့ေၾကာင့္ အာဆင္နယ္အသင္းရဲ႕ကမ္းလွမ္းခ်က္ဟာ ခရစၥတယ္ပဲေလ့အတြက္ဘယ္လိုမွလက္သင့္ခံႏိုင္စရာမရွိတာလည္းျဖစ္ပါတယ္။

သို႔ေသာ္လည္း အာဆင္နယ္ဘက္ကေတာ့ ဇာဟာကို ေပါင္သန္း(၄၀)နဲ႔ေခၚယူႏိုင္ဖို႔ ယံုၾကည္မႈအျပည့္ရွိေနတယ္လို႔သတင္းေတြအရသိရပါတယ္။ ကစားသမားကိုယ္တိုင္ကလည္း အာဆင္နယ္ကိုေျပာင္းေရႊ႕ဖိုအလိုရွိေနတ့ဲအခ်က္ကေတာ့ ေငြအမ်ားၾကီးသံုးမွာမဟုတ္တ့ဲ အာဆင္နယ္အတြက္ေတာ့ ေကာင္းမြန္တ့ဲေမ်ွာ္လင့္ခ်က္တစ္ခုလည္းျဖစ္ေနပါတယ္။

ဒါေပမ့ဲ အာဆင္နယ္အတြက္ စိုးရိမ္စရာတစ္ခုက ဇာဟာကိုေခၚယူဖို႔အတြက္ မန္ယူႏိုက္တက္ကလည္ စိတ္၀င္စားေနတာျဖစ္ျပီးေတာ့၊ မန္ယူႏိုက္တက္ဟာ ဇာဟာအတြက္ ေျပာင္းေရႊ႕ေၾကးကို ခရစၥတယ္ပဲေလ့ဘက္ကေတာင္းဆိုတ့ဲအေနအထားတစ္ရပ္အတိုင္းေပးေခ်သြားဖို႔ရွိေနတာျဖစ္ပါတယ္။ ဒါ့ေၾကာင့္ အာဆင္နယ္အေနနဲ႔ ဘယ္လိုအကြက္ေတြသံုးျပီး၊ ဇာဟာကို မန္ယူႏိုက္တက္ထက္လက္ဦးမႈရယူကာ ေခၚယူသြားႏိုင္မလားဆိုတာ ေစာင့္ၾကည့္သြားရမွာပဲျဖစ္ပါတယ္။

Sirေဇာ္ၾကီး@SportsGabar

unicode

ပေါင်သန်း(၈၀)တန်ဇာဟာကို တစ်ဝက်ဈေးနဲ့ခေါ်ယူမယ့်အာဆင်နယ်ရဲ့အကွက်သစ်

ပရီးမီးယားလိဂ်ပြိုင်ဘက်အသင်းတွေက အပြောင်းအရွှေ့ဈေးကွက်ထဲမှာငွေကြေးအမြာက်အများသုံးပြီး၊ ထိပ်တန်းကစားသမားတွေကိုခေါ်ယူဖို့ ကြိုးစားနေတဲ့အချိန်မှာ အာဆင်နယ်တို့ကတော့ အပြောင်းအရွှေ့အသုံးစရိတ်ပေါင်(၄၅)သန်းနဲ့ တိုင်ပတ်နေတာဖြစ်ပါတယ်။

လက်ရှိမှာလည်း ခရစ္စတယ်ပဲလေ့တိုက်စစ်မှုး ဇာဟာကို ပေါင်သန်း(၄၀)နဲ့ခေါ်ယူဖို့ကြိုးစားနေတာဖြစ်ပါတယ်။ အာဆင်နယ်ဟာ လာမယ့်ရာသီမှာအသင်းရဲ့တိုက်စစ်ပိုင်းကိုဖြည့်တင်းမှုတွေပြုလုပ်ဖို့အတွက် ခရစ္စတယ်ပဲလေ့တိုက်စစ်မှူးဇာဟာကိုစိတ်ဝင်စားမှုတွေရှိနေတာဖြစ်ပြီး၊ အာဆင်နယ်ရဲ့ကမ်းလှမ်းမှုကို ခရစ္စတယ်ပဲလေ့အသင်းဘက်ကလည်း ပယ်ချသွားခဲ့တယ်လို့သတင်းတွေအရသိရပါတယ်။

အခုလိုငြင်းပယ်သွားခဲ့ရတဲ့အကြောင်းပြချက်ကတော့ ခရစ္စတယ်ပဲလေ့အသင်းဟာ ဇာဟာအတွက်ပြောင်းရွှေ့ကြေးကိုပေါင်သန်း(၈၀)သက်မှတ်ထားတာဖြစ်ပြီးတော့၊ ဇာဟာအတွက် အာဆင်နယ်အသင်းကမ်းလှမ်းခဲ့တဲ့ ပြောင်းရွှေ့နဲ့ဆိုရင် တစ်ဝက်တောင်ကွာဟနေတာဖြစ်ပါတယ်။ ဒါ့ကြောင့် အာဆင်နယ်အသင်းရဲ့ကမ်းလှမ်းချက်ဟာ ခရစ္စတယ်ပဲလေ့အတွက်ဘယ်လိုမှလက်သင့်ခံနိုင်စရာမရှိတာလည်းဖြစ်ပါတယ်။

သို့သော်လည်း အာဆင်နယ်ဘက်ကတော့ ဇာဟာကို ပေါင်သန်း(၄၀)နဲ့ခေါ်ယူနိုင်ဖို့ ယုံကြည်မှုအပြည့်ရှိနေတယ်လို့သတင်းတွေအရသိရပါတယ်။ ကစားသမားကိုယ်တိုင်ကလည်း အာဆင်နယ်ကိုပြောင်းရွှေ့ဖိုအလိုရှိနေတဲ့အချက်ကတော့ ငွေအများကြီးသုံးမှာမဟုတ်တဲ့ အာဆင်နယ်အတွက်တော့ ကောင်းမွန်တဲ့မျှော်လင့်ချက်တစ်ခုလည်းဖြစ်နေပါတယ်။

ဒါပေမဲ့ အာဆင်နယ်အတွက် စိုးရိမ်စရာတစ်ခုက ဇာဟာကိုခေါ်ယူဖို့အတွက် မန်ယူနိုက်တက်ကလည် စိတ်ဝင်စားနေတာဖြစ်ပြီးတော့၊ မန်ယူနိုက်တက်ဟာ ဇာဟာအတွက် ပြောင်းရွှေ့ကြေးကို ခရစ္စတယ်ပဲလေ့ဘက်ကတောင်းဆိုတဲ့အနေအထားတစ်ရပ်အတိုင်းပေးချေသွားဖို့ရှိနေတာဖြစ်ပါတယ်။ ဒါ့ကြောင့် အာဆင်နယ်အနေနဲ့ ဘယ်လိုအကွက်တွေသုံးပြီး၊ ဇာဟာကို မန်ယူနိုက်တက်ထက်လက်ဦးမှုရယူကာ ခေါ်ယူသွားနိုင်မလားဆိုတာ စောင့်ကြည့်သွားရမှာပဲဖြစ်ပါတယ်။

Sirဇော်ကြီး@SportsGabar